part 111

1.3K 172 5
                                    

Unicode
အခန်း - ၁၁၁

တောင်များနှင့်မြစ်များသည် လှပနေပြီး ဘေးနှစ်ဘက်ရှိ သစ်ပင်များသည် ထူထပ်နေသည်။
လင်းကျဲ့သည် မြင်းစီးလျက် ရှေ့မှသွားနေပြီး ရှန်းချင်းဟန်နှင့် ကျန်းရန်သည် သူ့၏နောက် မနီးမဝေးမှ လိုက်လာ သည်။
လင်းကျဲ့သည် ယခုမှစတင် သင်ယူနေချိန်တွင် သူသည် ရုတ်တရက် အရှိန်ကိုမြှင့်လိုက်ပြီးနောက် နှေးလိုက်ပြန် သည်။  လင်းကျဲ့သည် သူ့ကိုယ်သူ ထိုအရာနှင့်ပတ်သက်၍ မခံစားမိပေ။  ထိုအစား ကျန်းရန်သည် ကြောက်ရွံ့လွန်း ၍ သေနိုင်သကဲ့သို့ ခံစားနေရသည်။
“သခင်လေး ကျွန်တော့်ကို သခင်လေးအတွက် မြင်းဇက်ကြိုးကို ကိုင်ထားစေချင်ပါသလား”
ကျန်းရန်က လင်းကျဲ့အား မေးလိုက်သည်။
“မလိုဘူး၊ ငါလုပ်နိုင်တယ်”
လင်းကျဲ့သည် ကျန်းရန်အား လက်ခါပြလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် မတည်မငြိမ်ဖြစ်သွားပြီး မြင်းပေါ်မှ နောက်ထပ်ကျလုနီးပါးဖြစ်သွားသည်။  ကံကောင်းထောက်မစွဖြင့် လင်းကျဲ့သည် သူ့ကိုယ်သူ အချိန်မီပြန်၍ ထိန်းလိုက်နိုင်သည်။
“သခင်လေး အဆင်ပြေတာ သေချာပါတယ်နော်”
ကျန်းရန်သည် လင်းကျဲ့အား ကြည့်လျက်စိုးရိမ်နေသည်။
“အဆင်ပြေတယ်”
လင်းကျဲ့က ပြုံးပြလိုက်ပြီး လှည့်ကြည့်လိုက်ရာ အရှေ့သို့ရောက်လာသော ရှန်းချင်းဟန်အား အချိန်ကိုက်တွေ့မြင် လိုက်ရသည်။  သူသည် အံအားသင့်သွားသည်။
“ကြိုး”
ရှန်းချင်းဟန်က လင်းကျဲ့အား ကြည့်လျက်အေးစက်စွာပြောသည်။
“ဟမ်”
လင်းကျဲ့က နားမလည်ပေ။
“မြင်းဇက်ကြိုး”
မျက်မှောင်ကြုတ်လျက် ရှန်းချင်းဟန်က လေသံကို အနည်းငယ်ပေါ်လွင်စေသည်။
ထိုသို့ကြားသည်နှင့် လင်းကျဲ့က ချက်ချင်းနားလည်းသွားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ မြင်းဇက်ကြိုးကို ရှန်းချင်းဟန် ဆီသို့ပေးလိုက်သည်။
တုန့်ပြန်မှုအမူအရာသည် ခွဲခြားလွန်းလှသည် မဟုတ်လား။
ကျန်းရန်သည် နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေးလိုက်သည်။
“သွား”
ရှန်းချင်းဟန်သည် လင်းကျဲ့၏ မြင်းကို ဦးဆောင်လာခဲ့သည်။  သို့သော်သူ၏မျက်နှာသည် အမူအရာကင်းမဲ့နေစဲ ဖြစ်သည်။
“ရှန်းချင်းဟန်၊ ရှန်းချင်းဟန်”
လင်းကျဲ့သည် မြင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်၍ ရှေ့မှသွားနေသော ရှန်းချင်းဟန်၏နောက်ကျောကို ကြည့်နေသည်။  ထို့နောက် သူသည် ရှန်းချင်းဟန်အား အကြိမ်ကြိမ်ခေါ်လိုက်သည်။
သို့ရာတွင် ရှန်းချင်းဟန်က သူ့အသံကို ကြားပုံမပေါ်ပေ။  သူသည် ခေါင်းလှည့်၍ပင်မကြည့်ချေ။  တည့်တည်သာ ဆက်သွားနေသည်။
လင်းကျဲ့က စိတ်ဆိုးသွားပြီးနောက် လည်ချောင်းရှင်းကာထပ်၍ပြောလိုက်သည်။
“ရှန်းချင်းဟန် ခင်ဗျားဦးဆောင်ချင်နေတာ ကြာပြီလား”
ရှန်းချင်းဟန်သည် စကားတစ်ခွန်းမှ ပြန်မပြောသော်လည်း ဒေါသများကိုမူ မတားဆီးနိုင်ပေ။  လင်းကျဲ့သည် ရှန်းချင်းဟန်၏ မျက်နှာပြောင်းလဲမှုကို မြင်နိုင်သည်။
ထိုသို့မြင်လိုက်သည်နှင့် လင်းကျဲ့သည် ပြုံးလိုက်ပြီး လှပသောမျက်ခုံးများကို ပင့်လိုက်သည်။  ဆောင်ကြာမြိုင်မှ မိန်ကလေးများထံမှ သင်ယူထားသကဲ့သို့ လင်းကျဲ့က အသံကိုညှစ်၍ ပြောလိုက်သည်။
“ခင်ဗျားစောစောပြောပါလား၊ ကြိုးလို့မပြောနဲ့၊ ကျွန်တော် ခင်ဗျားကို ပေးမှာပေါ့”
ရှန်းချင်းဟန်၏လှုပ်ရှားမှုသည် လင်းကဲ့၏မျက်ခုံးများကို မြှင့်တက်သွားစေသည်။  သူက နောက်သို့လှည့်၍ လင်းကျဲ့၏မျက်ဝန်းများကို ထွင်းဖောက်လုမတတ်ကြည့်ပြီး ပြောသည်။
“တိတ်စမ်း”
“ဟားဟားဟားဟားဟားဟားဟား ရှန်းချင်းဟန် ခင်ဗျားရဲ့အမူအရာက တကယ်အံ့သြစရာပဲ”
လင်းကျဲ့သည် ရှန်းချင်းဟန်၏ တောက်ပသော မျက်နှာကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ရှန်းချင်းဟန်၏ မျက်နှာသည် ပြာလာသည်။  လင်းကျဲ့၏ရယ်သံအား နားထောင်လျက် ရှန်းချင်းဟန်သည် အသက် ပြင်းပြင်းရှူလိုက်ကာ သည်းခံရုံမှအပ ရွေးချယ်စရာမရှိပေ။
သင်သည် သင်၏အပြစ်များကိုသာ ခံနိုင်ရည်ရှိသည်။
ကျန်းရန်သည် အံ့သြသွားသည်။  သူသည် နဖူးကို ရိုက်ရုံမှအပမတတ်နိုင်ပေ။
“သခင်လေး၊ သခင်လေးအတွက်တော့ မီးငြှိမ်းရတာ လွယ်ကူလွန်းတယ်။”
တောင်စောင်းအနီးက တောအုပ်တစ်ခုသို့ ရောက်လာသောအခါ လမ်းဘေးနှစ်ဘက်စလုံးရှိတောင်စောင်းများတွင် သစ်ပင်များထူထပ်စွာတွေ့ရသည်။
လင်းကျဲ့က လှည့်ပတ်ကြည့်ပြီးနောက် ရှန်းချင်းဟန်အား ကြည့်၍ လေးနက်စွာပြောသည်။
“ဒီနေရာမှာ ဓါးပြတွေရှိမယ်လို့ ခင်ဗျားထင်လား”
“မင်းက ဘာ့ကြောင့် ဒီလိုပြောတာလဲ”
ကျန်းရန်သည် လေကို နှုတ်ခမ်းထောင့်မှ မှုတ်ထုတ်လိုက်သည်။
“ခင်ဗျားတွေ့တဲ့အတိုင်းပဲလေ ဒီနေရာက သတ်ဖြတ်လုယက်ဖို့ ကောင်းတဲ့နေရာတစ်ခုပဲ၊ နှစ်ဖက်စလုံးက ဝိုင်းရံ ထားခံရတဲ့အတွက် လမ်းဆုံးပဲ၊ တကယ်လို့ ခင်ဗျားလွတ်မြောက်ချင်ရင်တောင် မလွတ်မြောက်နိုင်ဘူး”
လင်းကျဲ့က ကွက်ကွက်ကွင်းကွင်း အမူအရာကို ပြုလုပ်ပြပြီးနောက် အခြေအနေကို ပြတ်ပြတ်သားသား ဖော်ပြ လိုက်သည်။
“သတ်၊ တက်ကြ ညီအစ်ကိုတွေ၊ သူတို့ကို ဝိုင်းထား”
ထို့နောက် လင်းကျဲ့၏အသံသည် ထွက်လာ​ပြီးနောက် ဓါးရှည်များကိုင်ဆောင်ထားသော ဓါးပြအများအပြားသည် ဘေးနှစ်ဖက်ရှိ တောင်စောင်းများပေါ်မှ ပြေးဆင်းလာကြကာ သူတို့အား လျင်မြန်စွာ ဝိုင်းထားလိုက်ကြသည်။
“အင်း၊ ဟုတ်တယ်၊ ဒါပဲ”
လင်းကျဲ့သည် မျက်တောင်ခတ်ပြီးနောက် သူတို့အားဝိုင်းထားသော ဓါးပြများကို ကြည့်နေသည်။  ထို့နောက် သူသည် အံအားသင့်နေသည်။
“ဒီအခြေအနေကဘာလဲ”
“……….”
ကျန်းရန်က မိဖုရား၏ပါးစပ်သည် ကျီးကန်းပါးစပ်ဖြစ်သည်ဟု သံသယဝင်မိသည်။
“ဘာဖြစ်ရမှာလဲ၊ ငါတို့အဝိုင်းခံရပြီလေ”
ရှန်းချင်းဟန်၏အေးစက်သောဝိညာဉ်သည် သူ့စိတ်ကိုအေးချမ်းစေပြီး ဓါးပြများ၏ပြောဆိုမှုအပေါ်တွင် သူ၏
မျက်လုံးများက အကဲခတ်နေသည်။
“ခင်ဗျားသိပြီးသားလို့တော့ မပြောဘူးမလား”
လင်းကျဲ့က ထင်ယောင်ထင်မှားမဖြစ်ကြောင်း သေချာစေရန် သူ့မျက်လုံးများကို ပွတ်သပ်နေသည်။
“မင်းရဲ့ ကျီးကန်းပါးစပ်လောက်တော့ မစောဘူး”
ရှန်းချင်းဟန်က ပြောသည်။
“ခင်ဗျားစောစောပြောလို့မရဘူးလား”
လင်းကျဲ့က ပြောလိုက်သည်။
“စောစောပြောလည်း မသုံးမဝင်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မလွတ်နိုင်ဘူး”
ရှန်းချင်းဟန်၏ မျက်နှာအမူအရာသည် မပြောင်းလဲပေ။
“………..”
လင်းကျဲ့က ဝေ့ကြည့်လိုက်ပြီးနောက် အကြမ်းဖျင်း ရေတွက်လိုက်ရာ ယောက်ျားကြီး အရေအတွက် ၄၀ သို့မဟုတ် ၅၀ ခန့် ရှိလေသည်။  လင်းကျဲ့သည် သူ၏ဦးရေပြားမှာ အနည်းငယ်ထုံကျင်နေသည်ကို ခံစားလိုက်ရသည်။  ထို့နောက် သူသည် ရှန်းချင်းဟန်အနီးသို့ကပ်၍ မေးမြန်းလိုက်သည်။
“ကျွန်တော်ခင်ဗျားကို မေးဦးမယ်၊ ခင်ဗျား လူ၅၀ကိုတိုက်ခိုက်နိုင်တာသေချာလား”
“မင်းဘာပြောတာလဲ”
ရှန်းချင်းဟန်က လင်းကျဲ့ကို ကြည့်လိုက်သည်။
“ကျွန်တော့ရဲ့ လွတ်မြောက်ရေး လမ်းကြောင်းကို အရင်စီစဉ်ထားတာ ပိုကောင်းမယ်”
လင်းကျဲ့က ချက်ချင်းသဘောပေါက်သွားပြီး နောက်ဆုတ်သွားသည်။
“ကျန်းရန်”
ရှန်းချင်းဟန်က တီးတိုးခေါ်လိုက်သည်။
ကျန်းရန်က ချက်ချင်းပင် တုန့်ပြန်လိုက်သည်။
“ကျွန်တော်မျိုးရှိပါတယ်”
“ဘာပဲဖြစ်လာပါစေ လင်းကျဲ့ကို အရင်ကာကွယ်ပါ၊ သူရဲ့ဆံပင်တစ်မျှင်တောင် ဆုံးရှုံးလို့မရဘူး၊ နားလည်လား”
ရှန်းချင်းဟန်က အသံကိုနှိမ့်၍ အေးစက်စွာပြောသည်။
“ကျွန်တော်မျိုးနားလည်ပါတယ်”
ကျန်းရန်က မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီးနောက် လက်ကို မပေါ်လွင်စေဘဲ ဓါးကိုဆွဲထုတ်ရန် အသင့် အနေအထားဖြင့် လင်းကျဲ့၏ နောက်တွင် ကပ်၍ရပ်လိုက်သည်။
“ဒါက တကယ်ဓါးပြတိုက်တာလား”
လင်းကျဲ့က မေးစေ့ကိုကိုင်၍ သံသယဖြင့် မေးလိုက်သည်။
နောက်ဆုံးတွင် လေးဆယ် သို့မဟုတ် ငါးဆယ်မျှရှိသော လူများသည် သူတို့သုံးယောက်အား ပိတ်ဆို့ထားသည်။  ထိုအရာသည် ဓါးပြတိုက်သည်ဆိုလျှင်ပင် အကုန်အကျများလွန်းသည်မဟုတ်လား။
“………..”
ရုတ်တရက် ကျယ်လောင်သော ရယ်သံတစ်ခုသည် ကောင်းကင်သို့တိုင်လွင့်ပျံသွားသည်။  ထို့နောက် မြင့်မားသော မြင်းကြီးပေါ်မှ ထူထပ်သော ဆံပင်၊ မုတ်ဆိတ်မွေးရှည်ကြီးနှင့်လူသည် သစ်ရွက်ကြွေများကြားမှ လျှောက်လာပြီး နောက်ဆုံးတွင် ရှန်းချင်းဟန်၏ရှေ့၌ ရပ်တန့်သွားသည်။  ထိုအချင်းအရာကို ကြည့်လျှင် ထိုသူသည် ဓါးပြ ခေါင်းဆောင်ဖြစ်ရမည်။
“အာ ဒီနေ့ Jiulipoကို ဖြတ်သွားတဲ့ ကုန်သယ်အုပ်စုရဲ့ အစောင့်တစ်ဖွဲရှိလိမ့်မယ်လို့ပြောထားတာမလား၊ ဘာလို့ မျက်နှာဖြူသေးသေးလေး သုံးယောက်ဖြစ်နေတာလဲ၊ ကုန်သည်အုပ်စုကဘယ်မှာလဲ”
ဓါးပြခေါင်းဆောင်သည် သူတို့သုံးယောက်ကို မြင်သည်နှင့်တပြိုင်နက် ချက်ချင်းစိတ်ရှုပ်သွားပြီးနောက် သူ၏ငယ်သားများကို မေးမြန်းလိုက်သည်။
“Jiulipo”
ကျန်းရန်သည် ရှက်စိတ်ကို မခံစားဘဲမနေနိုင်ပေ။  သို့သော် ဤနေရာသည် ဆယ်မိုင်ဆင်ခြေလျှောဖြစ်ပြီး ကြီးမား သောဓါးပြအုပ်စုသည် နေရာလွဲမှားပြီး ပြေးလာသည်။
“မျက်နှာဖြူသေးသေးလေး”
လင်းကျဲ့သည် အဓိကအချက်ကို မည်သည့်အခါမှ မဖမ်းမိပေ။  သူက ရှန်းချင်းဟန်ကို ကြည့်လိုက်သည်။  သူ၏ အဖြူ​ရောင်ဝတ်စုံနှင့် အသားအရေသည် ဖြူဖွေးနေသည်။  ထို့နောက် သူသည်မေးစေ့ကိုကိုင်၍ လေးနက်စွာ ခေါင်း ညိတ်လိုက်သည်။
“ဒါက မျက်နှာဖြူလေးလိုပဲ”
“သခင်လေး အဲ့ဒါက အဓိကအချက်မဟုတ်…..”
ကျန်းရန်၏စိတ်ခံစားချက်သည် ရှုပ်ထွေးနေသည်။
“ဒါက ဆယ်မိုင်ဆင်ခြေလျှောလေ၊ ကိုးမိုင်ဆင်ခြေလျှောမဟုတ်ဘူး”
ထိုအချိန်တွင် ရှန်းချင်းဟန်က ရုတ်တရက် အေးစက်စွာပြောလိုက်သည်။
လေထုသည်ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားသည်။
“ဘယ်လိုဖြစ်နိုင်မည်လဲ၊ ငါက နန်းရှန်းမှာ နှစ်များစွာကြာအောင်နေလာခဲ့တာ၊ ငါက ကိုးမိုင်ဆင်ခြေလျှောနှင့် ဆယ်မိုင်ဆင်ခြေလျှောဘယ်လိုများမှားနိုင်ပါ့မလဲ”
ထိုစကားကိုကြားသည်နှင့် ဟူလောင်ဟုခေါ်သူက ရက်စက်စွာပြောသည်။
“မင်းမျက်နှာဖြူသေးသေးလေးက မနောက်ပြောင်သင့်ဘူးနော်”
“မင်းမယုံဘူးဆိုရင် မင်းကိုဆင်းကြည့်ခွင့်ပေးမယ်၊ မင်းပြောတဲ့ ကုန်သည်အုပ်စုက ထွက်သွားတာတော်တော်ကြာ နေပြီ”
လင်းကျဲ့က လက်ကို ဖြည်းဖြည်းချင်းဝှေ့ယမ်းပြသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now