part 67

2K 255 2
                                    

Unicode

အခန်း - ၆၇

စာသင်ဆောင်
လင်းကျဲ့သည် စားပွဲပေါ်တွင် ခေါင်းကို မှီတင်ထားပြီး မှိန်းနေသည်။   လျူဇီချင်းအား အချိန်ကြာမြင့်စွာ စောင့်ဆိုင်း နေရပြီး သူသည် အိပ်ပျော်လုနီးပါး ဖြစ်နေသည်။ 
လင်းကျဲ့၏ မျက်ခွံများမှာ အလွန်လေးလံနေပြီး သူ၏အသိစိတ်မှာ အဝေးသို့ လွင့်မျောနေသည်။   သူ၏မျက်လုံးများ သည် မှေးစင်းနေပြီး အမြင်အာရုံမှာလည်း တဖြည်းဖြည်းဝါးလာသည်။ 
အတိုင်းအတာ မသိနိုင်သည့် အချိန်ပမာဏတစ်ခု ကုန်လွန်ပြီးနောက် ဖြူစင်သော ပုံသဏ္ဌာန်တစ်ခုသည် တံခါးအား ဖြတ်ကျော်၍ ဝင်ရောက်လာပြီး ငိုက်မြည်းနေသော လင်းကျဲ့သည် မျက်လုံးများအား ဖွင့်လိုက်သည်။   အမှန်မှာ သူသည် အများကြီးမမြင်ရဘဲ သူ၏ခေါင်းသည်လည်း ရှင်းရှင်းလင်းလင်းမရှိပေ။   ထို့ကြောင့်လင်းကျဲ့သည် ဝိုးတဝါး မေးမြန်းလိုက်သည်။ 
“လျူသခင်လေး ဒီနေ့ မင်းဘာလို့ဒီလောက်နောက်ကျနေတာလဲ”
“အရင်ဆုံး ငါဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပါဦး”
ထိုနောက် သူသည် ရုတ်တရက်နိုးလာပြီး မျက်လုံးများအား ဖွင့်လိုက်သည်။   ရုတ်ချည်းပင် ရှည်လျားဖြောင့်မတ် သောပုံရိပ်တစ်ခုသည် သူ၏ မြင်ကွင်းထဲသို့ ဝင်လာခဲ့သည်။   လင်းကျဲ့သည် ချွေးပြန်လာသလို ခံစားလိုက်ရပြီး အေးစက်သောလှိုင်းတစ်ခုသည် သူ၏ခေါင်းပေါ်တွင် ဖြတ်သန်းသွားပြီး အကြည့်အား ရှေ့သို့ ဖြည်းဖြည်းချင်း ရွှေ့လိုက်သည်။   ကောင်းကင်ဘုံ၏ အမျက်ဒေါသများနှင့် ပြည့်နေသော ရှန်းချင်းဟန်၏ လှပသောမျက်နှာအား မြင် လိုက်ရသောအခါ လင်းကျဲ့၏ အမူအရာမှာ တောင့်တင်းသွားသည်။ 
လင်းကျဲ့၏နှုတ်ခမ်းမှာ မဲ့သွားသည်။ 
“ခင်ဗျားက ဘာလို့ဒီမှာရှိနေတာလဲ၊ နောက်ပြီး လျူသခင်လေးကရော”
“လျူသခင်လေးက နေမကောင်းဘူး၊ ဒီတစ်လတော့ မင်းကို စာသင်ပေးနိုင်မှာ မဟုတ်ဘူး”
ရှန်းချင်းဟန်က ပြောသည်။ 
ထိုစကားအား ကြားသောအခါ လင်းကျဲ့သည် ပျော်ရွှင်မှုကို ထိန်းမထားနိုင်ပေ။  
“တကယ်လား”
“တကယ်”
ရှန်းချင်းဟန်က ပြန်ဖြေသည်။ 
လင်းကျဲ့သည် ပျော်ရွှင်မှုကို လျှို့ဝှက်ထားလိုက်ပြီး “နောက်ဆုံးတော့ လွတ်မြောက်သွားပြီ”
လင်းကျဲ့သည် အောင်ပွဲခံသံ နှင့်အတူ မတ်တတ်ရပ်လိုက်ပြီး ပြုံးလျက် တံခါးဆီသို့ ခြေလှမ်းကျဲများဖြင့် ထွက်ခွာ သွားသည်။ 
“လျူသခင်လေးမလာဘူးဆိုမှတော့ ကျွန်တော်အရင်သွားနှင့်မယ်”
“ရပ်လိုက်”
လင်းကျဲ့သည် တံခါးမှအပြင်ဘက်သို့ ထွက်မည်ပြုစဉ် ရှန်းချင်းဟန်သည် မျက်ခုံးများအား အနည်းငယ်ပင့်လျက် တားလိုက်သည်။ 
လင်းကျဲ့သည် ခေတ္တမျှရပ်တန့်သွားပြီးနောက် အမိန့်နာခံစွာဖြင့် အခန်းတွင်းသို့ ပြန်လျှောက်လာကာ ရှန်းချင်းဟန်အား စိတ်ဆိုးသော အမူအရာဖြင့် ကြည့်လိုက်သည်။ 
“လျူသခင်လေး မလာနိုင်ပေမယ့် မင်း စာလေ့လာစရာ/သင်စရာမလိုဘူးလို့ ငါမပြောဘူးလေ”
ရှန်းချင်းဟန်သည် ခေါင်းမော့၍ လက်ကို နောက်ပစ်ကာ ပြောလိုက်သည်။ 
ထိုသို့ကြားသောအခါ လင်းကျဲ့သည် ထိတ်လန့်သွားပြီး စိတ်ရှုပ်လာသည်။ 
“မနက်ဖြန် နောက်ထပ် သခင်လေးတစ်ယောက် လာလိမ့်မယ်၊ မင်းပြောထားတာကို နားထောင်ဖို့ မမေ့နဲ့”
ထို့နောက် ရှန်းချင်းဟန်သည် လှည့်ထွက်သွားသည်။ 
လင်းကျဲ့သည် ရှန်းချင်းဟန်ကို ဆွဲ၍ ငိုပြသော်လည်း မျက်ရည်များ ကျမလာပေ။ 
“ရှန်းချင်းဟန် ခင်ဗျားက တကယ်နှလုံးသားမဲ့တာပဲ”
သူ့အတွက် တစ်ယောက်ရရန်ပင်မလွယ်ကူပေ။   အဘယ့်ကြောင့်အခြားတစ်ယောက်ကို လက်ခံရမည်နည်း။ 
“မင်း ဘာတွေးနေတာလဲ”
ရှန်းချင်းဟန်သည် ခံစားချက်ကင်းမဲ့ သောမျက်နှာဖြင့် မေးလိုက်သည်။ 
" “ကျွန်တော့်ဘဝမှာ ခင်ဗျားနဲ့ဆုံတွေ့ရတာ တကယ်ကံမကောင်းတာပဲ”
ရှန်းချင်းဟန်သည် သူ့၏လက်အား ဆွဲယူ၍ ချက်ချင်းပြောလိုက်သည်။ 
“အတူတူပဲ”
ထို့နောက် ရှန်ချင်းဟန်သည် စိတ်ဆင်းရဲနေသော လင်းကျဲ့အား ချန်ထားလျက် ထွက်လာခဲ့သည်။ 
နောက်ရက်တွင် သခင်လေးအသစ်တစ်ယောက် ရောက်လာခဲ့သည်။ 
အသစ်ရောက်လာသောဆရာသည် ခေါင်းမာသော အသက်ကြီးကြီး လူတစ်ယောက်ဖြစ်သည်။   သူသည် လက်ထောက်ဆရာကျောင်းဖြစ်ပြီး အရာရာကို တတ်သိနားလည်သော ပညာရှင်တစ်ယောက်ဟု သိရသည်။   သူသည် ဧကရာဇ်အား ပညာသင်ကြားပေးဖူးပြီး ကောင်းကင်ဘုံမှ သားတော်၏ ဆရာဟူ၍ နာမည်ကြီးသည်။ 
လင်းကျဲ့သည် လျူဇီချင်းသည် လေရှည်ပြီး ကိုင်တွယ်ရ ခက်ခဲသည်ဟု သတ်မှတ်ထားပြီး လက်ထောက်ဆရာ ကျောင်းသည် သူ့ထက် ပို၍ဆိုးရွားသည်ကို တွေးမထားမိပေ။ 
အိမ်ရှေ့စံမိဖုရား အရှင်က မှားဖတ်နေတယ်၊ ဒါက ၃၃၀၀%ကောင်းကင်ဘုံရထားလမ်းမဟုတ်ဘူး၊ ၃၃၀၀% ကောင်းကင်ဘုံအဆင့်များ ဖြစ်တယ်၊ စာလုံးတစ်လုံးတိုင်းရဲ့ အဓိပ္ပါယ်က ကွဲပြားတယ်၊ ပြီးတော့ အလွန်လေးနက် တယ်၊ အဟွတ် အဟွတ်၊ သုံးထောင့်သုံးရာအကြောင်းပြောကြတာပေါ့၊ နားထောင်ထားပါ မိဖုရား”
လက်ထောက်ဆရာကျောင်းသည် စာအုပ်ကို ကိုင်လျက် သူ၏ ဖြူဆွတ်နေသော မုတ်ဆိတ်မွေးများကို ပွတ်သပ်နေပြီး ဆက်လက် ရွတ်ဆိုနေသည်။ 
ရှည်လျားသော စာပိုဒ်ကို နားထောင်နေလျက် လင်းကျဲ့သည် စိတ်ပျက်လာပြီး စာအုပ်ကိုပင် ကိုင်မထားနိုင်တော့ ဘဲ စားပွဲပေါ်သို့ ပြုတ်ကျသွားသည်။ 
လင်းကျဲ့သည် ရုတ်တရက်ဒေါသထွက်လာပြီး သူသည် အဓိပ္ပါယ်မရှိသည်များကို ပြောဆိုရေရွတ်နေရသည်ဟု ခံစားလိုက်ရသည်။   သူသည် နန်းတွင်းပညာရှင်ကျောင်းသည် သူ့ထက်ပို၍ အဓိပ္ပါယ်မရှိသည်များကို ပြောဆိုလိမ့် မည်ဟု မျှောလင့်မထားမိဘဲ ထိုအရာက သူ့ကို သည်းခံနိုင်စွမ်း မဲ့စေသည်။ 
လင်းကျဲ့သည် ငြီးငွေ့လာပြီး သူသည် ဆက်၍သာ နားထောင်နေပါလျှင် ရူးသွားနိုင်သည်။ 
လင်းကျဲ့သည် ခေါင်းငုံ့၍ ခေါင်းကိုကုတ်လိုက်သည်။ 
“အိမ်ရှေ့စံမိဖုရား နားထောင်နေရဲ့လား”
လက်ထောက်ဆရာကျောင်းသည် ရပ်တန့်၍ လင်းကျဲ့အား ကြည့်လိုက်သည်။ 
“အာ၊ ဟုတ်ကဲ့၊ နားထောင်နေတာပေါ့”
လင်းကျဲ့သည် ချက်ချင်းခေါင်းမော့၍ ပြုံးပြသည်။   ထို့နောက်သူသည် ထပ်၍ ပြောလိုက်သည်။ 
“အာ၊ အခု ဆရာကျောင်းက ဘာပြောလိုက်တာပါလဲ”
လက်ထောက်ဆရာကျောင်းသည် မျက်မှောင်ကြုတ်သွားပြီး နဖူးသွေးကြောများ ဖောင်းလာသည်။   “ငါပြောတာကို မကြားလိုက်ဘူးလား။  “
“အာ လက်ထောက်ဆရာကျောင်း နားလည်မှုမလွဲပါနဲ့၊ ကျွန်တော်တကယ်  မကြားလိုက်တာပါ၊ ဒါပေမယ့် ဆရာ့ရဲ့ စကားတွေက စိတ်ဝင်စားစရာကောင်းပါတယ်၊ ကျွန်တော် နည်းနည်း စိတ်ရှုပ်သွားလို့ပါ”
လင်းကျဲ့က ရယ်မောလိုက်သည်။ 
လက်ထောက်ဆရာကျောင်း၏ မျက်နှာမှာ ပို၍ စိတ်ဆိုးသည့်အသွင် ပေါ်လာခဲ့သည်။ 
“ဒီပုဂ္ဂိုလ်က အိမ်ရှေ့စံမိဖုရားဆိုတာ ငါတကယ်မယုံနိုင်ဘူး။” 

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now