Part 122

1.3K 170 4
                                    

Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 122

ဖယောင်းတိုင်မီးအလင်းရောင်အောက်တွင် ရှန်းချင်းဟန်၏အမူအရာသည် တစ်ခုခုထူးဆန်းနေသည်။ သူသည် ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ ရှန်းကူရန်သည် ရှန်းချင်းဟန်အား စိုက်ကြည့်နေရာမှ ယပ်တောင်အား အသံမြည်အောင်ပိတ်လိုက်သည်။

“အစ်ကိုတော် ဘာကို စိတ်အနှောင့်အယှက်ဖြစ်နေတာလဲ”

“ဘာမှမဟုတ်ဘူး”

ရှန်းချင်းဟန်က ချက်ချင်းတည်ငြိမ်သွားသည်။

“အဲ့ဒါဆိုရင် ကျွန်တော်ပြန်လိုက်ပါဦးမယ်”

ရှန်းကူရန်က မတ်တတ်ရပ်လိုက်သည်။

“ငါမင်းကို ပြန်ပို့ပေးရမလား”

ရှန်းချင်းဟန်သည် ယနေ့တစ်ယောက်တည်းရောက်လာသောရှန်းကူရန်အားတစ်ချက်ကြည့်လိုက်သည်။

“မလိုပါဘူး မလိုပါဘူး”

ရှန်းကူရန်က ရှန်းချင်းဟန်အား ပြုံး၍ကြည့်သည်။

“အစ်ကိုတော်က ကျွန်တော့်ကို တကယ်ဂရုစိုက်တာပဲ၊ ကျွန်တော် ပြန်ပြီ”

ရှန်းကူရန်ထွက်သွားသည်နှင့် ကျန်းရန်ပြန်ရောက်လာသည်။

“မင်းသားတစ်ဆယ်ပြန်သွားပါပြီလား”

ကျန်းရန်က ဝေ့ကြည့်လိုက်သည်။

“အင်း”

ရှန်းချင်းဟန်က ပြန်ဖြေသည်။ ထိုအခိုက်အတန့်တွင် သူသည် တစ်စုံတစ်ရာအား တွေးတောနေသည့်ပုံပေါ်သည်။ သူက နေရာတော်တော်များများမီးလောင်ကျွမ်းထားသည့်စာတစ်စောင်ကို ထုတ်ယူလိုက်ပြီး ကျန်းရန်အား ပေးလိုက်သည်။

“ကောင်းဖူနဲ့ဒီလူကြားက ဆက်စပ်မှုကို စုံစမ်းလိုက်”

ကျန်းရန်က ထိုစာအား ခဏမျှကြည့်လိုက်ပြီးနောက် တရိုတသေယူလိုက်သည်။ စာသည် နေရာအများစုမီးလောင်ထားပြီး ပါဝင်သည့်အကြောင်းအရာသည် အပြည့်အစုံမရှိပေ။ သူသည် စာအဆုံးတွင်ရှိသော စည်းတံဆိပ်အား မြင်လိုက်သည်။ သို့သော် အပြည့်မဟုတ်ဘဲ “ကျင်ယု”ဟူသောစကားလုံးသာကျန်နေခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားحيث تعيش القصص. اكتشف الآن