part 94

1.4K 179 1
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၉၄

ညဉ့်နက်နေလေပြီ။
ကောင်းဖူ၏ တောက်ပသော စာကြည့်ခန်းတွင် ပိုးအင်္ကျီဝတ်ဆင်ထားသောမုတ်ဆိတ်မွှေးနှင့်အမျိုးသား တစ် ယောက်သည် သီချင်းညည်းလျက် ကုလားထိုင်တွင် မှီထိုင်နေပြီး မျက်လုံးများကို မှိတ်ထားသည်။  စားပွဲပေါ်တွင် ပူနွေးသော လက်ဖက်ရည်တစ်ခွက် ရှိနေပြီး အငွေ့များသည် လွင့်ပျံနေသည်။
ထိုအချိန်တွင် ရုတ်တရက် မီးခိုးရောင်ဖျော့ဖျော့ဝတ်စုံနှင့် ပိန်ပါးသောလူတစ်ဦးသည် အထဲသို့ဝင်လာခဲ့သည်။
ထိုပိန်ပါးသောလူတွင် အနည်းငယ်ကျဉ်းမြောင်းသော မြေခွေးမျက်လုံးကဲ့သို့ မျက်လုံးတစ်စုံရှိပြီး လိမ္မာပါးနပ်ပုံ ပေါ်သည်။
သူသည် ခြေသံများကို ကြားသောအခါ မျက်လုံးများကို ဖွင့်၍ ဝတ်ရုံရှည်နှင့်ပိန်ပါးသောလူကို ကြည့်ပြီး အော် လိုက်သည်။
“ဘာကိစ္စလဲ၊ ဘာဖြစ်လို့လဲ”
“ကောင်းသခင်လေး ဒီနေ့ ခရိုင်ထဲကို အပြင်လူသုံးယောက်ရောက်လာပါတယ်”
သခင်လေးဟု အခေါ်ခံရသောသူသည် လက်သီးဆုပ်၍ ခေါင်းကိုငုံချလိုက်သည်။
“မင်းအထဲကို ဝင်လာရင်လည်း ဘာလို့အရှုပ်တွေလုပ်နေတာလဲ”
ကောင်းဖူသည် မတ်မတ်ထိုင်လိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး ညင်သာစွာ သောက်လိုက် သည်။
“ကောင်းသခင်ကြီး၊ ဒီကိစ္စက လျစ်လျူရှုမထားသင့်ပါဘူး၊ မြို့တော်မှာ ရှိနေတဲ့သခင်ကြီးက ဧကရာဇ်နဲ့ တွေ့ဆုံပြီးသွားပါပြီ၊ အခုတလေတော့ ဂရုတစိုက်ပြုမူသင့်ပါတယ်၊ ဒီလူသုံးယောက်က ကျွန်တော်တို့ကို စုံစမ်းဖို့လာတာ ဖြစ်နိုင်ပါတယ်”
ထိုလူက  စိတ်ရင်းဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သည်နှင့် ကောင်းဖူသည် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ခဏမျှ တွေးတောလိုက် သည်။  သူသည် မျက်မှောင်ကြုတ်၍ လက်ဖက်ရည်ခွက်ကို ပြန်ချလိုက်သည်။  သူသည် အနည်းငယ်စိုးရိမ်သွား သည်။
“ဒီအရွယ်ရောက်မှတော့ ငါသည်းခံရမှာကို မကြောက်ပါဘူး၊ ဒါပေမယ့် သူတို့သာ စုံစမ်းဖို့အတွက် မြို့တော်က လာတဲ့သူတွေဆိုရင် နည်းနည်းတော့ ပြဿနာရှိလိမ့်မယ်”
“သခင်လေးရဲ့ အစီအစဉ်က ဘာလဲ”
ဟီရှီရီက ပြောသည်။
“သူတို့သုံးယောက်ကို စောင့်ကြည့်ဖို့အတွက် လူတစ်ယောက်လွှတ်ထားလိုက်၊ ထူးခြားမှုရှိရင် ငါ့ကို သတင်းပို့”
ကောင်းဖူသည် လက်ကို ဝှေ့ယမ်း၍ ပြောသည်။
“ဟုတ်ကဲ့”
ဟီရှီရိသည် နောက်ဆုတ်သွားသည်။
ကောင်းဖူသည် စာကြည့်ခန်းတွင် တစ်ယောက်တည်းထိုင်နေပြီး ဟီရှီရိပြောသွားသည်များကို တွေးနေသည်။  သူသည် အနည်းငယ်မျှ မျက်လုံးများမှေးစင်းသွားပြီး အချိန်ကြာသည်အထိ ငြိမ်သက်နေသည်။
ထိုအချိန်တွင် စာကြည့်ဆောင်၏ တံစက်မြိတ်တွင် အဖြူရောင်ဝတ်ဆင်ထားသော ရှန်းချင်းဟန်သည် မတ်မတ်ရပ် နေသည်။  လရောင်အောက်တွင် သူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင်လည်း အမူအရာ ကင်းမဲ့နေသည်။  ညလေသည် သူ၏အစွန်းအထင်းကင်းစင်သော အဝတ်များကို လွင့်နေစေပြီး သူ၏အဝတ်အစားများကို ခွဲခြားသိမြင်နိုင်စေသည်။  သူ၏မျက်လုံးများသည် အလွန်အမင်းအေးစက်နေသည်။
တည်းခိုခန်း...
အချိန်အတော်ကြာ အိပ်ပျော်သွားပြီးနောက် သူ နိုးလာသောအခါ သူသည် အကြောများ ဆန့်လိုက်ပြီးနောက် အခန်းတံခါးကို ဖွင့်လိုက်သည်။  သို့သော် သူသည် အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် သစ်သားအပိုင်းအစတစ်ခု ကဲ့သို့ တံခါးတွင် ကပ်နေသောကျန်းရန်ကို မြင်လိုက်ရပြီး အလွန်ကြောက်လန့်သွားသည်။
“မင်းက ဒီမှာဘာလုပ်နေတာလဲ”
လင်းကျဲ့၏ ပါးစပ်ထောင့်မှ လေကို မှုတ်ထုတ်လိုက်သည်။
“မင်းသားရဲ့အမိန့်အရ သခင်လေးကို ကာကွယ်နေတာပါ”
ကျန်းရန်က ချက်ချင်းပြောသည်။
“ကာကွယ်တယ်….”
လင်းကျဲ့၏မျက်လုံးများသည် အဖြူရောင်သို့ ပြောင်းသွားပြီးနောက် မထီမဲ့မြင်ပြောလိုက်သည်။
“ရှန်းချင်းဟန်က မင်းကို ငါ့ကိုစောင့်ကြည့်ဖို့အတွက် အမိန့်ပေးသွားတာပေါ့”
“အာ…”
ကျန်းရန်သည် ခဏမျှတွေဝေသွားပြီးနောက် ရယ်မောလိုက်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ၊ မင်းသားက သခင်လေးရဲ့ လုံခြုံမှုအတွက်စိုးရိမ်လို့ပါ”
အိမ်ရှေ့စံမိဖုရားသည် တခါတရံတွင် အလွန်ဉာဏ်ကောင်းသည်ဟု ကျွန်တော်ပြောခဲ့ပါသည်။
“တော်၊ ရပ်စမ်း၊ ငါက ရှန်းချင်းဟန်ဆိုတာ ဘယ်သူမှန်းမသိဘူး”
လင်းကျဲ့က မဲ့လိုက်ပြီးနောက် ထွက်သွားပြီး အကြောဆန့်ကာ ဝေ့ကြည့်လိုက်သည်။
“ဒါနဲ့စကားမစပ် ရှန်းချင်းဟန်က ဘယ်မှာလဲ”
“မင်းသားက အပြင်ထွက်သွားပါတယ်”
ကျန်းရန်ကဖြေလိုက်သည်။
“အပြင်?”
လင်းကျဲ့သည် အံ့အားသင့်သွားပြီးနောက် ကြည့်လိုက်သောအခါ ညအမှောင်က အုပ်စိုးထားသည်။
“အခု မှောင်နေပြီ၊ သူက ဘယ်ကိုထွက်သွားတာလဲ”
“ဒီမေးခွန်းက ကျွန်တော်အတွက် ဖြေဖို့မလွယ်ကူပါဘူး”
ကျန်းရန်သည် သူဆက်၍ မပြောနိုင်ကြောင်း စဉ်းစားလိုက်မိသည်။
“သူက တစ်ယောက်တည်း သွားပြီးစုံစမ်းတာလား”
“သူက စုံစမ်းဖို့အတွက် တစ်ယောက်တည်း ထွက်သွားတာလား”
လင်းကျဲ့က မျက်မှောင်ကြုတ်လိုက်သည်။
“………”
ကျန်းရန်သည် မည်ကဲ့သို့ဖြေရမည်ကို မသိပေ။
“ကောင်းတယ်၊ ရှန်းချင်းဟန်က ငါ့ကို တစ်ယောက်တည်းထားသွားပြန်ပြီ၊ ကျိုးကြောင်းမဆီလျော်လိုက်တာ”
လင်းကျဲ့သည် စိတ်ဆိုးစွာ အံကို တင်းတင်းကြိတ်လိုက်သည်။
“သခင်လေး စိတ်မဆိုးပါနဲ့၊ မင်းသားက သခင်လေးကို အန္တရာယ်မရှိစေချင်လို့ပါ”
ကျန်းရန်က ပျာပျာသလဲ ဖြေရှင်းလိုက်သည်။
“သွားစမ်းပါ”
လင်းကျဲ့သည် ကျန်းရန်အားကြည့်ပြီးပြောသည်။
“သူက ငါ့ကိုအထင်သေးတာပဲ၊ သူပြန်လာရင် ငါ သူ့ကို သင်ခန်းစာပေးရမယ်၊ ဒီမျက်နှာသေကတော့”
စကားကို အဆုံးသတ်ပြီး လင်းကျဲ့သည် အခန်းတွင်းသို့ ပြန်ဝင်သွားကာ တံခါးပိတ်သံ ထွက်ပေါ်လာသည်။
ကျန်းရန်သည် ပိတ်ထားသော တံခါးနောက်မှ ကျယ်လောင်သောဆူညံသံများကို နားထောင်ပြီး သက်ပြင်းချလိုက် သည်။  ထို့နောက် သူသည် မကြားချင်ယောင် ဆောင်ထားလိုက်သည်။
မိဖုရားသည် ချင်နိုင်တော်၏သမိုင်းတွင် အပူဆုံးလူတစ်ဦးဖြစ်မည်ကို စိုးရွံ့မိပါသည်။
ညဉ့်နက်သည်အထိ ရှန်းချင်းဟန်သည် ပြန်မလာသေးပေ။
လင်းကျဲ့သည် အခန်းထဲတွင် မေးစေ့ကိုကိုင်၍ ထိုင်နေပြီး စိတ်စောသော လက်ချောင်းအချို့သည် စားပွဲခုံအား ခေါက်နေသည်။  ဖယောင်းတိုင်သည် ဖြည်းဖြည်းချင်း လောင်ကျွမ်းနေသည်။
လင်းကျဲ့သည် လုံးဝစိတ်ဓါတ်ကျနေသည်။
“ဘာကြောင့် ရှန်းချင်းဟန်က ပြန်မလာသေးတာလဲ၊ ခင်ဗျား အပြင်မှာသေနေပြီလား”
လင်းကျဲ့သည် အလွန်တုန်လှုပ်နေသည်။  မသိလိုက်စွာပင် သူသည် စားပွဲခုံအား မြန်မြန်ခေါက်နေသော်လည်း အသံသည် အပြင်သို့ထွက်မလာပေ။
သည်းခံ၍ မဖြစ်နိုင်တော့သောအခါ လင်းကျဲ့သည် မတ်တတ်ရပ်ပြီး အခန်းတံခါးဆီသို့ လျင်မြန်စွာလျှောက်လာ ကာ တံခါးကို ဖွင့်လိုက်သည်။
“ဘာကြောင့် သခင်လေးက ခုထိအနားမယူသေးတာလဲ”
သူက လင်းကျဲ့ကို မြင်သောအခါ ကျန်းရန် အံအားသင့်သွားသည်။
“ရှန်းချင်းဟန် ခုထိပြန်မရောက်သေးဘူးလား”
လင်းကျဲ့သည် သူ၏နူးညံ့သောမျက်ခုံးများကို တွန့်လိုက်သည်။
“ဟုတ်ကဲ့၊ မကြာခင် ပြန်ရောက်လာမှာပါ”
ကျန်းရန်သည် ခေါင်းညိတ်ပြပြီး လင်းကျဲ့ကို စိတ်သက်သာရာရစေသည်။
“သခင်လေး မစိုးရိမ်ပါနဲ့၊ မင်းသားကတော်ပါတယ်၊ ဘာကိစ္စမှ ဖြစ်မှာမဟုတ်ပါဘူး”
“သူ့ကို ဘယ်သူက စိုးရိမ်နေလို့လဲ”
ထိုစကားကို ကြားလိုက်သည်နှင့် လင်းကျဲ့၏မျက်နှာသည် ပြင်းထန်စွာပူလာပြီး အရောင်များပြောင်းလာသည်။  သူသည် အလွန်စိတ်ဆိုးကာ ပြောလိုက်သည်။
“ငါက သူ့ကို သင်ခန်းစာပေးချင်လို့ စောင့်နေရုံပါ၊ ဘယ်သူက သူ့ကို ငါ့ကိုထားခွင့်ပေးလို့လဲ၊ အဓိပ္ပါယ်မရှိတာ မပြောနဲ့”
လင်းကျဲ့သည် ကျန်းရန်၏မျက်လုံးတွင်းမှ အရိပ်အယောင်များကို ကြည့်၍ ရှက်ရွံ့နေသည်။  သူက ရယ်မောလိုက် သည်။
“သခင်လေး၊ အရင်အနားယူလိုက်ပါ၊ မင်းသား မကြာခင်ပြန်လာပါလိမ့်မယ်”
“သူသေရင်တောင် ငါနဲ့ဘာမှမဆိုင်ဘူး”
လင်းကျဲ့သည် အော်ပြီး တံခါးကို ပိတ်သွားသည်။
ကျန်းရန်သည် နားရွက်ကို ပွတ်၍ သက်ပြင်းချလိုက်သည်။  သူသည် အသံတိုးတိုးဖြင့်ရေရွတ်ရုံမှလွဲ၍ မတတ်နိုင် ပေ။ 
“မင်းသား မကြာခင်ပြန်လာရင် ပိုကောင်းပါလိမ့်မယ်၊ ဒီလိုအတိုင်းသာဆိုရင် ကျွန်တော်မျိုးနားကန်းသွားပါလိမ့်မယ်”
တည်းခိုခန်းတွင် အလွန်တိတ်ဆိတ်နေဆဲဖြစ်သည်။
လင်းကျဲ့သည် နဖူးကိုကိုင်ပြီး စားပွဲတွင်ထိုင်နေသည်။  သူသည်ငိုက်မျည်းနေပြီး သူ၏ခေါင်းမှာလည်း ပို၍လေးလံလာသည်။
“ကျန်းရန် သမားတော်သွားပင့်၊ အရမ်းဆူညံအောင်မလုပ်နဲ့”
လင်းကျဲ့သည် အိပ်ပျော်လုနီးပါး ဖြစ်နေသောအချိန်တွင် ရုတ်တရက် အပြင်ဘက်မှ အေးစက်သောအသံသည် ထွက်ပေါ်လာသည်။  သူ၏မျက်လုံးများသည် ရုတ်တရက်ပွင့်လာပြီး ငိုက်မျည်းမှုသည်လည်း အဝေးသို့ရောက်သွားကာ နှလုံးခုန်သံသည် မြန်လာခဲ့သည်။
“ရှန်းချင်းဟန်?”
လင်းကျဲ့သည် လျင်မြန်စွာထရပ်လိုက်သည်။  ရုတ်တရက် လင်းကျဲ့သည် သူ၏ခြေထောက်များကို ဂရုမစိုက်လိုက် မိသောကြောင့် ခြေထောက်သည် စားပွဲခုံအစွန်းနှင့်မတော်တဆ ခိုက်မိသွားသည်။  သူသည် မျက်မှောင်ကြုတ်၍ အော်လိုက်မိသည်။
“နာတယ်၊ နာတယ်”
လင်းကျဲ့သည် အံကိုကြိတ်၍ နာကျင်မှုကိုကြံကြံခံကာ ပြေးထွက်လိုက်သည်။
သူသည် တံခါးကို ဖွင့်လိုက်သောအခါ အဖြူရောင်ပုံရိပ်သည် သူ၏အကြည့်ထဲသို့ တိုးဝင်လာသည်။
ထိုနေရာတွင် အလင်းရောင် အနည်းငယ် ရှိနေဆဲဖြစ်သည်။
တပြိုင်တည်းမှာပင် ရှန်းချင်းဟန်၏ လက်ထဲမှ ပိန်သွယ်လှပပြီး ဖျော့တော့နေသောမိန်းကလေးသည်လည်း လင်းကျဲ့၏အကြည့်ထဲသို့ တည့်တည့်တိုးဝင်လာသည်။
လင်းကျဲ့သည် တွန်းအားပေးလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now