Part 149

1.1K 155 5
                                    

Unicode
Chapter 149

လင်းကျဲ့က ရှန်းကူရန်၏အမူအရာကို မြင်သောအခါ ထိုအရာသည် မကောင်းသောအရာတစ်ခုဖြစ်သည်ဟု ခံစားမိလိုက်သည်။ ထို့ကြောင့် သူကခေါင်းရမ်းပြသည်။

“ငါအဲ့ဒါကို မလိုချင်ဘူး”

“ဒါက ကောင်းတဲ့အရာတစ်ခုပါ၊ ငါ မင်းတွက်ရှာပေးခဲ့တာ”

ရှန်းကူရန်က လူယုတ်မာပြုံး ပြုံးလျက်ပြောသည်။ သူသည် လူကောင်းတို့၏ အပြုံးအမူအရာကို သိဟန်မတူပေ။

“ငါ့အတွက်လား”

လင်းကျဲ့က မယုံကြည်နိုင်ဖြစ်ကာ သူ့ကိုယ်သူညွှန်ပြလိုက်သည်။

“အတိအကျပြောရရင် မင်းနဲ့အစ်ကိုတော်ရဲ့ပျော်ရွှင်သောဘဝအတွက်ပဲ”

ရှန်းကူရန်က သူ့ဝသီအတိုင်း ပြုံးနေသည်။

“ရှန်းချင်းဟန်နဲ့ငါ”

လင်းကျဲ့သည် နားမလည်နိုင်သေးပေ။

“ဒါပေါ့၊ မင်းတို့နှစ်ယောက်လုံးက အတွေ့အကြုံမရှိဘူးလေ၊ ကစားသလိုဖြစ်နေမှာ၊ လိုအပ်တဲ့အခါ မင်းက အခြား အရာတွေကနေသင်ထားရမှာပေါ့”

ရှန်းကူရန်က ယပ်တောင်ဖြင့် သေတ္တာအား ညွှန်ပြပြီးပြောသည်။

အနားတွင်ရှိသောယုချန်သည် မရယ်မောဘဲ မနေနိုင်ပေ။

သခင်လေး၏တစ်စုံတစ်ယောက်အား လှည့်စားခြင်းစွမ်းရည်သည် ပို၍ကောင်းမွန်လာသည်။

“မင်း ငါ့ကိုထပ်ပြီးလိမ်ပြန်ပြီလားလို့ ငါ တွေးနေတာ”

လင်းကျဲ့သည် ရှန်းကူရန်၏အပြုအမူအား မည်သို့ပင်နားလည်သည်ဟု ဆိုစေကာမူ ရှန်းကူရန်၏စကားများသည် ထိန်းချုပ်မှုကင်းမဲ့သည်ကို သူသိသည်။

“မင်း ဘာဖြစ်နေလို့လဲ”

ရှန်းကူရန်က နှဖူးကိုကိုင်ပြီး ပြုံးနေသည်။ သူသည် လင်းကျဲ့အား မသိမသာကြည့်နေသည်။

မင်းသားအိမ်တော်...

အရှေ့ခြံဝန်း

လင်းကျဲ့သည် စားပွဲပေါ်မှ သစ်သားသေတ္တာအား ကြည့်ပြီး သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် သူသည် ထိုအရာအား ယူပြီးပြန်လာခဲ့သည်။ ထို့အပြင် သူပြန်မလာခင် ရှန်းယူရန်က သူ့အား ထိုအရာကို မပျောက်စေရန် ပြောလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now