part 41

3K 349 0
                                    

unicode

Chapter 41

“တကယ်လို့ ကျွန်တော်က မဟုတ်ဘူးပြောရင်၊ မဟုတ်ဘူးပေါ့”

လင်းကျဲ့သည် ရှန်းချင်းဟန် တစ်ဝက်ခန့် ရေးသားပြီးဖြစ်သော စာရွက်ဖြူပေါ်သို့ လက်ဖဝါးဖြင့် ရိုက်လိုက်သောကြောင့် ခေတ္တမျှရပ်တန့်လိုက်ပြီး အလိုမကျမှုကြောင့် မျက်မှောင်ကြုတ်သွားသည်။

“ကောင်းပြီလေ၊ ဆေးသောက်လိုက်”

လင်းကျဲ့သည် ဆေးပန်းကန်ကို ရှန်းချင်းဟန်၏ရှေ့သို့ တိုးပေးလိုက်သည်။

“မသောက်ဘူး”

ရှန်းချင်းဟန်သည် ခေါင်းကို မော့၍ပင်မကြည့်ပေ။

“အိုး” “ဘာကြောင့်လဲ”

လင်းကျဲ့က ခါးကိုကိုင်းလိုက်ပြီး ရှန်းချင်းဟန်ကို စိုက်ကြည့်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။

“ဖြစ်နိုင်တာက အခက်အခဲတွေကို ကြောက်နေလို့လား”

ရှန်းချင်းဟန်၏အမူအရာမှာ ပြောင်းလဲမှုမရှိဘဲ ပြောသည်။

“ငါက နေကောင်းပြီဖြစ်တဲ့အတွက် ဘာကြောင့် ဆေးသောက်နေရဦးမှာလဲ”

“မငြင်းပါနဲ့၊ ခင်ဗျားက ခံစားရမှာကို ကြောက်နေတာမလား”

“ဟွန့်” လင်းကျဲ့က နှာမှုတ်ရင်း ရယ်လိုက်သည်။ ရှန်းချင်းဟန်ကို မျက်လုံးထောင့်မှ ကြည့်၍ ပြောသည်။
“ခင်ဗျားလို ဂုဏ်သိက္ခာကြီးမားတဲ့ အိမ်ရှေ့စံမင်းသားက အခက်အခဲတွေကို ကြောက်လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ ထင်မထားဘူး၊ အကယ်၍ ဒီသတင်းသာ ပြန့်သွားမယ်ဆိုရင် လူဘယ်လောက်များများက ခင်ဗျားကို ကျိတ်ပြီး ရယ်မောနေမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ”

ထိုစကားကို ကြားသောအခါ ရှန်ချင်းဟန်၏ လှုပ်ရှားမှုများမှ ရပ်တန့်သွားပြီး သူ၏နဖူးပေါ်ရှိ သွေးကြောများမှာ ဖောင်းလာသည်။

“ခင်ဗျားတစ်ခုခု လိုချင်သလား၊ အကယ်၍ ခင်ဗျား မလိုတော့ဘူးဆိုရင် ကျွန်တော် အပြင်သွားပြီး အိမ်ရှေ့စံမင်းသားက ဆေးသောက်ရမှာကို အကြောက်ဆုံးပါဆိုတဲ့ သတင်းကို သွားဖြန့်မလို့”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now