part 53

2.7K 295 5
                                    

unicode

Chapter 53

“အိုး၊ ဒါဆို ဘေးဖယ်ပေး”

လင်းကျဲ့သည် ကျန်းရန်အားပတ်၍ တံခါးအား ဖွင့်ဟန်ပြုသည်။

ကျန်းရန်၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ချက်ချင်းပင် လင်းကျဲ့အား ပြန်ဆွဲလိုက်သည်။

“သခင်လေး အခုက မင်းသားအတွက် အနည်းငယ် အဆင်မပြေ ဖြစ်နေပါတယ်”

သူတို့သည် သူခိုးနှင့်မီးရန်မှ ကာကွယ်သကဲ့သို့ သူတို့ကိုယ်သူတို့ လင်းကျဲ့ရန်မှ ကာကွယ်နေရသည်။

“ဘာအဆင်မပြေတာလဲ၊ မြန်မြန် သွားခွင့်ပေးပါ။ ငါ့မှာ ရှန်းချင်းဟန်နဲ့ ပြောစရာရှိတယ်”

လင်းကျဲ့သည် သူ၏လက်အား ကိုင်ထားသော ကျန်းရန်အား ကြည့်၍ ပြောသည်။

ကျန်းရန် စိုးရိမ်သည်မှာ လင်းကျဲ့သည် အိမ်ရှေ့စံမိဖုရား ဖြစ်သောကြောင့် သူသည် အားအများကြီးလည်း မသုံးရဲပေ။

“ကျွန်တော်နောက်မှ ပြောပေးလို့ မရဘူးလား”

“မင်းနောက်မှ လုပ်လို့မရဘူး၊ သေရေးရှင်ရေး ကိစ္စပဲ”

လင်းကျဲ့သည် ကျန်းရန်ကို အားဖြင့် တွန်းလိုက်သည်။ ထို့နောက်တံခါးကို တွန်းဖွင့်လိုက်ပြီး ခြေလှမ်းကြီးများဖြင့် အထဲသို့ တိုက်ရိုက် ဝင်သွားသည်။ ကျန်းရန်သည် သူ့အား မတားနိုင်လိုက်ပေ။ သူသည် အကူအညီမဲ့စွာပင် နဖူးအား ရိုက်လိုက်မိသည်။

လင်းကျဲ့သည် တံခါးကို တွန်းဖွင့်ပြီး ခေါင်းကို မော့လိုက်သည်။ မမျှော်လင့်စွာပင် ခန္ဓာကိုယ် အပေါ်ပိုင်း ဘလာဖြင့် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး မလှမ်းမကမ်းတွင် ရပ်နေသော ရှန်းချင်းဟန်အား မြင်လိုက်ရသည်။ ရှန်းချင်းဟန်၏ ကြည့်ကောင်းပြီး အနည်းငယ် လွန်ကဲသော ပုံရိပ်ကို မြင်လိုက်သောအခါ သူ၏အမူအရာများမှာ ချက်ချင်းအေးခဲ သွားပြီးနောက် တစ်ကိုယ်လုံးမှာလည်း အေးခဲသွားသည်။

“မင်းသား၊ ဒီငယ်သား မတားလိုက်နိုင်……”

ကျန်းရန်သည် ကူကယ်ရာမဲ့စွာ ပြောသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားDonde viven las historias. Descúbrelo ahora