Part 130

1.4K 190 8
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 130

နေ့လည်ခင်း၌ ရှန်းကူရန်သည် အိမ်ရှေ့စံမင်းသားအိမ်တော်သို့ ထွက်လာခဲ့သည်။ သူခြံဝန်းထဲသို့ရောက်သောအခါ ခြံဝန်းထဲတွင်ထိုင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။

“မင်းသခင်လေးဘာလုပ်နေတာလဲ”

ရှန်းကူရန်က စန်းရှီအား မေးလိုက်သည်။

“မင်းသားကိုလျှောက်တင်ပါတယ်၊ သခင်လေးက သူခံစားနေတာလို့ပြောပါတယ်”

စန်းရှီက လင်းကျဲ့၏ မူရင်းအဖြေကိုပြောပြလိုက်သည်။

“ခံစားတယ်၊ ဘာခံစားတာလဲ”

ရှန်းကူရန် နားမလည်ပေ။

“အချစ်နာရောဂါရဲ့ခါးသီးမှု၊ ပြီးတော့ အလွမ်းပါတဲ့ မင်းသား”

စန်းရှီက သူ့သခင်လေးကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ သခင်လေးသည် အရင်က အရူးဖြစ်ခဲ့သော်လည်း ယခုမူ ပိုပြီးတုံးအလေသည်။ ထိုစကားကို ကြားသည်နှင့် ရှန်းကူရန်က ရယ်မောပြီးနောက် စန်းရှီအား လက်ရမ်းပြလိုက်သည်။

“ဟုတ်ပြီ၊ မင်းသွားတော့၊ ငါမင်းသခင်လေးဆီသွားလိုက်ဦးမယ်”

“ကျေးဇူးတင်ပါတယ်မင်းသား”

စန်းရှီက ပြောပြီးထွက်ခွာသွားသည်။ ရှန်းကူရန်သည် လည်ချောင်းရှင်းလိုက်ပြီးနောက် ယပ်တောင်အား အသံမြည်အောင်ဖြန့်လိုက်ပြီး လင်းကျဲ့ဆီသို့ သွားလိုက်သည်။ ရှန်းကူရန်က လင်းကျဲ့ရှေ့တွင်ရပ်လိုက်သော်လည်း လင်းကျဲ့၏မျက်နှာသည် ရှန်းကူရန်အား မမြင်မိသကဲ့သို့ အမူ အရာကင်းမဲ့နေသည်။

“ဘာကြောင့်လဲ၊ စိတ်ဝိညာဉ်ပျောက်ဆုံးနေသလိုပါ့လား”

ရှန်းကူရန်သည် ယပ်တောင်အား လင်းကျဲ့ရှေ့တွင် လှုပ်ရမ်းလိုက်သည်။ လင်းကျဲ့က တုန့်ပြန်လာသည်။

“မင်းဘယ်လိုရောက်လာတာလဲ”

“မင်းအခုမှငါ့ကို သတိထားမိတာလား”

ရှန်းကူရန်က အော်ပြီးနောက် လင်းကျဲ့၏မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now