Part 150

1.1K 153 2
                                    

Unicode

Chapter 150

လင်းကျဲ့သည် အခန်းဆီသို့ပြန်လာပြီးနောက် သူသည် ထိုအကြောင်းအား ပိုပြီးတွေးလေလေ ပိုပြီးစိတ်ဆိုးလာ လေလေဖြစ်ပြီး တစ်ညလုံးတွေးနေခဲ့သည်။

နောက်ရက်၌ လင်းကျဲ့သည် စိတ်ဆိုးပြီး ကူရန်အိမ်တော်သို့ထွက်လာခဲ့သည်။

ကူရန်အိမ်တော်

“မင်းဘာဖြစ်လာတာလဲ၊ အသံတိတ်နေပါ့လား၊ မင်းက ဒဏ်ရာရထားတဲ့လူနဲ့ လေညင်းခံဖို့လာတာ၊ သွားဖို့ စိတ်ပါရဲ့လား”

ရှန်းကူရန်က နှုတ်ခမ်းကိုမဲ့လိုက်ပြီး စားပွဲရှေ့တွင်ထိုင်နေသည့် နဖူးပေါ်ရှိသွေးကြောများ ဖောင်းနေသောလင်းကျဲ့အား ကြည့်လိုက်သည်။

ဤပုဂ္ဂိုလ်သည် နေ့လယ်ခင်းတစ်ပိုင်းလုံးသူနှင့်အတူနေနေသည်။

သူရောက်လာသည်နှင့် စကားတစ်ခွန်းမှမပြောဘဲ ခြံဝန်းအတွင်းတွင်ထိုင်နေသည်။ ရှန်းကူရန်သည် လင်းကျဲ့၏ဇွဲကို လေးစားမိသည်။

“ကူရန်၊ ရှန်းချင်းဟန်က ငါ့ကို လုံးဝမနှစ်သက်ဘူးလို့မင်းထင်လား”

ရုတ်တရက် လင်းကျဲ့သည် ရှန်းကူရန်အား ကြည့်ပြီးမေးလိုက်သည်။

ထိုအသံကိုကြားပြီး ရှန်းကူရန်သည် ခေတ္တမျှဆွံ့အသွားပြီး မည်ကဲ့သို့ဖြေရမည်ကိုမသိပေ။ အချိန်အတော်ကြာပြီး နောက် သူက လည်ချောင်းရှင်းလိုက်ပြီး ပြောသည်။

“အစ်ကိုတော်က ဘယ်လိုလူမျိုးလဲဆိုတာမင်းမသိဘူး”

လင်းကျဲ့က သက်ပြင်းချလိုက်ပြီး ယောက္ခမကို ပြစ်မှားခဲ့သော ချွေးမတစ်ယောက်ကဲ့သို့ဖြစ်နေသည်။

“မင်းအဲဒါနဲ့ပတ်သက်ပြီးမတွေးမိဘူးလား၊ ဘာလို့ရုတ်တရက်မေးတာလဲ”

ရှန်းကူရန်က လင်းကျဲ့အား ကြည့်ပြီးမေးလိုက်သည်။

အမှန်တရားအရ လင်းကျဲ့၏သဘာဝသည် လွတ်လပ်ပြီးတက်ကြွသည်။

“ငါ ရုတ်တရက်စိတ်မကောင်းဖြစ်လာပြန်ပြီ”

လင်းကျဲ့က ရယ်လိုက်သည်။ သူ၏အပြုံးသည် ထူးဆန်းနေသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားNơi câu chuyện tồn tại. Hãy khám phá bây giờ