part 84

1.5K 215 5
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၈၄
စည်ကားနေသောလမ်းမကြီးပေါ်တွင် လူများသည် ဟိုဟိုသည်သည်သွားလာနေကြပြီး နေရာတိုင်းတွင် ရောင်စုံ မီးပုံများကို ချိတ်ဆွဲထားပြီး အလွန်သက်ဝင်လှုပ်ရှားနေသည်။
“ဘုရားကျောင်းကပွဲတော်ကို ကျွန်တော်အကြာကြီးလွမ်းနေခဲ့ရတာ”
လင်းကျဲ့သည် ရင်းနှီးကျွမ်းဝင်နေသောမြင်ကွင်းကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားနေခဲ့သည်။
“ပြဿနာမရှာနဲ့”
စိတ်လှုပ်ရှားနေသောလင်းကျဲ့အားကြည့်၍ ရှန်းချင်းဟန်သည် သူ့အား သတိပေးရန် မမေ့ပေ။
“ကျွန်တော်သိပါပြီ၊ ခင်ဗျားက ဘာလို့ဒီလောက်စကားများနေတာလဲ၊ ကျွန်တော်နားညီးနေပြီ”
လင်းကျဲ့သည် မပျော်ရွှင်တော့ပေ။
“အဲ့ဒါက မင်းနားထောင်မှ အသုံးဝင်မှာပေါ့”
ရှန်းချင်းဟန်က ပြောသည်။
“ဒါနဲ့စကားမစပ် ကျန်းရန်က ဘယ်မှာလဲ”
လင်းကျဲ့သည် ကျန်းရန်အား မတွေ့၍ မေးလိုက်သည်။
“အရင်ပြန်သွားပြီ”
ရှန်းချင်းဟန်က ပြောသည်။
“ပြန်သွားတယ်”
လင်းကျဲ့သည် ပတ်ချာလည်လှည့်၍ ကြည့်နေသည်။
“တကယ်ပြန်သွားတာလား”
“သွားစို့”
ရှန်းချင်းဟန်က ထွက်သွားသည်။
“ကောင်းပါပြီ၊ ကျွန်တော့်ကို စောင့်ပါဦး”
လင်းကျဲ့သည် ရှန်းချင်းဟန်အား အမီလိုက်လာသည်။  သူက အသက်ပြင်းပြင်းရှူလိုက်သည်။
ရှန်းချင်းဟန်သည် လင်းကျဲ့၏ရှက်ရွံ့နေသောအမူအရာကို ကြည့်၍ မပြုံးဘဲမနေနိုင်ပေ။
လင်းကျဲ့က မြင်သွားပြီး ရှန်းချင်းဟန်အား စိုက်ကြည့်လိုက်သည်။
“ကျွန်တော် ခင်ဗျားနောက် လိုက်လာတာကို အဲ့လောက်သဘောကျလား”
သူသည် အမြဲတစ်ယောက်တည်းကျန်ခဲ့ပြီး ထိုသူ့နောက်သို့ တစ်ယောက်တည်း ပြေးလိုက်ရသည်။  လင်းကျဲ့သည် အလွန် စိတ်ဖိစီးနေသည်။  သူ၏ခြေထောက်များမှာ တိုသောကြောင့် ရှန်းချင်းဟန်၏ ခြေထောက်ရှည်များနှင့် မည်ကဲ့သို့ နှိုင်းယှဉ်နိုင်မည်နည်း။
“အမှန်ပဲ”
ရှန်းချင်းဟန်က ခတ္တမျှ ငြိမ်သက်သွားပြီးနောက် နှုတ်ခမ်းများအား အနည်းငယ်ဟ၍ စကားကို ပြောလိုက်ပြီး အရှိန်မြှင့်လိုက်သည်။
လင်းကျဲ့၏နှုတ်ခမ်းသည် မဲ့သွားသည်။
“ခင်ဗျား အကျင့်မကောင်းဘူး”
နောက်ဆုံးတွင် လင်းကျဲ့သည် နောက်မှ လိုက်သွားသည်။
အချိန်အတော်ကြာမျှ လျှောက်လည်ပြီးသောအခါ လင်းကျဲ့သည် လမ်းတဝက်မျှ လမ်းလျှောက်ပြီး ဖြစ်သည်။
ရှန်းချင်းဟန်သည် မြင်းရိုင်းတစ်ကောင်ကဲ့သို့ပြေးလွှားနေသောလင်းကျဲ့အား မြင်သောအခါ ကူကယ်ရာမဲ့စွာပင် နဖူးကို ရိုက်မိလိုက်သည်။  ထို့နောက် လင်းကျဲ့အား ခေါ်လိုက်သည်။
“ကျွန်တော် လောင်ဟူဆိုင်က ထောပတ်မုန့်သွားဝယ်လိုက်ဦးမယ်”
လင်းကျဲ့က ပြော၍ လူအုပ်ကြားထဲသို့ ပြေးဝင်သွားသည်။
တခါတရံတွင် ရှန်းချင်းဟန်သည် လင်းကျဲ့၏အားအင်များ မည်သည့်နေရာက ထွက်လာသည်ကို မသိပေ။
လမုန့်စားပွဲတော်ကြောင့်ဖြစ်မည်ထင်သည်။  လမ်းပေါ်တွင် လူစည်ကားနေပြီး လွတ်နေသော နေရာမရှိအောင်ပင် ပြည့်ကျပ်နေသည်။  လင်းကျဲ့သည် လူအုပ်ထဲသို့ တိုးဝင်လာသည်နှင့် ရှန်းချင်းဟန်အား မမြင်နိုင်တော့ပေ။
သူသည် အချိန်အကြာကြီးလှည့်ပတ်ကြည့်နေသည်။  နေရာတိုင်းတွင် ခေါင်းမည်းမည်းများ ရှိနေသည်။  ရှန်းချင်းဟန်သည် မည်မျှပေါ်လွင်ထင်ရှားနေစေကာမူ သူသည် အခု ရှန်းချင်းဟန်အား ရှာမတွေ့ပေ။ “ဘာလို့လဲ၊ ဘာလို့လူတွေများ အဲ့လောက်နေတာလဲ”
လင်းကျဲ့သည် နားမလည်နိုင်ဖြစ်နေပြီး ထိုအကြောင်းကိုပဲတွေးနေမိသည်။  လူများလွန်းသောကြောင့်ဖြစ်မည် များစွာသော လူအမျိုးမျိုးတို့သည် လင်းကျဲ့အား ဖြတ်ကျော်သွားကြသည်။  ထိုအထဲမှ လူတစ်ယောက်သည် လင်းကျဲ့၏ပုခုံးကို တိုက်မိသွားပြီး လင်းကျဲ့သည် ထိတ်လန့်သွားသည်။  သူသည် ဘေးသို့ယိုင်သွားပြီး စိတ်ရှုပ် သွားသည်။
လင်းကျဲ့သည် စိတ်မထိန်းနိုင်ဘဲ ကြည့်လိုက်မိသည်။  သသည် ကမ္ဘာမြေကြီးနှင့် နီးကပ်စွာတွေ့ထိရတော့မည်ဟု တွေးလိုက်မိသောအခါတွင် အေးစက်သောရင်ခွင်ထဲသို့ ကျရောက်သွားသည်။  လူတစ်ယောက်သည် လက်ကို သူ၏ပုခုံးပေါ်တွင်တင်၍ တင်းကျပ်စွာဆုပ်ကိုင်ထားသည်။  သူသည် သင်းပျံ့သည့်စန္ဒကူးရနံ့ကို မမျှော်လင့်ဘဲ ရရှိလိုက်သည်။  “ဂရုစိုက်”
ထို့နောက် အေးစက်၍ ရင်းနှီးသောအသံသည် သူ၏ခေါင်းပေါ်မှ ထွက်လာသည်။  လင်းကျဲ့သည် မျက်လုံးများအား ဖွင့်၍ ကြည့်လိုက်သောအခါ လှပသောမျက်နှာကို မြင်လိုက်ရသည်။  လင်းကျဲ့ မျက်တောင်ခတ်လိုက်သည်။
“ခင်ဗျားက ဒီရောက်နေတာပဲ၊ ခင်ဗျားကို ရှာဖို့လွယ်သားပဲ”
လင်းကျဲ့သည် ရှန်းချင်းဟန်အား မြင်ပြီးနောက် သက်ပြင်းချလိုက်သည်။
“ကျွန်တော်က ခင်ဗျားပျောက်သွားပြီ ထင်နေတာ”
“တကယ်လို့ ပျောက်သွားတယ်ဆိုရင်တောင် မင်းပဲဖြစ်မှာ”
ရှန်းချင်းဟန်သည် ဆွံ့အသွားသည်။
“ပြီးတော့ အမှန်ပြောရရင် ခင်ဗျားကမွှေးနေတာပဲ”
လင်းကျဲ့က ပြုံးလိုက်သည်။  သူသည် ရှန်းချင်းဟန်ဘက်သို့တိုး၍ နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံနေသည်။ ယောက်က်ျားတစ်ယောက်၏မွှေးရနံ့သည် မိန်းမတစ်ယောက်ထက်ပိုကောင်းနေသည်။  ထိုအရာသည် ကျိုးကြောင်းဆီလျော်မှုမရှိပေ။
ရှန်းချင်းဟန်သည် အလိုအလျောက် နောက်သို့ခြေလှမ်းအနည်းငယ်ခန့်ပြန်ဆုတ်လိုက်သည်။
“အဓိပ္ပါယ်မရှိတာ”
“ကျွန်တော်အဓိပ္ပါယ်မရှိတာတွေ ပြောနေတာမဟုတ်ဘူး၊ အနံလေးက မြက်နံ့လေးလိုပဲ”
လင်းကျဲ့သည် ရှန်းချင်းဟန်၏ရင်ခွင်ပေါ်တွင် လဲလျောင်းနေပြီး အနံခံ၍ အပြီးတွင် ရှန်းချင်းဟန်ကို အောင်ပွဲခံသကဲ့သို့ မော့ကြည့်လိုက်သည်။
“အခြားအနံ့………..”
ထို့နှင့် လင်းကျဲ့သည်ခေါင်းငုံ့ပြီး ထပ်၍ အနံ့ခံရန် ကြံစည်လိုက်သည်။  ရှန်းချင်းဟန်သည် လက်ဖြင့် မျက်ခုံးများကို ကိုင်ထားလေသည်။
“မင်း ဘာလုပ်နေတာလဲ”
လင်းကျဲ့၏နှုတ်ခမ်းသည်မကျေနပ်မှုဖြင့် မဲ့သွားသည်။
ရှန်းချင်းဟန်သည် ငုံ့ကြည့်လိုက်ပြီး နောက် အကြည့်ကို ပြန်သိမ်းလိုက်သည်။  သူသည် လင်းကျဲ့အား ဖြည်းညှင်းစွာလွှတ်လိုက်ပြီနောက်ပြောသည်။ 
“မင်း လုံလောက်ပြီဆိုရင် သွားလိုက်တော့”
“အိုး ကပ်စေးနည်းလိုက်တာ”
လင်းကျဲ့သည် နီရဲနေသောမျက်ခုံးများကို ပွတ်လိုက်ပြီး အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။
“သွားကြတာပေါ့”
ရှန်းချင်းဟန်သည် အလွန်လျင်မြန်စွာလမ်းလျှောက်သွားသည်။  လင်းကျဲ့သည် လိုက်၍မမီသောကြောင့် သူတို့ ကြားတွင် လူ​များပို၍ခြားသွားသည်။  လင်းကျဲ့သည် ခြေလှမ်းများကို အရှိန်မြင့်လိုက်ပြီး ရှန်းချင်းဟန်၏ လက်ကို ဆွဲလိုက်သည်။  ရှန်းချင်းဟန်၏ ခြေလှမ်းများသည် ရပ်တန့်သွားသည်။  သူသည် လင်းကျဲ့၏ထိုလုပ်ရပ်အား မမျှော် လင့်ထားသည်မှ သိသာသည်။ 
“ကိုင်ထား၊ ဒီမှာလူတွေအများကြီးပဲ၊ ခင်ဗျားထပ်ပျောက်သွားလိမ့်မယ်”
လင်းကျဲ့သည် တောက်ပသောအပြုံးနှင့်ပြောသည်။
ရှန်းချင်းဟန်သည် အံ့သြသွားသည်။
“သွားမယ်လေ၊ ကျွန်တော်ပြောပြမယ်၊ လောင်ဟူဆိုင်က ထောပတ်မုန့်က တကယ်အရသာရှိတာ၊ ခင်ဗျား မြည်း စမ်းကြည့်သင့်တယ်”
လင်းကျဲ့သည် ရှန်းချင်းဟန်ကို ရှုပ်ထွေးနေသောလမ်းအတိုင်းဆွဲခေါ်သွားသည်။
ရှန်းချင်းဟန်သည် သက်ပြင်းချလိုက်သည်။
သူတို့သည် လင်းကျဲ့ရှာနေသည့် လောင်ဟူဆိုင်သို့ရောက်သောအခါ လင်းကျဲ့၏မျက်နှာမှာဝင်းပသွားသည်။
ဆိုင်ရှေ့တွင် လူများစွာရှိနေသောကြောင့် လင်းကျဲ့သည်လည်း လူတန်းကြီးထဲတွင် စောင့်နေခဲ့သည်။
ရှန်းချင်းဟန်၏ အေးစက်သောအမူအရာနှင့် နတ်ဘုရားတစ်ပါးကဲ့သို့သော ဂုဏ်သိက္ခာကြောင့် ဖြစ်မည်ထင်သည်။  လာရောက်ကြသောလူများသည် ရှန်းချင်းဟန်ကိုကြည့်၍ တီးတိုးပြောနေကြသည်။  ထိုအချိန်တွင် ယခင်က ရောင်းကောင်းနေသော လောင်ဟူဆိုင်၏ စီးပွားရေးသည် ပို၍ပို၍ ကျော်ကြားလာသည်။
သို့သော်၊ လင်းကျဲ့သည် ထောပတ်ကိတ်အပေါ်တွင်သာ အာရုံစိုက်ထားသောကြောင့် ထိုအရာအားမသိပေ။  သူသည် သူ့လှည့်သို့ ရောက်လုပြီဖြစ်သည်။
နောက်ဆုံးတွင် လင်းကျဲ့အလှည့်သို့ရောက်လပြီး ထောပတ်မုန့်အနည်းငယ်အား ဝယ်လိုက်သည်။
“ဧည့်သည်တော်ရဲ့ မုန့်ပါ”
ဆိုင်ရှင်သည် ဆီပေနေသောစက္ကူဖြင့်ထုပ်ထားသောထောပတ်မုန့်ကို လင်းကျဲ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
“ကျေးဇူးပါ ဆိုင်ရှင်”
လင်းကျဲ့သည် လက်ထဲရှိ ဆီစိမ်စက္ကူအားကြည့်လိုက်ပြီး ရှန်ချင်းဟန်ဘက်သို့လှည့်၍ လက်ဖြန့်လိုက်သည်။
ရှန်းချင်းဟန်သည် ခါးမှ ပိုက်ဆံအိတ်ကို ယူ၍ လင်းကျဲ့ဆီသို့ ပစ်ပေးလိုက်သည်။
"အဲလောက်မလိုပါဘူး”
လင်းကျဲ့သည် ပိုက်ဆံအိတ်ထဲမှ ငွေတုံးကို ထုတ်ယူ၍ ရေရွတ်လောက်သည်။
ထို့နောက် လင်းကျဲ့သည် ရှန်းချင်းဟန်၏ပိုက်ဆံဖြင့်ရှင်းလိုက်လေသည်။
လင်းကျဲ့သည် လက်ထဲတွင် ထောပတ်မုန့်ကို ကိုင်လျက် အလွန်ကျေနပ်နေသည်။  သူသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်နှင့် လူတိုင်း၏အကြည့်သည် သူ့ပေါ်တွင် ကျရောက်နေသည်ကို တွေ့လိုက်ရသည်။  သူသည် မျက်တောင်ခတ်လိုက်သည်။
“ဘာလို့ သူတို့က ကျွန်တော်တို့ကို ကြည့်နေတာလဲ၊ ကျွန်တော့်မျက်နှာမှာ ပေနေလို့လား”
“မပေပါဘူး”
ရှန်းချင်းဟန်က အေးစက်စွာပြောပြီးနောက် သူသည် လင်းကျဲ့ကို ခေါ်၍ ထွက်သွားသည်။ ၏
“တကယ်မပေဘူးလား”
လင်းကျဲ့သည် စိတ်ရှုပ်သွားသော်လည်း အကြည့်ပေါင်းများစွာကို ခံစားနေရသည်။
“ငါ အဲ့ဒါကို စဥြးစားလို့ မရဘူး”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now