unicode
Chapter 4ထိုအချိန်တွင် ရှန်းချင်းဟန်ဆီသို့ သတင်းသွားပို့သော အစောင့်နှစ်ယောက်မှာ လင်းကျဲ့၏ အပြုအမူကို သတိထား မိသွားသည်။
"မဟုတ်သေးဘူး၊ မိဖုရားရဲ့အခန်းထဲမှာ အစေခံတစ်ယောက်ပဲ ရှိတာပါ၊ ပြီးတော့ သူက ပြန်ထွက်သွားတယ်လေ၊ အဲဒါဆို အခုပြောလိုက်တာက ဘယ်သူလဲ"
ပြောပြီးပြီးချင်းမှာပဲ သူတို့နှစ်ဦးလုံးသည် နောက်ပြန် လှည့်ပြေးလာခဲ့ကြသည်။
သူတို့ ပြန်ရောက်လာသောအခါ အခန်းတံခါးမှာ ပိတ်ထားသည်။ တံခါးကို တွန်းဖွင့်လိုက်သည်။ သို့သော် အိမ်ရှေ့မိဖုရား လင်းကျဲ့မှာ အခန်းထဲတွင် မရှိတော့ပေ။ တလက်လက် တောက်ပနေသော ရတနာများနှင့် မင်္ဂလာဝတ်စုံသာ ကျန်ရှိနေသည်။
တစ်ပြိုင်တည်းလိုပင် ကြီးမားသော ပန်ကန်းကြီးနှင့် မုန့်များ သယ်ယူလာသော အစေခံသည် သူ့ရှေ့မြင်ကွင်းကို ကြည့်၍ မျက်တောင် ပုတ်ခတ်ခတ် လုပ်နေသည်။ သူသည် မျက်နှာဖြူဖျော့နေသော အစောင့်အား မေးလိုက်သည်။
"အစ်ကိုတို့ မိဖုရားက ဘယ်မှာလဲ"
"ငါတို့က မင်းကိုမေးချင်တာ"
အစောင့်များသည် လျင်မြန်စွာ ပြန်လှည့်ပြီး ပေးသွားကြသည်။
နောက်မှာတော့ ငိုင်တွေနေသော အစေခံသည် နေရာမှာပင် ရပ်လျက် ကျန်နေခဲ့သည်။
မင်္ဂလာပွဲမှာ ပြီးဆုံးရုံသာရှိပြီး ဧကရာဇ်သည် နန်းဆောင်သို့ ပြန်လည် ကြွချီသွားသည်။
တစ်နေ့လုံး ပြေးလွှားပြီးသည့် နောက်တွက် ရှန်းချင်ဟန်သည် အလွန် ပင်ပန်းနေသည်။ သူသည် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး မျက်လုံးများကို မှိတ်ကာ မျက်ခုံးများ၏ အလယ်ကို နှိပ်နေသည်။
ထိုအချိန်တွင် အစောင့်နှစ်ယောက်မှာ ဖုတ်ပူမီးတိုက် ရောက်ရှိလာသည်။
"အရှင်မင်းသား ပြဿနာတက်ပါပြီ"
"ဟမ်"
ရှန်းချင်းဟန်သည် အေးစက်စွာ တုံ့ပြန်လိုက်သည်။
အစောင့်နှစ်ယောက်မှာ အချင်းချင်း ကြည့်လိုက်ပြီး တက်ညီလက်ညီ အော်ပြောလိုက်သည်။
![](https://img.wattpad.com/cover/302550265-288-k511691.jpg)
YOU ARE READING
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား
Romanceဘာသာပြန်သူ- နေရီ လင်းကျဲ့က ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါနော်။ ဘာသာပြန်သူက တော်တော်လေး ကြိုးစားပြီးတော့ ပြန်ထားတဲ့ စာစဉ်လေးပါ။