Part 155

4.1K 228 15
                                    

Unicode

Chapter 155

နေ့လည်က ရရှိခဲ့သောအနမ်းကြောင့် ခွန်အားပြည့်ဝနေပြီး လင်းကျဲ့သည်တစ်ညလုံးအိပ်မပျော်ပေ။ သူသည် မျက်လုံးများကို မှိတ်လိုက်သည်နှင့် ရှန်းချင်းဟန်၏မျက်နှာကိုသာ မြင်ယောင်နေသည်။
ထို့နောက် သူသည် မနက်လင်းခါနီးအချိန်တွင် အိပ်ပျော်လုနီးပါးဖြစ်နေသော်လည်း ရုတ်တရက် သတိရသွားသည်။

ယနေ့ ရှန်းချင်းဟန်၏မယ်တော်အား သွားရောက်ကန်တော့ရမည်ဖြစ်သည်။
ထိုအကြောင်းကိုတွေးမိသည်နှင့် လင်းကျဲ့သည် အိပ်ရာမှခုန်ထ၍ အဝတ်အစားများကို လျင်မြန်စွာဝတ်နေသည့် အချိန်၌ စန်းရှီသည် ရေခွက်နှင့်အတူဝင်လာခဲ့သည်။

“ဒီနေ့ သခင်လေးအစောကြီးနိုးနေပါလား”

စန်းရှီက အံ့သြနေသည်။

“ငါအိပ်မှမအိပ်တာ၊ ဘယ်လိုနိုးနေရမှာလဲ”

လင်းကျဲ့က ဖိနပ်ကို အမြန်စီးနေသည်။

“ဟမ်”

စန်းရှီတစ်ယောက် ဆွံ့အနေတော့သည်။

“ရှန်းချင်းဟန်နိုးပြီလား”

လင်းကျဲ့က မေးသည်။

“မင်းသားက သခင်လေးကို အိမ်တော်တံခါးမှာစောင့်နေပါတယ်”

စန်းရှီက ပြုံးပြီးပြောသည်။

“အဲ့လောက်မြန်လား”

လင်းကျဲ့က အံ့သြနေပြီး ပြေးထွက်သွားတော့သည်။

“သခင်လေး၊ မျက်နှာမသစ်ရသေးဘူးလေ”

စန်းရှီက အော်ပြောလိုက်သည်။

“သစ်စရာမလိုဘူး”

လင်းကျဲ့က ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
လင်းကျဲ့သည် အိမ်တော်တံခါးဝသို့ရောက်သောအခါ အသင့်စောင့်နေသောရှန်းချင်းဟန်အား မြင်လိုက်ရသည်။
လင်းကျဲ့အားကြည့်ပြီး ရှန်းချင်းဟန်က လာနေသည်။
သူက စောစောထရန်ပြောခဲ့သော်လည်း အတန်ငယ်နောက်ကျသွားသည်။ သူသည် ရှန်းချင်းဟန်၏ပြောဆိုခြင်းကို ခံရလိမ့်မည်ဟု လင်းကျဲ့တွေးမိသောကြောင့် စိတ်ပိုင်းဆိုင်ရာအား အသင့်ပြင်ဆင်ထားလိုက်သည်။ သို့သော် ရှန်းချင်းဟန်က အေးချမ်းစွာပြောလာခဲ့သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now