part16

4.4K 541 2
                                    

unicode
Chapter 16

အရှေ့ခြံသို့ ပြန်ရောက်သောအခါ ထိုအကြောင်းကို တွေးလေလေ မကျေနပ်လေဖြစ်သည်။

ဟင်း၊ သူထွက်သွားချင်တယ်။

စာကြည့်ခန်းထဲတွင် ရှန်းချင်းဟန်၏ စိတ်ခံစားချက်မှာ တည်ငြိမ်လာသည်။

သူသည် စားပွဲခုံရှေ့တွင် ငြိမ်သက်စွာ ထိုင်နေပြီး စာရွက်ပေါ်တွင် တစ်စုံတစ်ရာအား ရေးသားနေသည်။ လက်ရေးမှာ သပ်ရပ်ပြီး စေ့စပ်သေချာသည်။

ကျန်းရန်သည် စားပွဲရှေ့တွင် မတ်တပ်ရပ်နေသည်။

“သူက သူ့စိတ်ကို သေချာမထိန်းနိုင်ဘူး၊ ရက်အနည်းငယ် အတွင်းမှာပဲ ပြဿနာဖြစ်လိမ့်မယ်၊ သေချာ စောင့်ကြည့်ထား”

ရှန်းချင်းဟန်သည် စုတ်တံအား လက်မှချလိုက်ပြီး ခေါင်းကိုမော့၍ ကျန်းရန်အား ကြည့်ကာပြောလိုက်သည်။

“ဒီငယ်သားနားလည်ပါပြီ”

ထို့နောက် ကျန်းရန်သည် ထွက်သွားသည်။

ရှန်းချင်းဟန်သည် သက်ပြင်းချလိုက်သည်။

မျှော်လင့်ထား သကဲ့သို့ပင် ရှန်းချင်ဟန်၏ ခန့်မှန်းမှုမှာ မှန်ကန်ခဲ့သည်။

နှစ်ရက်မျှ ကုန်လွန်ပြီးနောက် လင်းကျဲ့သည် နောက်တစ်ကြိမ် ထွက်ပေးရန်အတွက် အဆင့်သင့် ဖြစ်နေခဲ့လေပြီ။

ဤအကြိမ်တွင်တော့ သူသည် ယခင်ကထက် ပို၍ ဉာဏ်ကောင်း လာခဲ့သည်။ သူသည် စန်းရှီ၏ အဝတ်အစားများကို ပြောင်းလဲ ဝတ်ဆင်ပြီးနောက် စန်းရှီ၏ သက်သေခံ ကတ်ပြားအား ယူဆောင်လာခဲ့ကာ ပင်မတံခါးပေါက်မှ တစ်စုံတစ်ခု ဝယ်ယူရန်ဟူသည့် သင့်လျော်သော နည်းလမ်းဖြင့် ထွက်လာခဲ့သည်။

သို့သော်လည်း အိမ်တော်တွင်ရှိသော လူတိုင်းသည် လင်းကျဲ့အား သိကြသည်။ ထို့ကြောင့် သူသည် တံခါးပေါက်ရှိ အစောင့်များမှ မမှတ်မိစေရန် ဦးထုပ်ဆောင်း၍ ခေါင်းကို ငုံ့ထားလေသည်။

“ရပ်လိုက် မင်း ဘယ်သွားမှာလဲ”

လင်းကျဲ့သည် တံခါးဆီသို့ လျှောက်လာချိန်တွင် အစောင့်က သူ့အား တားဆီးလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now