Part 25

3.9K 419 3
                                    

unicode

Chapter 25

ရှန်းချင်းဟန်သည် သူ၏တူအား လက်သီးဆုပ်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ဖြူဖွေးသော အသားအရေပေါ်ရှိ သွေးကြောများသည် စတင်ဖောင်းလာပြီး အဆုံးတွင် သူ၏ပါးစပ်ထဲတွင် အပြည့်ရှိနေသော အသီးအရွက်ဟင်းကို မျိုချလိုက်သည်။

ရှန်းချင်းဟန်သည် ကြိတ်မှိတ် မျိုချလိုက်သောအခါ လင်းကျဲ့သည် အံအားသင့်ကာ မျက်တောင်ခတ်နေသည်။

“ဝါး ခင်ဗျားတကယ်ကြီး စားလိုက်တာလား”

သူသည် မီးဖိုဆောင်ထဲတွင် ချက်ပြုတ်နေစဉ် သူသည် တစ်လုတ်မျှ မြည်းခဲ့သည်။ ထိုဟင်းသည် အလွန်ငံသောကြောင့် ထွေးထုတ်ခဲ့ရပြီး ရေတစ်ဇွန်းအပြည့် သောက်လိုက်မှသာ ပြန်သက်သာခဲ့သည်။ ရှန်းချင်းဟန်မှာမူ တည်ငြိမ်စွာ နေနိုင်ခဲ့သည်။

“မင်း နည်းနည်း ပျင်းနေနိုင်တယ်” “မင်း စိတ်ပျက်သွားမှာပေါ့”

ရှန်းချင်းဟန်သည် တူအား ပြန်ချထားလိုက်ပြီး မတ်တပ်ရပ်ပြီး လင်းကျဲ့အား ပြောလိုက်သည်။

ထို့နောက် ရှန်းချင်းဟန်သည် သူ့အခန်းဆီသို့ ပြန်သွားခဲ့သည်။

လင်းကျဲ့သည် ရယ်မောခြင်းအား ရပ်တန့်လိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကာ လွတ်နေသော ထိုင်ခုံအား ကြည့်၍ ရှန်းချင်းဟန်၏ အေးစက်သော မျက်နှာအား စဉ်စားမိပြီးလျှင် နှုတ်ခမ်းအား တွန့်ကွေးလိုက်သည်။

“ပျင်းစရာကောင်းလိုက်တာ”

ရှန်းချင်းဟန်သည် သူ၏အခန်းဆီသို့ အမြန်ပြန်လာသည်။ အငံအရသာသည် ပါးစပ်ထဲတွင် ကျန်ရှိနေဆဲဖြစ်သည်။ မကြာသေးမီက လင်းကျဲ့သည် သူ၏ကန့်သတ်ချက် (သတ်မှတ်ချက်)များကို အဆက်မပြတ် စိန်ခေါ်နေသော်လည်း သူသည် ထိုလူရမ်းကား (လူယုတ်မာ)ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း မရှိသဖြင့် သူ့ကို ပို၍ ဒေါသထွက်စေသည်။

“တောက်”

ထိုအကြောင်းအား စဉ်းစားလျက် ရှန်းချင်းဟန်သည် ရုတ်တရက် ရပ်လိုက်သည်။ ထို့နောက် သူသည် မပျော်ရွှင်စွာဖြင့် သူ့နှုတ်ခမ်းအား ကိုက်လိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now