part 71

1.9K 251 4
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမင်းဖုရား

အခန်း - ၇၁

“အိုး၊ ကျွန်တော်ထိန်းမထားနိုင်လို့ပြောရဦးမယ်၊ ဖြစ်ပျက်ခဲ့သမျှကို ဖန်းသခင်ကြီး နားထောင်ပေးနိုင်ပါသလား”
လင်းကျဲ့သည် ရယ်မောလိုက်သည်။
ထိုစကားအား ကြားသောအခါ ထိုနောက်လိုက်သည် သူ့သား၏အမှားအယွင်းဖြစ်နေသောကြောင့် ကျင်းတဝေ ၏ မျက်နှာအား မကြည့်ဝံ့ဘဲ ထိုအစား ဖုန်းရွှမ် ကိုသာ ကြည့်လိုက်သည်။  ဤသို့ဖြင့် ဖုန်းရွှမ်သည် မည်ကဲ့သို့ မျက်စိတစ်ဖက်မှိတ်၍ တစ်ဖက်ဖွင့်ကာ ကျင်းတဝေအား ကြည့်မည်နည်း။
“အတင့်ရဲလှချည်လား၊ ငါမင်းကို စကားပြောခွင့်ပေးလို့လား၊ တိတ်စမ်း”
ဖုန်းရွှမ်သည် စားပွဲခုံအား ပြင်းထန်စွာရိုက်ပြီးနောက် လင်းကျဲ့အား စိတ်ဆိုးစွာဖြင့် စိုက်ကြည့်လိုက်သည်။
ဖုန်းရွှမ်သည် ကျင်းတလောင်၏ မကောင်းမှုများတွင် ဝရဇိန်နတ်သားဟု ဆိုနိုင်သည်။  ထို့ကြောင့် သူသည် ဤ အဖြစ်အပျက်များ၏ အကြောင်းရင်းကို နားလည်သွားနိုင်သည်။  ဤကိစ္စကို စတင်သူသည် ကျင်းတလောင် ဖြစ်မည်ကို သူသိသည်။  သို့သော် ကျင်းတလောင်၏ဦးလေးမှာ ကျင်းတဝေ ဖြစ်သောကြောင့် ဒုက္ခရောက်နေသော ရေပြင်တွင်သာ ငါးမျှားနိုင်ခဲ့သည်။
ယခု လင်းကျဲ့သည် အရာရှိ၏ပုဂ္ဂိုလ်ရေးအရ ကာကွယ်ပေးနေမှုကို နားလည်နိုင်သည်။  သူသည် သူပြောသော အကြောင်းအရာများကို မည်မျှပင်သိစေကာမူ အသုံးမဝင်ပေ။  ထို့ကြောင့် သူသည် စကားပြောခြင်းကို ရပ်တန့်ပြီး နှုတ်ခမ်းမဲ့လိုက်သည်။
လင်းကျဲ့နှုတ်ခမ်းမဲ့သည်ကို ကြည့်လျက် ဖုန်းရွှမ်၏မျက်လုံးများမှာ အနည်းငယ်ကျဉ်းမြောင်းသွားပြီး သူ၏ အကြည့်တွင် အန္တရာယ်များနှင့်ပြည့်နေသည်။
“မင်းက ရှင်သန်ခြင်းနဲ့ သေခြင်းတရားကို ဘာမှမသိဘူးပဲ၊ မင်း ဖုန်းသခင်ကြီးကို ဒူးမထောက်တာက ပုန်ကန်ချင် တာလား”
အခြွေအရံသည် သူ့တွင် နောက်ခံရှိသည်ကို ရုတ်တရက်သဘောပေါက်သွားပြီး လင်းကျဲ့အား ဟိန်းဟောက်လိုက် သည်။
“ငါ ဒူးထောက်လိုက်ရင် ပုန်ကန်တဲ့သူက ဖုန်းသခင်ကြီးဖြစ်သွားမှာကို စိုးရိမ်မိလို့ပါ”
လင်းကျဲ့က ပြုံးလိုက်သည်။  သူ၏အဆင့်အတန်းမှာ အိမ်ရှေ့စံမိဖုရားဖြစ်နေသည်ကို မနှစ်သက်သော်လည်း သူသည် အိမ်ရှေ့စံမိဖုရားဖြစ်နေစဲပင် ဖြစ်သည်။ "Nonsense
“ပေါက်ကရတွေ”
ဖုန်းရွှမ်သည် ထိုစကားကို ကြားသောအခါ အလွန်စိတ်ဆိုးသွားသည်။  သူသည် နောက်လိုက်ငယ်သားများကို ကြည့်၍ ပြောလိုက်သည်။ 
“ဒီလူက ကျင်းသခင်လေးကို နာကျင်စေတယ်၊ သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်”
"မိသားစုဆီကို ပိုကောင်းတဲ့ ပိုအဆင်ပြေတဲ့နေ့မှပဲ သွားလည်တော့မယ်၊ မင်းကို တွေ့တာနောက်ကျတဲ့အတွက် စိတ်မကောင်းပါဘူး”
ကျင်းတ‌ဝေသည် ပြောပြီးနောက် ထွက်ခွာသွားသည်။
သူ၏နောက်လိုက်နောက်ပါများ ထွက်ခွာသွားပြီးနောက်တွင် ဖုန်းရွှမ်သည် လင်းကျဲ့အား ကြည့်၍ ကဲ့ရဲ့လိုက် သည်။ 
“ငါလည်း ငယ်စဉ်တုန်းက အရမ်းမာနကြီးတာပဲ၊ ကျင်းတလောင်ကို နာကျင်စေခြင်းနဲ့ ငါ့ရဲ့ရုံးတော်မှာ ဆဲရေးခြင်းက ဘယ်လောက်အပြစ်ကြီးတယ်ဆိုတာ မင်းသိလား”
“ငါတကယ် မသိဘူး”
လင်းကျဲ့သည် သူ၏ဖြူဖွေးသောသွားများပေါ်အောင် ပြုံးလိုက်သည်။  သူသည် ရှန်းချင်းဟန်နှင့် အတူနေသည်မှာ အချိန်အတော်ကြာသွားသောကြောင့်ဖြစ်နိုင်သည်။  ဤလောကကြီးတွင် ရှန်းချင်းဟန်ထက် ပို၍ကြောက်စရာ ကောင်းသော လူပုဂ္ဂိုလ် သို့မဟုတ် အရာဟူ၍ မရှိဟု ခံစားနေရသည်။  ထို့ကြောင့် ဖန်းသခင်ကြီး၏ မျက်နှာသည် ပင် လင်းကျဲ့အတွက် ကြောက်စရာမဟုတ်ပေ။  သူသည် တွေးထားသည်ထက်ပင် ပို၍ တည်ငြိမ်အေးချမ်းနေ သည်။
“ဟမ် မင်းပြောရခက်နေသေးလား၊ မင်း ဘယ်ရောက်နေတယ်ဆိုတာကို မသိဘူးလား၊ မင်းက မင်းသားကျင်းရဲ့ တူကို ထိခိုက်နာကျင်စေတယ်ဆိုရင် သူက အရမ်းကာကွယ်ပေးတတ်တယ်၊ သူသာသိသွားမယ်ဆိုရင် မင်းကတော့ သေစရာသင်္ချိုင်းမရှိဘဲ သေသွားရလိမ့်မယ်”
ဖုန်းရွှမ် သည် တည်ငြိမ်ဟန်ဆောင်၍ လင်းကျဲ့အား ခြိမ်းခြောက်လိုက်သည်။  သေခြင်းကို မကြောက်သောသူ ရှိသည်ကို သူမယုံကြည်ပေ။
“အဲ့ဒီလူနဲ့တွေ့ဖို့ ကျွန်တော်နည်းနည်းစိတ်ဝင်စားတယ်” သူက ပြောသည်။
လင်းကျဲ့သည် မေးစေ့အားပွတ်၍ လေးနက်စွာ ပြောသည်။  သူသည် ရှန်းချင်းဟန်သည် ထိုကြီးမြတ်သော ကျင်းတ‌ဝေကြောင့် လန့်ဖျပ်သွားမည်လားဟု မြင်တွေ့လိုသည်။
“ဘယ်လိုရှင်သန်ရမလဲ ဒါမှမဟုတ် ဘယ်လိုသေရမလဲဆိုတာ ငါမသိဘူး”
အေးအေးဆေးဆေးဖြစ်နေသောလင်းကျဲ့အား ကြည့်၍ ဖုန်းရွှမ်၏မျက်နှာသည် ပြာနှမ်းလာပြီး သူသည် စားပွဲ ခုံအား ပြင်းထန်စွာရိုက်လိုက်သည်။  သူ၏မျက်လုံးများမှာ ပြူးကျယ်နေပြီး ဒေါသများနှင့် ပြည့်နေသည်။ 
“လာကြစမ်း၊ သူ့ကို လွှတ်မပေးခင်အထိ ထောင်ထဲထည့်ထားလိုက်”
ထိုသို့ပြောလိုက်သည်နှင့် ရဲမက်တစ်ယောက်သည် အထဲသို့ ဝင်လာသည်။
“မင်းက ကျင်းလူကြီးရဲ့တူကို ထိခိုက်နာကျင်စေပြီး ငါ့ရုံးတော်ကို ရောက်လာမှတော့ မင်း သေတဲ့အထိ မလွတ် မြောက်စေရဘူး”
သူက အေးစက်စွာပြောသည်။
လင်းကျဲ့သည် စကားတစ်ခွန်းမှ မဆိုဘဲ ရယ်မောနေသည်။  ထို့နောက် သူသည် ဦးဆောင်၍ ထွက်သွားသည်။
“ဟမ်း အစောင့်တွေ”
လင်းကျဲ့ထွက်သွားသောအခါ ဖုန်းရွှမ် သည် ဒေါသထွက်စွာဖြင့် အော်ငေါက်လိုက်သည်။
လင်းကျဲ့ကို အချုပ်ခန်းဆီသို့ ခေါ်ဆောင်သွားသည်။  အချုပ်ခန်းတစ်ခုလုံးသည် အေးစက်စိုစွတ်ပြီး မဲမှောင်နေ သည်။  သူသည် အချုပ်ခန်းတွင်းသို့ ရောက်ရှိသွားသည်နှင့်တပြိုင်နက် အေးစက်မှုသည် သူ၏နောက်ကျောမှ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။  လင်းကျဲ့သည် တုန်ယင်သွားသောကြောင့် ခဏမျှရပ်တန့်လိုက်ရာ အစောင့်ရဲမက်များသည် သူ၏နောက်ကျောအား ပြင်းထန်စွာ တွန်းလိုက်သည်။
ကံကောင်းစွာပင် လင်းကျဲ့သည် ခိုင်မြဲစွာရပ်နေသောကြောင့် လဲကျမသွားပေ။  သူသည် မတ်တတ်ရပ်လျက်ပင် ဖြစ်နေသောအခါ အချုပ်ခန်းအစောင့်၏ကျိန်ဆဲသံသည် သူ၏နောက်မှ ထွက်ပေါ်လာသည်။
“လာလေ”
လင်းကျဲ့သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ဒေါသများကို နှလုံးသား၏အောက်ခြေထိတိုင်အောင် ဖိနှိပ်ထားလိုက် သည်။  ထို့နောက် ရှေ့သို့ ဆက်လျှောက်လိုက်သည်။  သူသည် ပို၍နီးကပ်လာသောအခါ တရားမျှတမှုမရှိသော ကြောင့် ထွက်ပေါ်လာသည် များစွာသောငိုကြွေးသံများသည် သူ၏နားစည်ကိုပင် ထိုးဖောက်လုနီးပါးဖြစ်နေ သည်။  ထိုအသံများသည် အရမ်းပြင်းထန်ကြမ်းတမ်းသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒီနေရာမှာ”
ရုတ်တရက် အချုပ်ခန်းစောင့်ရဲမက်သည် ရပ်တန့်လိုက်ပြီး သူ့ခါးမှသော့တွဲအားထုတ်ယူပြီးနောက် အချုပ်ခန်း အလွတ်တစ်ခန်းအား သော့ဖွင့်လိုက်သည်။
“အထဲဝင်၊ ငြိမ်ငြိမ်နေနော်”
လင်းကျဲ့သည် မည်သို့မှမပြုမူနိုင်ခင် အချုပ်ခန်းအတွင်းသို့ တွန်းလွှတ်ခြင်းကို ခံလိုက်ရသည်။  ဤတစ်ကြိမ်တွင်မူ လင်းကျဲ့သည် ပထမအကြိမ်ကဲ့သို့ ကံမကောင်းနိုင်ပေ။  သူ ရပ်နေသည်မှာ မြဲမြံခြင်းမရှိသောကြောင့် မြေပြင်ပေါ် သို့ တိုက်ရိုက်လဲကျသွားပြီး အေးစက်မှုအား ရှူရှိုက်လိုက်ရသည်။
“ငါက အထဲမဝင်ဘူးလို့ ပြောနေလို့လား၊ မင်းအဲ့လောက်ထိတွန်းဖို့ လိုလို့လား”
လင်းကျဲ့သည် သူ၏တင်ပါးများကို ပွတ်သပ်နေပြီး မျက်နှာမှာလည်း နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။  ပြောရမည် ဆိုလျှင် သူသည် ယနေ့ကံမကောင်းပါ။
အစောင့်ရဲမက်သည် သူ့အား ဂရုမစိုက်ဘဲ တံခါးကိုပိတ်ကာ ထွက်သွားသည်။
သူ့အား မည်သူမှ အာရုံမစိုက်သည်ကို တွေ့သောအခါ လင်းကျဲ့သည် သက်ပြင်းချလိုက်သည်။  သူသည် အေးစက် သော ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ၍ ထိုင်လိုက်ပြီး မေးစေ့အား လက်ဖြင့်ကိုထောက်လိုက်သည်။  ထို့နောက် စိုစွတ်နေသော အခန်းပတ်ဝန်းကျင်ကို ကြည့်၍ သက်ပြင်းချလိုက်သည်။  အကယ်၍ သူသည် ပြဿနာရှာရုံမျှမက အချုပ်ခန်းအတွင်းသို့ ဝင်ရသည်ကို ရှန်းချင်းဟန် သိသွားမည်ဆိုပါက ရှန်းချင်းဟန်သည် အလွန် စိတ်ဆိုးနေလိမ့် မည်လား။
ထိုအချိန်တွင် သူသေရမည်။
ထိုအကြောင်းအား တွေးမိသောအခါ လင်းကျဲ့သည် တုန်လှုပ်သွားသည်။  ထို့နောက် လင်းကျဲ့သည် ဤနေရာက အလွန်အေးစက်သည်ကို သတိပြုမိခဲ့သည်။  မှောင်မိုက်သောမြေပြင်တွင် ကောက်ရိုး အနည်းငယ်သာရှိသည်။  အခန်းနံရံပေါ်က ပြတင်းပေါက်သေးသေးလေးမှ လေတိုက်နေသည်။  အေးနေသောလင်းကျဲ့သည် လက်နှစ်ဘက် ကို ဆုပ်ကိုင်၍ အခန်းထောင့်တွင် ကုပ်နေသည်။
တစ်နေကုန် လျှောက်သွားထားသောကြောင့် လင်းကျဲ့သည် ပင်ပန်းလာပြီး မျက်ခွံများမှာ ပို၍ပို၍ လေးလံလာ သည်။  အချိန်အတော်ကြာပြီးနောက် သူသည် အိပ်ပျော်သွားသည်။
“မင်းသားက ဘာလို့ပြန်မလာသေးတာလဲ”
စန်းရှီသည် မျက်ရည်များစီးကျလျက် အိမ်တော်၏ဝင်ပေါက်တွင် ရပ်နေသည်။  သို့သော် ရှန်းချင်းဟန်သည် ပြန် မလာသေးပေ။  ထို့ကြောင့် စန်းရှီသည် ရှန်းချင်းဟန်အား ရှာဖွေရန် နန်းတော်တံခါးဆီသို့ ပြေးသွားခဲ့သည်။
သို့သော် သူသည် အိမ်ရှေ့စံမင်းသားနန်းတော်မှ အမှုထမ်းဖြစ်နေစေကာမူ နန်းတော်ထဲသို့ ခြေလှမ်းတစ်ဝက်မျှပင် ဝင်၍မရချေ။  သူသည် ရှန်းချင်းဟန် ထွက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရသည်။
လင်းကျဲ့၏အခြေအနေအား တွေးလိုက်မိသောအခါ စန်းရှီသည် မျက်ရည်များ စီးကျလာသည်။
တော်ဝင်စာကြည့်ဆောင်သည် လောင်ကျွမ်းလုနီးပါးဖြစ်နေသည်။  နန်းတော်အစေခံများသည် အေးနေသော လက်ဖက်ရည်ခွက်ကို ယူ၍ လက်ဖက်ရည်ပူနေသောခွက်ဖြင့် အစားထိုးရန်အတွက် ဝင်ချည်ထွက်ချည် အလုပ်ရှုပ် နေသည်။
ရှန်းယန်ဝမ်သည် စားပွဲခုံရှေ့တွင် စာအုပ်တစ်အုပ်အား ဂရုစိုက်စွာဖြင့် ဖတ်နေသည်။  အခြားတစ်ဘက်တွင် ရှန်းချင်းဟန်သည်လည်း နန်းတွင်းရေးရာများကို ဖြေရှင်းရန်အတွက် ကူညီပေးနေသည်။
အချိန်မည်မျှကြာသည်မသိ စားပွဲပေါ်ရှိ အသစ်ဖျော်စပ်ထားသော လက်ဖက်ရည်သည် တဖြည်းဖြည်း အေးစက် သွားသည်။  ရှန်းချင်းဟန်သည် လက်ထဲရှိနောက်ဆုံးစာလွှာအား ဖတ်ရှုခြင်းကို အဆုံးသတ်လိုက်သည်။  သူသည် ရပ်တန့်လိုက်သည်။  အဘယ့်ကြောင့် သူ၏မျက်ခွံများနှာ အလွန်လှုပ်ရှားနေသည်ကို မသိပေ။  ရှန်းချင်းဟန်သည် မကောင်းသောခံစားချက်တစ်ခုကို ခံစားနေရသည်။  သူသည် မျက်ခွံများကို ပွတ်သက်ကာ မတ်တတ်ရပ်လိုက် သည်။
“ဒီဝန်ကြီးက အရင်ပြန်နှင့်ပါ့မယ်”
ရှန်းချင်းဟန်သည် လက်သီးကို အနည်းငယ်ဆုပ်ကိုင်၍ စားပွဲရှေ့တွင်ရှိသော ရှန်းယန်ဝမ်အား လျှောက်တင်လိုက် သည်။
“မိုးလင်းခါနီးပြီပဲ၊ မင်း ဒီမှာပဲနေပြီး အနားယူလိုက်တာက ပိုမကောင်းဘူးလား”
ရှန်းရန်ဝမ်သည် ရှန်းချင်းဟန်အား ကြည့်၍ တားဆီးလိုက်သည်။
“မနေတော့ပါဘူး၊ ဖြေရှင်းစရာလေးတွေကျန်နေသေးလို့ပါ”
ရှန်းချင်းဟန်သည် ဝတ်ရုံ၏အစွန်းတစ်ဘက်ကို ဆွဲ၍ ခါးပတ် ပတ်လိုက်သည်။
“အာ ၊ ချင်းဟန် မင်းကိုမင်း အရမ်းဖိအားပေးနေတာမဟုတ်ဘူးလား”
ရှန်းရန်ဝမ်သည် စိုးရိမ်စွာဖြင့် မျက်မှောင်ကြုတ်သွားသည်။
“မဟုတ်ပါဘူး၊ ခမည်းတော် မစိုးရိမ်ပါနဲ့”
ရှန်ချင်းဟန်သည် မည်သည့်အမူအရာမှ မဖော်ပြပေ။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားOnde histórias criam vida. Descubra agora