Part 129

1.5K 195 6
                                    

Unicode
ထွက်ပြေးချင်နေသောမိဖုရား

Chapter 129

ဖယောင်းတိုင်မီးရောင်သည် အနည်းငယ်ယိမ်းနွဲ့နေပြီး စာကြည့်ဆောင်တစ်ခုလုံးကို အလင်းပေးနေသည်။

ညလေအေးသည် ပြတင်းပေါက်မှတိုးဝင်လာပြီး ရှန်းချင်းဟန်၏နှဖူးပေါ်တွင်ကျနေသော ဆံပင်များအား လွင့်စေသောကြောင့် လှပသောမျက်ခုံးများအား ရှင်းလင်းစွာမြင်နေရသည်။

ရှန်းချင်းဟန်သည် တစ်စုံတစ်ရာအား တွေးမိလိုက်ပြီး လင်းကျဲ့အား ကြည့်လိုက်ရာ မနီးမဝေးမှ ထိုင်ခုံပေါ်တွင် မှီထိုင်နေသော လင်းကျဲ့အားမြင်လိုက်ရသည်။ သူသည် အိပ်ပျော်နေပြီဖြစ်သည်။

လေသည် သူ၏နှဖူးပေါ်ရှိဆံပင်များအား လွင့်ပျံနေစေသည်။ လင်းကျဲ့သည် အနည်းငယ်အေးနေပုံပေါ်ပြီး သူ့ကိုယ်သူ တင်းကျပ်စွာဖက်ထားသော်လည်း အိပ်ပျော်နေဆဲပင်ဖြစ်သည်။

“အရူး”

ရှန်းချင်းဟန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး ညင်သာစွာထရပ်ကာ နံရံတွင်ချိတ်ထားသောအပေါ်ဝတ်ရုံကို ယူလိုက်သည်။ ထို့နောက် လင်းကျဲ့၏နောက်ကျောဘက်ဆီသို့ ဖြည်းဖြည်းချင်းလျှောက်သွားပြီး ဝတ်ရုံကို ခန္ဓာကိုယ်ပေါ်သို့ ညင်သာစွာလွှမ်းခြုံပေးသည်။

ရှန်းချင်းဟန်သည် ထိုနေရာတွင်ပင်ရပ်နေပြီး လင်းကျဲ့အား အချိန်အတော်ကြာ ကြည့်နေခဲ့သည်။

တောက်ပသောအဝါရောင်ဖယောင်းတိုင်မီးရောင်သည် ရှန်းချင်းဟန်၏အေးစက်သောမျက်နှာကို နွေးထွေးစေသည်။

……......................................................................................................

နောက်ရက်မနက်ခင်းတွင် နိုးထလာသောလင်းကျဲ့သည် မျက်လုံးများကို ဖွင့်လိုက်သည်နှင့် မလှမ်းမကမ်းတွင် ထိုင်၍ စိတ်ဝင်တစားစာဖတ်နေသော ရှန်းချင်းဟန်အား မြင်လိုက်ရသည်။ လင်းကျဲ့သည် အလွန်ပျော်ရွှင်သွားသည်။ ထို့နောက် သူက ခါးကိုဆန့်လိုက်ပြီးနောက် ရှန်းချင်းဟန်အား တစ်ဝက်မျှသာပွင့်နေသော မျက်လုံးများ ဖြင့် ဆက်၍ကြည့်နေလေသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားUnde poveștirile trăiesc. Descoperă acum