part 7

7.2K 730 2
                                    

unicode

Chapter 7

မြင်းလှည်းပေါ်သို့ ရောက်သောအခါ လင်းကျဲ့သည် သူ့ကိုယ်ပိုင် ဘဝအကြောင်း စတင်တွေးတောမိသည်။

လွန်ခဲ့သောရက် အနည်းငယ်က သူသည် မုန့်ရောင်းသော လမ်းဘေးဈေးသည် တစ်ဦးသာ ဖြစ်နေခဲ့သည်။ ယခုမူ သူသည် ဘယ်လိုများ အိမ်ရှေ့စံမိဖုရား ဖြစ်လာပါလိမ့်။

ဤကာလအတွင်း ခုန်ကျော်ခြင်းမှာ အလွန်မြင့်မားသည်။ (ဖြစ်ပျက်သမျှသည် မြန်ဆန်လွန်းလှသည်။)

လင်းကျဲ့သည် မည်မျှပင် ကြိုးစားသော်လည်း နားမလည်နိုင်ပေ။

ရှန်းချင်းဟန်သည် သူ့ကို အဘယ့်ကြောင့် လက်ထက်ပါသနည်း။

“ထွက်လာခဲ့”

သူဘာမှမလုပ်ရှားနိုင်ခင် မြင်းလှည်း အပြင်ဘက်မှ အသံအေးစက်စက်သည် ထွက်ပေါ်လာသည်။

“သိတယ်၊ ကျွန်တော်သိတယ်၊ ဒီအချိန်မှာ ကျွန်တော်ဘာမှကို မလုပ်နိုင်သေးဘူး”

လင်းကျဲ့ လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

“…”

သူမြင်းလှည်းပေါ်မှ ဆင်းလာသောအခါ နန်းတော်၏ အဝင်တံခါးပေါက်တွင် ရပ်နေသော ရှန်းချင်းဟန်အား တွေ့လိုက်သည်။

“ဘာလဲ၊ ကျွန်တော်ထွက်ပြေးသွားမှာကို ကြောက်နေတာလား”

လင်းကျဲ့ အပြုံးနှင့် ဆိုလိုက်သည်။

“မင်း အဓိပ္ပါယ် မရှိတာတွေ ဆက်ပြောနေမယ်ဆိုရင် ငါ မင်းပါးစပ်ကို ဖြဲပစ်ရလိမ့်မယ်”

ရှန်းချင်းဟန်သည် လှည့်ထွက်သွားသည်။

လင်းကျဲ့သည် ချက်ချင်း အပြင်သို့ ထွက်လာပြီး ပါးစပ်ကို အုပ်ထားလိုက်သည်။

“ငါ့နောက်လိုက်ခဲ့”

ရှန်းချင်းဟန်သည် ခြေလှမ်းများကို ရပ်လိုက်ပြီး ထိုးစကားများကို လေသံနှိမ့်၍ ပြောလိုက်သည်။

လင်းကျဲ့သည် နောက်မှလိုက်သွား၏။

ရှန်းချင်းဟန်နှင့်အတူ နန်းတွင်းသို့ ဝင်လာသောအခါ လင်းကျဲ့၏အဖြစ်မှာ မြို့တော်သို့ ရောက်လာသော တောသားအဖြစ် ကဲ့သို့ပင်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now