Part 141

1.1K 159 1
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 141

ထိုစကားကိုကြားသောအခါ ရှန်းရန်ဝမ်သည်အလွန်စိတ်လှုပ်ရှားသွားသည်။ သူသည် နားကြားလွဲသွားသည်ဟု သံသယပင်ဝင်မိသည်။

“မင်းက ဒီရေခဲတုံးကို သဘောကျတယ်လို့ပြောလိုက်တာလား”

“ဟုတ်ပါတယ်၊ ဘာများမှားနေပါသလဲ”

လင်းကျဲ့က ခေါင်းမော့ကြည့်လိုက်သည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မင်းက ဒီရေခဲတုံးကို မေတ္တာသက်ဝင်လိမ့်မယ်လို့ ဒီအဖေက မမျှော်လင့်ထားမိလို့ပါ”

ရှန်းယန်ဝမ်က မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီး သက်ပြင်းချသည်။

လင်းကျဲ့သည် စောဒကတက်ချင်နေသည်။ ထိုသူသည် အရှင်မင်းကြီး၏သားအရင်းပင်ဖြစ်သည်။ ဒါက အဘယ်ကဲ့သို့သော သူမျိုးပါလိမ့်။

“ဟားဟားဟား မင်းက ဒီရေခဲတုံးကိုသဘောကျတယ်ဆိုမှတော့ အဖေစိတ်သက်သာရာရပါပြီ”

ရှန်းယန်ဝမ်ကရယ်မောလိုက်ပြန်သည်။

လင်းကျဲ့က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

“လင်းကျဲ့ နောက်ပိုင်းမင်းမှာအချိန်ရှိရင် နန်းတော်ကိုလာပြီး အဖေနဲ့မကြာခဏလာတွေ့ပါ၊ စစ်တုရင်ကစားရင်း စကားပြောကြတာပေါ့”

ရှန်းယန်ဝမ်သည် လင်းကျဲ့အားကြည့်ပြီးပြုံးနေသည်။

“ဒါပေမယ့် ကျွန်တော်က စစ်တုရင်မကစားတတ်ဘူး”

လင်းကျဲ့ကပြောသည်။

သူသည် စစ်တုရင်ကစားနည်းကိုမသိပေ။

“ဒါကလွယ်ပါတယ်၊ ချင်းဟန်ကိုသင်ပေးခိုင်းလိုက်မယ်၊ သူက ကမ္ဘာပေါ်မှာ ပြိုင်စံရှားစစ်တုရင်ကစားသမားပဲ၊ အဖေတောင် သူ့ကို တစ်ကြိမ်မှမနိုင်ဘူး”

ရှန်းယန်ဝမ်သည် အဓိပ္ပါယ်ပြည့်ဝစွာဖြင့်ပြောလိုက်သည်။ ရှန်းချင်းဟန် စစ်တုရင်ကစားနည်းအား စတင်လေ့လာစဉ်ကတည်းက ရှန်းယန်ဝမ်သည် ရှန်းချင်းဟန်အား မနိုင်ဖူးပေ။ ရှန်းချင်းဟန်သည် ဖခင်ဖြစ်သူရှန်းယန်ဝမ်အား သက်ညှာခြင်းမရှိပေ။ ထို့ကြောင့် ရှန်းချင်းဟန်သည် ဖခင်ထက်ပင် ပို၍တတ်ကျွမ်းလာသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now