Notice

873 29 1
                                    

Unicode

စာစဉ် တင်မှုနှင့် ပတ်သတ်ပြီး ကြေညာခြင်း

စွဲညို့အသင်းအနေနှင့် စာစဉ်များကို ဖေ့ဘွတ်အပြင် Docs မှလည်း တင်ပေးလျက် ရှိပါသည်။ ယခုအခါတွင် ဖေ့ဘွတ်၏ ပြောင်းလဲလာသော ပေါ်လစီအရ တချို့စာစဉ်များအား ဖေ့ဘွတ်တွင် တိုက်ရိုက် တင်နိုင်ခြင်း မပြုနိုင်တော့ပါ။ ထို့အတွက် ThaYe စာစဉ်များနှင့် Thweyhtautthanyo စာစဉ်များအား ဖေ့ဘွတ်ပေ့တွက် တင်ပေးနိုင်တော့မည် မဟုတ်ပါ။ ထို ဖေ့ဘွတ်တွင် တိုက်ရိုက် မတင်နိုင်သည့် စာစဉ်များကို Medium Platform တွင် ပြောင်းလဲ တင်ပေးသွားမည် ဖြစ်ပါသည်။ ယခုအခါတွင် အက်မင်များဖက်မှ စာစဉ်တင်ပုံကိုလည်း ပြောင်းထားပါသည်။ ယခုအခါ ပုံကို နှိပ်မှသာ စာစဉ်များအား ဖတ်ရှုနိုင်တော့မည် ဖြစ်ပါသည်။ Wattpad တွင် ပုံမှန်အတိုင်း ဖတ်ရှုနိုင်ပါသည်။

ဖေ့ဘွတ် ပေးဂရုများနှင့် ပတ်သက်ပြီး စာစဉ်များကို စုံရက် မရက် ခွဲကာ တင်ပေးသွားမည် ဖြစ်ပါသည်။ စာစဉ် တင်သည့်အခါတွင်လည်း ပုံနှိပ်ပြီးမှ ဖတ်ရှုနိုင်ပါမည်။ တင်ပေးမည့် စာစဉ်နှင့် ရက်များကို သီးခြား ကြေညာပေးပါ့မည်။ တခါတည်း စုပြုံတင်သည့်အခါ အက်မင်အကောင့် လော့ကျနိုင်သည့်အတွက် ဖြစ်ပါသည်။ ယခုလက်ရှိတွင် အကောင့်သစ် ထပ်ဖွင့်၍ မရသကဲ့သို့ အရင်က အကောင့်များပါ လော့ကျသည့် ဖြစ်ရပ်မျိုး ဖြစ်ပေါ်နေပါသည်။ ယခုအခါ တစ်ကောင့်တည်း ကျန်တော့သည့်အတွက် ယခုကဲ့သို့ စုံရက်မရက်ခွဲကာ တင်ပေးရခြင်း ဖြစ်ပါသည်။ ယခု အကောင့်ပျက်ပါက ပေးဂရုများတွင် စာစဉ်တင်သည့်အပိုင်းတွင် နှောင့်နှေးမှုများ ရှိနိုင်ပါသည်။ ထို့အတွက်ကြောင့် နားလည်ခွင့်လွှတ်ပေးပါရန် ကြိုတင် တောင်းပန်ထားခြင်း ဖြစ်ပါသည်။

အက်မင်များမှ အကြံပေးမှု

အက်မင်တို့ အသင်းအနေဖြင့် ယခုအခါ Docs Community ကို လူတိုင်း ဖုန်းတိုင်းနှင့် အဆင်ပြေပြေ အသုံးပြုနိုင်ရန်အတွက် ပြန်လည် ပြင်ဆင်လျက် ရှိပါသည်။ ပြင်လည် ပြင်ဆင်မှုများ ပြီးပါက Docs Community ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ယခုလက်ရှိတွင် Docs Community တွင် စာစဉ် အခု၂၀ တင်ပေးဖို့ ရှိပါသည်။  Docs Community ပြီးပါက Free Docs များတွင်လည်း ပုံမှန်တင်သည့် နှုန်းအတိုင်း ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။ Docs Community အသုံးပြုနည်းကို သီးခြား တင်ပေးသွားပါမည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now