part 69

1.9K 237 4
                                    

Unicode

အခန်း - ၆၉

ရှန်းချင်းဟန်သည် နောက်ထပ် နားထောင်နိုင်စွမ်းမရှိပေ။  သူသည်စုတ်တံအား ချ၍ ခေါင်းမော့ကာ လင်းကျဲ့၏ မျက်လုံးများအား ကြည့်လိုက်သည်။  ရုတ်တရက် လင်းကျဲ့၏ခန္ဓာကိုယ်တောင့်တင်းသွားသည်ကို မြင်သောအခါ သူပြောမည့်စကားများကို မြိုချလိုက်သည်။
“သွားမယ်”
ရှန်းချင်းဟန်သည် အချိန်မဆွဲတော့ဘဲ မတ်တတ်ရပ်၍ လင်းကျဲ့အား ဆွဲခေါ်သွားသည်။
“ဘယ်ကို သွားနေတာလဲ”
လင်းကျဲ့သည် ခဏမျှ လန့်ဖျပ်သွားသည်။
“စားဖို့”
ရှန်းချင်းဟန်က ပြောသည်။
“ခင်ဗျားစားရမှာလေ၊ ဘာလို့ ကျွန်တော့်ကို ဆွဲခေါ်နေတာလဲ”
လင်းကျဲ့သည် ရေရွတ်လိုက်ရုံမှအပ မတတ်နိုင်ချေ။
တောတွင်းဓါးပြကို ဆွဲခေါ်လျက် ရှန်းချင်းဟန်သည် ရှည်လျားသောစင်္ကြန်လမ်းကို လျင်မြန်စွာ ဖြတ်လျှောက်လာ ခဲ့သည်။  မီးအိမ်မှအလင်းရောင်သည် ငြိမ်သက်နေပြီး လရောင်ဝင်ရောက်ခြင်းမရှိပေ။  စင်္ကြန်လမ်းတလျှောက် သည် အလင်းရောင် မှိန်ဖျော့ဖျော့သာရှိ၍ မှောင်မိုက်နေသည်။  စင်္ကြန်လမ်းမှထွက်လိုက်သောအခါ လရောင်သည် ဖြာကျလာပြီး ရှန်းချင်းဟန်၏မျက်လုံးများသည် အလင်းရောင်၏ထိတွေ့မှုကြောင့် ရုတ်တရက် မမြင်နိုင်ဖြစ်သွား သည်။
ရှန်းချင်းဟန်က သူသည် မျိုးဆက်ပေါင်းများစွာ ဗီလိန်ဖြစ်ခဲ့သည် ဗီလိန်တစ်ယောက်ဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။  သူသည် ဤဘဝတွင် လင်းကျဲ့နှင့် တွေ့လိမ့်မည်။  သူသည် ဒေါသဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ် တစ်ခြမ်းသေ သွားသည်။  သူသည် ခွင့်ပြုချက်မရှိသော်လည်း သူ၏ဘဝထဲသို့ တစ်ကြိမ်ပြီးတစ်ကြိမ် ကျူးကျော်ဝင်ရောက်လာ ပြီး အရာအားလုံးအားရှုပ်ထွေးသွားစေသည်။
ရှန်းချင်းဟန်၏သင်ကြားမှု သုံးရက်ပြီးစီးပြီးနောက် လင်းကျဲ့သည် အခွင့်အရေးကို သိမ်းပိုက်လိုက်နိုင်သည်။
ရှန်ချင်းဟန်သည် နန်းတွင်းသို့ဝင်ရမည်ဖြစ်သည်။
မနက်စောစောတွင် ရှန်းချင်းဟန်သည် လင်းကျဲ့အား ကြိုးစား၍ စာလေ့လာရန် ညွှန်ကြားခဲ့သည်။  လင်းကျဲ့သည် ပျော်ရွှင်မှုများနှင့် ပြည့်နေသည်။  သို့သော် ရှန်းချင်းဟန်သည် အိမ်ရှေ့စံမင်းသားအိမ်တော်မှ ထွက်သွားသည်နှင့် လင်းကျဲ့သည် လူများအားလုံးလွတ်လပ်သွားသည်ဟု ထင်မြင်မိသည်။
လင်းကျဲ့သည် အိမ်အပြင်သို့ ခိုးထွက်ကစားချင်နေသည်။  သူတစ်ယောက်တည်းအတွက် မဖြစ်နိုင်သောကြောင့် စန်းရှီကို အကူအညီတောင်းရသည်။
“မရဘူး၊ မင်းသားသိသွားရင် ကျွန်တော်မျိုးဘယ်လိုလုပ်ရမလဲ”
စန်းရှီသည် ချိန်သီးကဲ့သို့ ခေါင်းရမ်းပြသည်။
“မစိုးရိမ်ပါနဲ့၊ ရှန်းချင်းဟန်က နန်းတွင်းဝင်သွားတယ်၊ ခဏနဲ့ပြန်မရောက်နိုင်ပါဘူး။  ခဏလေးပဲ အပြင်ထွက်မယ် လေ၊ ဘယ်လိုလဲ”
လင်းကျဲ့က ပြုံးပြလိုက်သည်။
“ဒါက……”
စန်းရှီသည် ဝေခွဲမရဖြစ်သွားသည်။
“နောက်ထပ်ဘာရှိသေးလဲ၊ မင်းအပြင်ထွက်ပြီး ကစားရခဲတယ်မလား”
လင်းကျဲ့သည် လက်အား စန်းရှီ၏ပုခုံးပေါ်တွင်တင်လိုက်ပြီး အပြုံးနှင့် ပြောသည်။
“ဒါကြောင့် ပြင်ပလောကက ဘယ်လောက်အံ့သြစရာကောင်းလဲဆိုတာ မင်းမသိတာ”
စန်းရှီသည် ခံစားသွားရသော်လည်း တွေဝေနေဆဲဖြစ်ပြီး အချိန်အတော်ကြာပြီးနောက်တွင် စန်းရှီသည် ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်မျိုးနားလည်ပါပြီ၊ အပြင်ထွက်ဖို့အတွက် ကျွန်တော်မျိုး ပြင်ဆင်ထားလိုက်ပါ့မယ်”
ထို့နှင့် စန်းရှီသည် ပြင်ဆင်ရန် ထွက်သွားသည်။
“သခင်လေးဝတ်ဖို့အတွက် အစေခံအဝတ်အစားတွေ ယူခဲ့ပါ့မယ်”
စန်းရှီသည် လင်းကျဲ့အတွက် ဝတ်စုံတစ်စုံယူခဲ့သည်။
“ဟုတ်ပြီ၊ ငါလိုချင်တာ အဲ့ဒါပဲ”
လင်းကျဲ့သည် ပြုံး၍ အဝတ်အစားများကို ချက်ချင်းလဲလှယ်လိုက်သည်။  ထို့နောက် လင်းကျဲ့သည် အစေခံ အယောင်ဆောင်၍ စန်းရှီ၏နောက်မှလိုက်ကာ မင်းသားနန်းတော်မှ ထွက်လာခဲ့သည်။  ကံကောင်းထောက်မစွာ ဖြင့် လင်းကျဲ့အား မည်သူမှ သံသယမဝင်သောကြောင့် အစောင့်များသည် အာရုံမစိုက်ကြပေ။
“နောက်ဆုံးတော့ အပြင်ထွက်လာနိုင်ခဲ့ပြီ”
လင်းကျဲ့သည် လတ်ဆတ်သောလေအား ရှူရှိုက်လိုက်သည်။
“သခင်လေး အရင်ဆုံး အဝတ်တွေလဲလိုက်ပါ”
စန်းရှီသည် လင်းကျဲ့အတွက် သန့်ရှင်းသောအဝတ်အစားများကို ယူဆောင်လာခဲ့သည်။
လင်းကျဲ့သည် လမ်းကြားတွင် အဝတ်အစားများလဲ၍ ထွက်လာသည်။
သူသည် ကြည်လင်သောအပြာရောင်ဝတ်စုံအား ဝတ်ဆင်ထားပြီး ရှည်လျားသောဆံပင်များအား စည်းနှောင်ထား ကာ လှပသော မျက်လုံး၊မျက်ခုံးများနှင့် တင့်တယ်နေသည်။  သူသည် လှပသောယောက်ျားလေးမဟုတ်သော် လည်း လင်းကျဲ့သည် အခြားသောလူများ၏အာရုံကို ဆွဲဆောင်ရန် လုံလောက်သည်။

“စန်းရှီ မင်းဘယ်သွားချင်လဲ”
လင်းကျဲ့သည် စန်းရှီ၏ပုခုံးအား ပုတ်၍ အပြုံးနှင့်မေးလိုက်သည်။
“ကျွန်တော်မျိုး သွားချင်တဲ့နေရာမရှိပါဘူး”
စန်းရှီသည် ခေါင်းရမ်းပြသည်။
“ဒါဆို ငါ မင်းကို အရသာရှိတာတွေစားဖို့ ခေါ်သွားမယ်”
လင်းကျဲ့သည် စားသောက်ရန်အတွက် စန်းရှီအား မြို့တော်၏အကျော်ကြားဆုံးစားသောက်ဆိုင်များထဲမှ တစ်ဆိုင်သို့ ခေါ်သွားသည်။
စားသောက်ပြီးနောက် လင်းကျဲ့နှင့် စန်းရှီသည် လမ်းပေါ်တွင် လျှောက်သွားကြပြန်သည်။
သူတို့သည် အလွန်ပျော်ရွှင်နေကြသည်။
စားသောက်၍ လုံလောက်သွားသောအခါ လင်းကျဲ့နှင့် စန်းရှီသည် အိမ်သို့ပြန်လာခဲ့ကြသည်။
“စောစောပြန်တာကောင်းတယ်၊ ဒါမှမဟုတ်ရင် ရှန်းချင်းဟန်သိသွားပြီး ဒုက္ခရောက်လိမ့်မယ်”
လင်းကျဲ့သည် မေးစေ့အား ကိုင်၍ ခေတ္တမျှတိတ်ဆိတ်သွားသည်။
စန်းရှီသည် အလွန်အံ့သြသွားသည်။  ယခင်က သူ၏သခင်လေးသည် အိမ်ရှေ့စံမင်းသားနန်းတော်မှ ထွက်သွားနိုင်ရန် အတွက် နေ့နေ့ညညအော်နေခဲ့သည်။  စောစောပြန်ရန်အတွက် သူသည်မည်ကဲ့သို့ သိနိုင်သနည်း။
သို့သော် စန်းရှီသည် တွေးရုံသာတွေးလိုက်ပြီး ထုတ်မပြောဝံ့ပေ။  သူသည်ခေါင်းညိတ်ပြီး
“ဟုတ်ကဲ့၊ ကျွန်တော်လည်း ပြန်ဖို့အချိန်ရောက်ပြီလို့ ထင်ပါတယ်”
“ဒါဆို ငါတို့နန်းတော်ကိုပြန်ကြတာပေါ့”
လင်းကျဲ့သည် အပြင်ထွက်လည်ရသည်ကို ကျေနပ်သွားသည်။  သူသည် မည်သည့်ပြဿနာမှ မရှာခဲ့ပေ။  ထို့နောက် သူသည် မင်းသား၏နန်းတော်သို့ လျှောက်လာခဲ့သည်။
သူသည် လမ်းတစ်ဝက်သို့ ရောက်သောအခါ မလှမ်းမကမ်းမှ ကျယ်လောင်သောဆူညံသံများ ထွက်ပေါ်လာသည်။  လင်းကျဲ့သည် ရပ်တန့်လိုက်ပြီး အပြင်ဘက်ရှိလူများအား ကြည့်လိုက်သည်။ “သခင်လေး၊ ဘာထူးလို့လဲ”
စန်းရှီသည်လည်း ကြည့်ချင်သွားသည်။
“ငါမသိဘူး၊ သွားပြီးကြည့်ရအောင်”
လင်းကျဲ့က ပြောလိုက်ပြီး သွားရန်အတွက် ခြေထောက်ပြင်လိုက်သည်။ စန်းရှီသည်လည်း ခေါင်းညိတ်၍ နောက်မှလိုက်သွားသည်။ “ကျင်းသခင်လေး၊ ကျေးဇူးပြုပြီး မလုပ်ပါနဲ့၊ ကျွန်မ ဒီမီးအိမ်တွေကို ရောင်းပြီးရလာတဲ့ ပိုက်ဆံက အိမ်မှာစောင့်နေတဲ့ နေမကောင်းဖြစ်နေတဲ့ အဖေအတွက်ပါ”
သူတို့သည် နီးကပ်လာသောအခါ လူအုပ်ကြားထဲမှ မြင်လိုက်ရသည်။  မြေကွက်တစ်ခုရှေ့တွင် ပိတ်စပြောင်အား ဝတ်ဆင်ထားသောလှပသည့်မိန်းကလေးတစ်ဦးသည် မျက်ရည်များဝဲကာ ငိုနေသည်။  သူမသည် မြေပြင်ပေါ်တွင် ဒူးထောက်၍ ဗိုက်ပူ၍ အဆီပြန်သောမျက်နှာနှင့် လူကြီးတစ်ယောက်အား တောင်းပန်နေသည်။  မနီးမဝေးတွင် ကျိုးကြေနေသောဆိုင်လေးရှိနေသည်။  ချည်နှောင်ချိတ်ဆွဲထားသော မီးပုံးများကို အခြွေအရံနှစ်ယောက်သည် ခြေထောက်များနှင့် နင်း၍ ဖျက်ဆီးနေသည်။  ပျက်ဆီးသွားသော မီးပုံးများသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
နီးကပ်လာသောအခါတွင် လူအုပ်ကြားမှ မြင်နေရပါသည်။ 
“ကောင်းပြီလေ၊ အရင်က မင်းငါ့ကို လက်ထပ်ဖို့ ကတိပေးခဲ့တယ်လေ၊ ဒီကျိုးပဲ့နေတဲ့မီးပုံးတွေ အကြောင်းမပြောနဲ့၊ ငါ ပိုက်ဆံကို မင်းအလိုရှိသလောက် ပေးမယ်၊ အဲ့ဒါဆို မင်းအဖေကို ကယ်နိုင်ပြီမဟုတ်ဘူးလား”
ထိုလူဝကြီးသည် သစ်တော်ပန်းပွင့်များနှင့် မိုးရေများဖြင့် ငိုကြွေးနေသောမိန်းကလေးအားကြည့်၍ ရွံ့ရှာဖွယ် ရယ်မောလိုက်သည်။
“ကောင်းရော၊ ဒီ Jindaluoက သူကြိုက်တာမှန်သမျှလုပ်နေတာပဲ၊ ဘာကြောင့်လဲဆိုတော့ သူ့ဦးလေးက ကျင်ယုနဲ့ ကျင်တိုင်ဝေလေ၊ သူက သူများမိန်းမတွေကို သုံးလေးကြိမ်လုယက်နေတာ၊ ဒါက ကမ္ဘာမှာ ကျဆင်းနေ တဲ့ ခေတ်ရေစီးကြောင်းပဲ၊ ငါတော့ ဒီမိန်းကလေးထပ်ပြီးဒုက္ခရောက်မှာ စိုးရိမ်မိတယ်”
ထိုစကားအား ကြားသောအခါ လင်းကျဲ့၏ မျက်ခုံးများမှာ မြင့်တက်သွားပြီး အံကြိတ်ကာပြောလိုက်သည်။
“ဒါကမုန်းစရာပဲ”
စန်းရှီက နားထောင်နေသည်။
“သခင်လေး၊ ဒီကိစ္စမှာ ဝင်မစွက်ဖက်ချင်ပါဘူးနော်”
“မုန်းစရာကောင်းလွန်းတယ်”
လင်းကျဲ့သည် စိတ်ဆိုးလွန်း၍ စန်းရှီ၏စကားများပင် မကြားနိုင်တော့ပေ။  သူသည် အင်္ကျီလက်အား မတင်ပြီး ပြောလိုက်သည်။
“ဒီမှာ အလှတရားနည်းနည်းရှိတယ်လို့ ငါပြောခဲ့တယ်နော်၊ အဲ့ဒီအလှတရားကို ဝက်တွေက ခိုးနေတာပဲ၊ မရဘူး၊ ငါသည်းမခံနိုင်ဘူး”
စန်းရှီသည် နှုတ်ခမ်းထောင့်စွန်းမှ လေများမှုတ်ထုတ်လိုက်သည်။  သူ့သခင်လေးက ဒါ့ကြောင့်စိတ်ဆိုးနေတာလား
“သခင်လေး၊ ကျွန်တော်တို့ပြန်လိုက်တာကောင်းမယ်၊ နောက်ကျနေပြီ”
စန်းရှီက သက်ပြင်းချလိုက်သည်။
“မင်း အရင်ပြန်နှင့်လိုက်”
သူသည် ဘာမှပြန်မပြောနိုင်ပေ။
“……”
“……”
စန်းရှီသည် အကူအညီမဲ့နေပြီး သူ့သခင်၏ ဝင်စွက်ဖက်သည့် စိတ်ကို ချစ်မြတ်နိုးရန် စိတ်ဆုံးဖြတ်လိုက်သည်။
ထိုစကားများအား ကြားသောအခါ မိန်ကလေးသည် ပို၍ ဝမ်းနည်းစွာ ငိုကြွေးလိုက်ပြီး ခေါင်းရမ်းလိုက်သည်။
“ကျင်းသခင်လေး၊ စုချင်းရဲ့ဘဝက ဆင်းရဲပါတယ်၊ သခင်လေးရဲ့ အဒေါ်ဆယ်ယောက်မြောက် မဖြစ်နိုင်ပါဘူး”
“ဟမ်း၊ မင်း ထပ်ပြီး ကြိတ်ရင် ငါ့ကို အကြင်နာကင်းမဲ့တယ်လို့ အပြစ်မတင်နဲ့၊ပေး အဲဒီမိန်းကလေးကို ငါ့ဆီကို ပြန်ချည်ပေး”
ကျင်းတလောင်သည် စိတ်မရှည်တော့ဘဲ လက်ကို မြှောက်လိုက်သည်။  ထို့နောက် အခြွေအရံနှစ်ယောက်သည် ပူးပေါင်း ၍ ဒူးထောက်နေသောစုချင်အား မြေပေါ်တွင်
“ကျင်သခင်လေး၊ ကျွန်မ ရှင်နဲ့မလိုက်နိုင်ဘူး၊ တကယ်မလိုက်နိုင်ဘူး”
စုချင်းသည် ခါးခါးသီးသီး ငိုကြွေးနေသော်လည်း သူမအတွက် မည်သူမှရှေ့ထွက်၍ ပြောဆိုခြင်းမရှိပေ။  ကမ္ဘာကြီး သည် ရေပူနဲ့တူသည်ကို သူမသိသည်။  သို့သော် သူမ၏ ငိုကြွေးမှုအတွက် လူတိုင်းသည် မျက်ကွယ်ပြုထားလိမ့် မည်ဟု မျှော်လင့်မထားပေ။  ထိုအချိန်တွင် စုချင်းသည် စိတ်ဓါတ်ကျသွားသည်။
“မိုက်လိုက်တဲ့မိန်းကလေးတွေ၊ ဘယ်ဟာ ကောင်းတာဆိုးတာကို မသိကြဘူးလား”
ကျင်းတလောင်သည် စိတ်ဆိုးသွားပြီး ရှေ့သို့လျင်မြန်စွာ ထွက်သွားပြီး သူ၏ကြီးမားသော လက်ဖဝါးကြီးကို မြှောက်၍ စုချင်း၏မျက်နှာအား ရိုက်မည်ပြုလိုက်သည်။
စုချင်းသည် မျက်လုံးများအား မှိတ်လိုက်ပြီး လူအုပ်ကြီးသည် လက်ညှိုးထိုး၍ ထအော်လိုက်သည်။
ကျင်းတလောင်၏ လက်ဖဝါးကျရောက်ခါနီးတွင် ရုတ်တရက် သွယ်လျသော လက်တစ်ဖက်သည် ထွက်ပေါ်လာပြီး ၎င်း၏လက်ကို ဆွဲယူလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now