part 114

1.3K 180 5
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၁၁၄

အပြင်ဘက်တွင် မိုးသည် ပို၍သည်းလာသည်။
“ငါ့ဘာသာငါလုပ်မယ်”
ရှန်းချင်းဟန်က လင်းကျဲ့အား အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက် ပြောသည်။
“အိုး”
လင်းကျဲ့က လက်များကို နောက်ဆုတ်လိုက်သည်။
ရှန်းချင်းဟန်သည် သူ၏အပေါ်ဝတ်ရုံအား ဖြည်းညှင်းစွာ ချွတ်လိုက်ပြီး ခါးပတ်ကို ဖြည်လိုက်သည်။  လျော့ရဲနေ သော အင်္ကျီအောက်မှ တောင့်တင်းသော ခန္ဓာကိုယ်အပေါ်ပိုင်းသည် လင်းကျဲ့၏ မျက်ဝန်းများထဲသို့ ဝင်ရောက်လာသည်။  လင်းကျဲ့၏မျက်လုံးများသည် ချက်ချင်းဝိုင်းစက်သွားပြီးနောက် သူသည် ရှက်ရွံ့သွားပြီး နှလုံးခုန်မြန်လာသည်။
“ရပြီ”
ရှန်းချင်းဟန်၏ အသံထွက်ပေါ်လာသည်။
လင်းကျဲ့က ခေါင်းမော့လိုက်ပြီး ထိခိုက်ထားသော ပုခုံးတစ်ဖက်ကိုသာ ဖော်ထားသော ရှန်းချင်းဟန်ကို မြင်လိုက်ရသည်။  သို့သော် အဖြူရောင် ကျောက်စိမ်းကဲ့သို့သော အသားအရေနှင့် ဆွဲဆောင်မှုရှိသော အချို့အစိတ်အပိုင်းများကိုမူ ဖုံးကွယ်မထားနိုင်ပေ။  လင်းကျဲ့သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် အကြောင်းရင်းကို ရှာဖွေရန် ကြိုးစားလိုက်သည်။
ထူးဆန်းစွာသည် သူတို့နှစ်ယောက်စလုံးသည် ယောက်ျားများဖြစ်သော်လည်း ရှန်းချင်းဟန်နှင့် မျက်နှာချင်းဆိုင် လိုက်သည်နှင့် မည်သည်ကြောင့် သူ၏နှလုံးသည် လည်ချောင်းထဲမှခုန်ထွက်လာမည်ကဲ့သို့ လျင်မြန်စွာ ခုန်လာရ သည်ကို လင်းကျဲ့မသိပေ။ 
“တကယ်လို့နာတယ်ဆိုရင် ကျွန်တော့်ကိုပြောနော်”
လင်းကျဲ့က ဆေးပုလင်းကိုဖွင့်၍ ကိုင်ထားပြီး ရှန်းချင်းဟန်၏ပုခုံးပေါ်ရှိဒဏ်ရာကို အချိန်အကြာကြီး စိုက်ကြည့် နေသည်။ 
“အင်း”
ရှန်းချင်းဟန်၏မျက်နှာသည် မပြောင်းလဲသော်လည်း အနည်းငယ်ဖျော့နေသည်။
လင်းကျဲ့က အသက်ပြင်းပြင်းရှူလိုက်ပြီး ဆေးမှုန့်များကို ဒဏ်ရာပေါ်သို့ ဖြည်းဖြည်းချင်းလောင်းထည့်လိုက် သည်။  ရှန်းချင်းဟန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နဖူးပေါ်တွင်လည်း ချွေးများထွက်လာသည်။
“အရမ်းနာလား”
လင်းကျဲ့က ရှန်းချင်းဟန်အား ကြည့်၍မေးလိုက်သည်။
“မနာဘူး”
ရှန်းချင်းဟန်က ခေါင်းရမ်းလိုက်သည်။
“ဒါကလိမ်တာပဲ၊ ဒဏ်ရာကနက်ပြီးတော့ သွေးတွေအများကြီး ထွက်ထားတာ၊ ခင်ဗျားခန္ဓာကိုယ်က သံနဲ့လုပ်ထား တာမှမဟုတ်တာ၊ ဘယ်လိုများ မနာနိုင်ရမှာလဲ”
လင်းကျဲ့၏ မျက်နှာသည် ပြောင်းလဲသွားပြီးနောက် သူ၏အင်္ကျီမှ အစတစ်ခုကို ဆုတ်ဖြဲ၍ ရှန်းချင်းဟန်၏ ဒဏ်ရာ ပေါ်တွင်ရစ်ပတ်ပြီး စည်းနှောင်ပေးလိုက်သည်။
“အဲဒီဓါးပြမှာ ဓါးပါတယ်ဆိုတာကို သိရဲ့နဲ့ခင်ဗျားမရှောင်ဘူး၊ ခင်ဗျားက အရူးလား၊ ဒါမှမဟုတ် ခင်ဗျားက မပျက်စီးနိုင်ဘူးလို့ ထင်နေတာလား၊ သေသွားရင်ဘယ်လိုလုပ်မလဲ”
ရှန်းချင်းဟန်က မျက်လုံးများကို အောက်သို့စိုက်၍ လင်းကျဲ့၏နူးညံ့သောခြေကျင်းဝတ်ကို ကြည့်နေသည်။  ရုတ်တရက် သူက တိုးတိုးပြောသည်။
“မသေပါဘူး”
“ဟုတ်တယ်၊ဟုတ်တယ်၊ မသေပါဘူး၊ ရပြီလား”
လင်းကျဲ့က ပါးစပ်ကိုပိတ်လိုက်ပြီး ဆက်၍မပြောတော့ပေ။
လင်းကျဲ့၏အမူအရာကို ကြည့်၍ ရှန်းချင်းဟန်က ရယ်မောလိုက်သည်။
“ခင်ဗျားက ဘာရယ်တာလဲ”
လင်းကျဲ့က ခေါင်းမော့၍ ရှန်းချင်းဟန်အား စိုက်ကြည့်လိုက်သည်။
“ဘာမှမဟုတ်ဘူး”
ရှန်းချင်းဟန်က ပြုံးလိုက်သည်။
“ခုထိရယ်နိုင်သေးတယ်၊ တစ်နေ့နေ့ ခင်ဗျားတကယ်သေသွားရင်တောင် ကျွန်တော်အံ့သြမှာမဟုတ်ဘူး”
လင်းကျဲ့က ပြောသည်။
ရှန်းချင်းဟန်သည် ဘာမှမပြောတော့ဘဲ အဝတ်အစားများကို ပြန်ဝတ်လိုက်သည်။  သို့သော် အဝတ်အစားများ သည် ချွတ်ရန်သာလွယ်သော်လည်း ပြန်ဝတ်ရာတွင်မူ ဒဏ်ရာကြောင့်အခက်တွေ့နေလေသည်။  ရှန်းချင်းဟန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လှုပ်ရှားမှုသည်လည်း မညင်သာပေ။
“ကျွန်တော်ကူပေးမယ်”
လင်းကျဲ့သည် ကြည့်မနေနိုင်ပေ။  သူသည် ရှန်းချင်းဟန်၏ အဝတ်များကို ကူ၍ဝတ်ပေးလေသည်။
“ငါ့ဘာသာဝတ်နိုင်ပါတယ်”
ရှန်းချင်းဟန်က ပြောသည်။
“ဒီလိုပုံစံနဲ့ ဘယ်လိုဝတ်နိုင်မှာလဲ၊ ဒဏ်ရာကို ထပ်ပြီးခိုက်မိရင် ဘယ်လိုလုပ်မလဲ၊ ဒီတစ်ခါဖြစ်ရင် ခင်ဗျားသေသေ ရှင်ရှင် ကျွန်တော်ဂရုမစိုက်တော့ဘူး”
လင်းကျဲ့က ချက်ချင်းပြောသည်။
ရှန်းချင်းဟန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ကောင်းပြီ”
ရှန်းချင်းဟန်၏ အဝတ်အစားများသည် လင်းကျဲ့လက်ထဲသို့ ကျရောက်သွားသည်။
လက်ချောင်း ထိပ်လေးများသည် အေးစက်သောအရေပြားကို ထိမိသောအခါ လင်းကျဲ့၏လက်ချောင်းထိပ်များ သည် တစ်စုံတစ်ခုနှင့် ထိုးခြင်းခံရသကဲ့သို့ ဖြစ်သွားသည်။
သူ၏ပါးပြင်များသည် နီရဲနေပြီဖြစ်သည်။  သူ၏လက်ချောင်းများသည် ပူနေသောအရာကို ထိတွေ့မိသကဲ့သို့ ဖြစ် နေသည်။  လင်းကျဲ့သည် ရှန်ချင်းဟန်အား အင်္ကျီဝတ်ပေးပြီးနောက် လက်များကို ပြန်ရုတ်လိုက်သည်။
“ရပြီ”
လင်းကျဲ့သည် နီရဲနေသောမျက်နှာနှင့် ဘေးတွင်ထိုင်လိုက်သည်။  သူသည်ရှန်းချင်းဟန်အား မကြည့်ဝံ့ပေ။  ထို့နောက် သူက တံတွေးမြိုချလိုက်သည်။  သူသည် ထိုအကြောင်းအား တွေးမိလေလေ ပို၍ရှက်ရွံ့လာလေလေ ဖြစ်သည်။  သူသည် လက်များဖြင့် မျက်နှာကို အုပ်ထားလိုက်သည်။
ဘုရားသခင်၊ သူဘာများဖြစ်နေပါသလဲ။
အဘယ့်ကြောင့် သူသည် ယောက်ျားတစ်ယောက်ကို ရင်ခုန်နေပါသနည်း။
လင်းကျဲ့၏ နှလုံးသားထဲတွင် ထူးဆန်းနေသည်။
သို့သော် မည်သည့်နေရာက ထူးဆန်းနေသည်ကို သူမသိပေ။  သို့သော် သူသည် ရှန်းချင်းဟန်နှင့် နှစ်ယောက်တည်း ရှိသည့်အချိန်တိုင်းတွင် နှလုံးသားသည် သူ၏ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နေသည်။
နှလုံးခုန်သံမြန်လာပြီး မျက်နှာသည်လည်း ပူလာသည်။   ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မီးလောင်ကျွမ်းနေသကဲ့ သို့ ပူလာသည်။
ထိုသို့ခံစားနေရခြင်းအတွက် ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။
“မဟုတ်ဘူး၊ ငါ ကုလို့မရတဲ့ရောဂါတစ်ခုခု ခံစားနေရတာလား”
လင်းကျဲ့သည် အပြင်သို့ထုတ်မပြောဘဲမနေနိုင်ပေ။  သူအသံထွက်လာသောအခါ ပါးစပ်ကို လျင်မြန်စွာ ဖုံးအုပ် လိုက်ပြီးနောက် ရှန်းချင်းဟန်အား ရှင်းပြရန်ကြိုးစားလိုက်သည်။  သို့သော် ရှန်းချင်းဟန်သည် မျက်လုံးများကို မှိတ်ပြီး နံရံပေါ်တွင်မှီ၍ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
“အိပ်ပျော်နေတာလား”
လင်းကျဲ့သည် အံသြသွားပြီး ခန္ဓာကိုယ်အား ညင်သာစွာရွှေ့လိုက်သည်။  သူသည်ခေါင်းကို အနည်းငယ်မော့၍ ရှန်းချင်းဟန်အား ကြည့်လိုက်သည်။
ရှည်လျားပြီး ပါးလွှာသော မျက်တောင်များ၊ လှပသောမျက်ခုံးများနှင့် မျက်နှာသည် ခံစားချက်များကို မဖော်ပြ တတ်သော်လည်း တိုင်းပြည်နှင့် ပြည်သူများအတွက် ဘုရားသခင်၏ အနုပညာဖြစ်ပုံရသည်။  လင်းကျဲ့က အနည်း ငယ်နှာခေါင်းရှုံ့လိုက်သည်။  ချင်တိုင်းပြည်ရှိမိန်းကလေးများအားလုံးရူးသွပ်ရသောရှန်းချင်းဟန်ကဲ့သို့လူမျိုးသည် မရည်ရွယ်သော်လည်း သူကြောင့်ထိခိုက်အနစ်နာခံရသည်ကို သူမသိပေ။ 
“အာ ရှန်းချင်းဟန် ခင်ဗျား ဘာကြောင့်ကျွန်တော့်ကို မိဖုရားအဖြစ် လက်ထပ်မယ်လို့ကတိပေးခဲ့တာလဲ။  ခင်ဗျားက ငတုံးလား၊ ဒီလိုယောက်ျားကြီးနှစ်ယောက်လေ၊ ကျွန်တော့်ကို နောက်နေတာလား”
လင်းကျဲ့က ပြောလိုက်ပြီး အကြောင်းရင်း မသိသော်လည်း သူ၏နှလုံးသားသည်ခါးသီးနေသည်။  နောက်ဆုံးတွင် သူသည် ရယ်မောလိုက်ပြီးနောက် အသံသည် တိုးတိုးလာသည်။
“ဒါပဲလေ”
လင်းကျဲ့သည် အသက်ပြင်းပြင်းရှူလိုက်သည်။  သူသည်တစ်နေ့လုံး ပြေးလွှားနေရသောကြောင့် အလွန်ပင်ပန်းနေသည်။  သူသည် ရှန်းချင်းဟန်ဘေးရှိနံရံကိုမှီပြီး အိပ်ပျော်သွားတော့သည်။
လင်းကျဲ့က အိပ်မက်တစ်ခုမက်ခဲ့သည်။
ထိုအိပ်မက်သည် အလွန်ထူးဆန်းသည်။
သူ၏အိပ်မက်ထဲတွင် အမှောင်ထုထဲမှ ရှန်းချင်းဟန်ကို မြင်လိုက်ရသည်။
အမှန်တွင် လင်းကျဲ့က ထိုသူသည် ရှန်းချင်းဟန်ဖြစ်သည်ဟု မသေချာပေ။  အဘယ့်ကြောင့်ဆိုသော် ထိုသူသည် လင်းကျဲ့အား ကျောခိုင်းထားသည်။
သို့သော် အဖြူရောင်ဝတ်စုံနှင့်အနက်ရောင်ဆံကေသာသည် လေထဲတွင်လွင့်ပျံနေပြီး ထိုပုံရိပ်သည် ရှန်းချင်းဟန် နှင့်တူသည်။
လင်းကျဲ့သည်ထူးဆန်းနေသည်။
သူသည် အဘယ့်ကြောင့်ရှန်းချင်းဟန်ကို အိပ်မက်မက်ရသနည်း။
ရှန်းချင်းဟန်ကို မုန်းလွန်းသည့်အတွက် နေ့တိုင်း ထိုအကြောင်းအား တွေးမိနေပြီး ညဘက်တွင် အိပ်မက်မက်သည်လား။
ထိုကဲ့သို့ဆိုပါလျှင် အိပ်မက်ဆိုးတစ်ခု ဖြစ်သင့်သည်မဟုတ်လား။
သို့သော် လင်းကျဲ့သည် အိပ်မက်မှ မနိုးထချင်သေးပေ။  သူသည် ရှေ့တွင်ရှိသော ရှန်းချင်းဟန်၏ နောက်ကျောကို ကြည့်နေသည်ကပင် စိတ်ကျေနပ်နေသည်။
ထိုအိပ်မက်ဆိုးမှ မနိုးထချင်တော့ပေ။
လင်းကျဲ့၏ အိပ်မက်သည်  မပြီးသေးပေ။
ဤအရာသည် အိပ်မက်ဆိုး မဟုတ်ဘူးလား။
သူသည်စိတ်ပြောင်းသွားသည်။
သို့မဟုတ် ထိုသူသည် ရှန်းချင်းဟန်မဟုတ်ခြင်း ဖြစ်နိုင်သည်။
ဟုတ်တယ်၊ ဒါပဲဖြစ်ရမည်။
ရှန်းချင်းဟန်ကို အိပ်မက်မက်ရသည်မှာ ထူးဆန်းလွန်းသည်မဟုတ်ပါလား။
မဟုတ်ဘူး၊ ဒါကထူးဆန်းရုံမဟုတ်ဘူး၊ မယုံနိုင်စရာပဲ၊
“လင်းကျဲ့”
လင်းကျဲ့သည် ထို့ကဲ့သို့တွေးရုံမျှရှိသေးသည်။  ရုတ်တရက် ရင်းနှီးသောအသံတစ်ခုသည် ထွက်ပေါ်လာသည်။
တိုးပြီး အားနည်သောအသံတစ်သံကို နားထဲတွင်ကြားလိုက်ရသည်။
ထိုအချိန်တွင် ကျောခိုင်းထားသောသူသည် တဖြည်းဖြည်းလှည့်လာသည်။
လှပသောမျက်လုံးမျက်ခုံးများ၊ ပါးလွှာသောနှုတ်ခမ်းများနှင့် ကြယ်စုံသောညကဲ့သို့ နက်ရှိုင်းသည့်မျက်ဝန်းများ
လင်းကျဲ့၏မျက်လုံးများသည် ပြင်းထန်စွာ လှုပ်ခတ်သွားသည်။
တစ်စက္ကန့်မျှအကြာတွင် သူသည် တင်းကျပ်စွာ ဆုပ်ကိုင်ခြင်းခံလိုက်ရသည်။
ရင်းနှီးကျွမ်းဝင်နေသာမွှေးရနံ့နှင့် ပူပြင်းသောအပူချိန်

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now