part 73

2.1K 272 7
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၇၃

“အိပ်မက် မဟုတ်ဘူးပဲ”
ရုတ်တရက် အေးစက်သောအသံသည် ဖြည်းဖြည်းနှင့် လေးလံစွာ ထွက်ပေါ်လာပြီး မိုးခြိမ်းသံကဲ့သို့ လင်းကျဲ့၏ နားဆီသို့ သက်ရောက်သွားသည်။  မြောနေဆဲဖြစ်သော လင်းကျဲ့သည် ရုတ်တရက်မျက်လုံးများကို ဖွင့်ကြည့်လိုက် ပြီးနောက် မယုံကြည်နိုင်ဖြစ်နေသည်။  သူသည် သူ့ရှေ့တွင် အေးစက်နေသောမျက်နှာနှင့် ရပ်နေသော ရှန်းချင်းဟန်အား စိုက်ကြည့်နေသည်။  အိပ်မက်ဖြစ်နေမည်ကို စိုးရိမ်နေသော လင်းကျဲ့သည် ထိန်းမထားနိုင်ဘဲ သူ့အား ဆုပ်ကိုင်လိုက်သောအခါ နာကျင်နေသော လင်းကျဲ့သည် ပြုံးနေသည်။
နောက်ဆုံးတွင် သူသည် အိပ်မက်မဟုတ်ကြောင်းယုံကြည်သွားသောအခါ ရုတ်တရက် ထခုန်နေသည်။  ထို့နောက် သူသည် နံရံကို မှီထိုင်ရန် ကြိုးစားလိုက်သည်။  လင်းကျဲ့သည် နှုတ်ခမ်းထောင့်စွန်းကို တွန့်ကွေးလိုက်ပြီးနောက် ပြောသည်။ 
“ရှန်းချင်းဟန် ခင်ဗျားက ဘာလို့ ဒီမှာရောက်နေတာလဲ”
ထို့နောက် လင်းကျဲ့သည် နှုတ်ခမ်းကို ကိုက်၍ ရေရွတ်လိုက်သည်။
“စန်းရှီက ကျွန်တော့ကို သစ္စာဖောက်သွားတာပဲ ဖြစ်ရမယ်၊ ခင်ဗျားကို မပြောပါနဲ့လို့မှာလိုက်တာကို”
“ငါ မလာဘူးဆိုရင် မင်း ခေါင်းဖြတ်ခံရလိမ့်မယ်”ရှန်းချင်းဟန်သည် လက်နှစ်ဖက်စလုံးကို နောက်တွင်ထား၍ လင်းကျဲ့အား မည်သည့်ခံစားချက်မှမရှိသည့် မျက်နှာဖြင့်ကြည့်နေသည်။  သူသည် အလွန်ထိတ်လန့်နေသည်။
“အဆင်ပြေပါတယ်၊ ခုထိတော့ ခေါင်းဖြတ်မခံရသေးပါဘူး”
လင်းကျဲ့သည် ပြုံးလျက်ပြောသည်။
“တကယ်ခေါင်းဖြတ်ခံရမယ်ဆိုရင် မီပါ့မလား”
ရှန်းချင်းဟန်၏အမူအရာမှာ အလွန်အမင်းမှုန်မှိုင်းနေသည်။
လင်းကျဲ့သည် ပါးစပ်ပိတ်၍ ဦးညွှတ်လိုက်သည်။  သူ၏မျက်နှာမှာ စိတ်ဆိုးနေသည်။
“ကျွန်တော်မှားပါတယ်”
“ဘာမှားတာလဲ”
ရှန်းချင်းဟန်သည် လင်းကျဲ့ကိုသာစိုက်ကြည့်နေပြီး လင်းကျဲ့၏နှလုံးသားလေးသည် တုန်လှုပ်နေသည်။ “မင်း အိမ်တော်အပြင်ကို ခိုးမထွက်သင့်ဘူး”
လင်းကျဲ့သည် လက်ညှိုးထိုးလိုက်ပြီး ရှန်းချင်းဟန်၏အကြည့်များကို ရှောင်ရှားရန် ကြိုးစားလိုက်သည်။ သူသည် ရှန်းချင်းဟန်နှင့် အကြည့်ချင်းဆုံလိုက်သည်နှင့် သေလိမ့်မည်ဟု ခံစားနေရသည်။
“ဒါပဲလား”
ရှန်းချင်းဟန်သည် အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး သူ၏အမူအရာမှာ ပို၍ ပြင်းထန်လာသည်။ လင်းကျဲ့သည် မျက်တောင်များကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်။
“မင်းရဲ့စွမ်းအင်တွေကို လမ်းပေါ်မှာ ထုတ်ပြလိုက်ပြီး ထောင်ထဲအထိရောက်လာတာကော ဘယ်လိုလဲ”
ရှန်းချင်းဟန်၏အသံသည် အေးစက်ပြီး ကြည်လင်နေသည်။
“အင်း….”
လင်းကျဲ့သည် အကြိမ်အနည်းငယ်မျှချောင်းဆိုးလိုက်ပြီး သူ၏ခေါင်းကို ရှက်ရွံ့စွာ ငုံ့လိုက်သည်။  သို့သော် သူသည် တဖန်ခေါင်းပြန်ထောင်လာပြီး ပြောသည်။
“ကျွန်တော်အခုအချုပ်ခန်းထဲရောက်နေပေမယ့် ကျွန်တော်မှားတယ်လို့ မထင်ပါဘူး၊ သူရဲကောင်းတွေက အလှလေးကို ကယ်တယ်ဆိုတာက သဘာဝပဲ၊ ပြီးတော့ လူဆိုးကောင်က အရမ်းရုပ်ဆိုးတယ်၊ လှတဲ့မိန်းကလေး က ဝက်နဲ့ရတာကို ကျွန်တော်ကြည့်မနေနိုင်ဘူး၊ ခင်ဗျားကောကြည့်နိုင်လား၊ ကျွန်တော်တော့သည်းမခံနိုင်ဘူး”
လင်းကျဲ့က ထိုသို့ပြောလိုက်သောအခါ ရှန်းချင်းဟန်၏မျက်နှာမှာ ပို၍ ပို၍ကြည့်ရဆိုးလာပြီး ဘေးပတ်ဝန်းကျင် မှ လေထုသည် အေးခဲလာသည်ကို တွေ့လိုက်ရသည်။  သူသည် ရှက်ရွံ့စွာဖြင့် ပါးစပ်ကိုပိတ်လိုက်ပြီး ဆက်၍ မပြောဝံပေ။
“သူရဲကောင်းကယ်လာတဲ့အလှလေးနဲ့အတူ ဘာလို့ထွက်မသွားတာလဲ”
ရှန်းချင်းဟန်လေသံသည် အေးစက်နေသည်။
“ဟီး ဟီး၊ ကျွန်တော်မှားသွားပါတယ်၊ မရသေးဘူးလား”
လင်းကျဲ့သည် အလွန်နူးညံစွာဖြင့် ပြုံးပြလိုက်သည်။  “ဒါက တကယ့်ပြဿနာပဲ၊ ကျွန်တော်နောက်ထပ် ပြဿနာ မရှာတော့ပါဘူး၊ ခင်ဗျားမယုံသေးဘူးဆိုရင် ကျွန်တော်ကျိန်ပါ့မယ်”
ထို့နောက် လင်းကျဲ့သည် လက်ကိုထောင်၍ ကျိန်မည်ပြုလိုက်သည်။
“ထားလိုက်တော့၊ မင်းရဲ့သစ္စာက အမြဲတမ်းမင်းလက်ချောင်းထိပ်မှာပဲရှိနေတာ”
ရှန်းချင်းဟန်သည် မျက်နှာပြောင်စွာဖြင့် ပြုံးနေသောမျက်နှာကို မြင်လိုက်သည်နှင့် ရှန်းချင်းဟန်သည် ဒေါသများ သည် လျှောကျသွားလေသည်။  သူသည် ထိုတောတွင်းဓါးပြကို မနိုင်ပေ။
“ဒါဆို ခင်ဗျား ကျွန်တော့်ကို ခွင့်လွှတ်ပြီလား”
လင်းကျဲ့သည် ပြုံးနေသည်။
ရှန်းချင်းဟန်သည် လင်းကျဲ့အားအေးစက်စွာကြည့်လိုက်ပြီး ပြန်မဖြေဘဲ လှည့်ထွက်သွားသည်။
လင်းကျဲ့သည် ခေါင်းငိုက်စိုက်ကျသွားသည်။
“မင်း ဘာလို့ရပ်နေသေးတာလဲ။  ပြန်ကြမယ်လေ”
ခြေလှမ်းအနည်းငယ်လှမ်းပြီးသည့်နောက် ရှန်းချင်းဟန်သည် ရုတ်တရက် ရပ်တန့်လိုက်ကာ ပျော့ပြောင်းစွာ ပြောလိုက်သည်။
လင်းကျဲ့သည် ရယ်မောလိုက်ပြီးနောက် ခြေလှမ်းလိုက်မည်ပြုလိုက်သည်။  ရုတ်တရက် သူသည် ကောင်းကင်ကြီး မှာ လည်ပတ်နေသည်ဟု ခံစားလိုက်ရသည်။  သူ၏မျက်လုံးများမှာ အရိပ်များထင်လာပြီး တစ်ခုနှင့်တစ်ခု ရှုပ်ထွေးနေသည်။
“အား”
လင်းကျဲ့သည် မျက်လုံးများ အမှောင်ကျသွားပြီးနောက် လဲကျသွားသည်။
ရုတ်တရက် သူ၏နောက်မှ လဲကျသောအသံကို ကြားလိုက်ရပြီး ရှန်းချင်းဟန်သည် ခေါင်းလှည့်ကြည့်လိုက်သည်။  သူသည် မြေပြင်ပေါ်သို့လဲကျနေသောလင်းကျဲ့အား မြင်လိုက်သောအခါ မျက်လုံးများမှာ အနည်းငယ်ပြူးသွား သည်။  သူသည် လင်းကျဲ့အား ပွေ့ရန်အတွက် ထိုင်ချလိုက်သည်။  သို့သော် လင်းကျဲ့အား ထိလိုက်သည်နှင့် ရှန်းချင်းဟန်သည် ပူနေသည်ကို ခံစားလိုက်ရသည်။
“ဒီအရူးကတော့”
ရှန်းချင်းဟန်သည် လင်းကျဲ့၏နဖူးကို လက်ဖြင့်စမ်းကြည့်လိုက်သောအခါ လက်ချောင်းထိပ်များမှာ တုန်ခါသွား သည်။  ရှန်းချင်းဟန်သည် သူ၏ဝတ်ရုံအား လင်းကျဲ့၏ခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံပေးလိုက်သည်။  သူသည် လင်းကျဲ့အား ပွေ့ချီလိုက်ပြီးနောက် အမြန်ထွက်ခွာသွားသည်။
ကျန်းရန်သည် နောက်မှလိုက်လာသည်။  သူသည် ရှန်းချင်းဟန်က သတိမေ့နေသော လင်းကျဲ့အား ပွေ့ချီထား သည်ကို မြင်လိုက်ရသောအခါ အလွန်ထိတ်လန့်သွားသည်။
“အိမ်ရှေ့စံမိဖုရား ဘယ်လိုဖြစ်သွားတာပါလဲ”
“အိမ်တော်ကို အရင်ပြန်မယ်”
ရှန်းချင်းဟန်သည် သူ၏လက်မောင်းများထဲတွင် လင်းကျဲ့အား ပွေ့ထားပြီး ကျန်းရန်အား လှည့်ကြည့်ရန် အချိန် မရှိပေ။  သူ၏အသံမှာ ပုံမှန်ထက် ပျာယာခတ်နေပြီး အသက်ရှူသံသည်ပင် အနည်းငယ်မြန်နေသည်။
“ကောင်းပါပြီ”
ကျန်းရန်သည် သူ့အား မငြင်းဆန်ဝံ့ဘဲ ရှန်းချင်းဟန်၏နောက်မှ လိုက်လာခဲ့သည်။
ထိုအချိန်တွင် ဖုန်းရွှမ်သည် ရှန်းချင်းဟန်၏နောက်သို့ သုတ်သီးသုတ်ပြာလိုက်လာသည်။  သူသည် ရှန်းချင်းဟန်အား တွေ့လိုက်သောအခါ ဒူးထောက်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တုန်ယင်နေသည်။ 
“အိမ်ရှေ့စံမိဖုရားမှန်းကျွန်တော်မျိုး မသိလို့ပါ၊ ကျွန်တော်မျိုး သေသင့်ပါတယ်၊ မင်းသား ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးတော်မူပါ”
ဖုန်းရွှမ်သည် ကြောက်လန့်နေပြီး ကမောက်ကမပြောဆိုနေသည်။  သူက မင်းသားသည် မည်မျှကြောက်စရာ ကောင်းသည်ကို နားမလည်နိုင်ပေ။
“သွားစမ်း”
ရှန်းချင်းဟန်၏ အပြုအမူသည် ပုံမှန်ဖြစ်နေပြီး တည်ငြိမ်သောမျက်နှာ အေးစက်သောလေသံဖြင့် ပြောသည်။ ဖုန်းရွှမ်သည် ထိတ်လန့်သွားသည်။ ထိုသို့ပြောပြီးသည့်နောက် ရှန်းချင်းဟန်သည် လင်းကျဲ့အား ​သယ်ဆောင်ပြီး ဖုန်းရွှမ်အား ကွေ့ရှောင်၍ ထွက် သွားသည်။ ဖုန်းရွှမ်သည် လုံးဝထိတ်လန့်သွားသည်။ ကျန်းရန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။  မင်သားသည် ဒေါသထွက်သောအခါ သူ၏ပုံရိပ်အား စိုးရိမ်သည်မှာ ရှင်းလင်းလှသည်။ ထို့နောက် ကျန်းရန်သည် ရှန်းချင်းဟန်ထွက်ခွာသွားသည်ကိုမြင်သောအခါ ဖုန်းရွှမ်အား မတ်တတ်ရပ်နိုင်ရန် ကူညီပေးလိုက်သည်။ “ဖုန်းသခင်ကြီး၊ ဒူးမထောက်ပါနဲ့၊ မသိတဲ့သူမှာ အပြစ်မရှိဘူးဆိုတဲ့စကားရှိပါတယ်၊ မင်းသားက အိမ်ရှေ့စံမိဖုရား ကို ကာကွယ်ဖို့စိတ်စောနေတာကြောင့် သတိမပြုမိတာပါ၊ ကျေးဇူးပြုပြီး ဒီကိစ္စကို ဘာမှမဖြစ်ခဲ့သလိုပဲ ထားလိုက် ပါ၊ မင်းသားကလည်း မိဖုရားအဖမ်းခံရတာကို ထပ်ပြီးစုံစမ်းစစ်ဆေးမှာမဟုတ်ပါဘူး၊ အဲလိုဆိုရင် သခင်ကြီး အတွက်လည်း ကောင်းတယ်မလား” ဖုန်းရွှမ်သည် လျင်မြန်စွာပင် ခေါင်းညိတ်လိုက်သည်။ ကျန်းရန်သည် ပြုံးလျက် ထရပ်လိုက်ကာ လျင်မြန်စွာထွက်သွားသည်။ ရှန်းချင်းဟန်သည် အေးစက်သောမျက်နှာဖြင့် လင်းကျဲ့အား ပွေ့ဖက်ထားပြီး အိမ်တော်ဆီသို့ ခြေလှမ်းကျဲကြီး များဖြင့် လျှောက်လာခဲ့သည်။
“သခင်လေး၊ ဘာဖြစ်လာတာလဲ”
“ငါ မင်းကို တွေ့ချင်တယ်၊ စန်းရှီ၊ ငါပျာယာခတ်မနေချင်ဘူး”
ရှန်းချင်းဟန်သည် စကားတစ်ခွန်းမှ မပြောဘဲ အရှေ့ခြံဆီသို့သာ တန်းတန်းမတ်မတ်သွားခြင်းသည် စန်းရှီအား ကြောက်လန့်လွန်း၍ ဖြူဖျော့သွားစေသည်။
“မစိုးရိမ်ပါနဲ့၊ ငါ သမားတော်ပင့်ထားပါတယ်”
ကျန်းရန်သည် သူ့ကို နှစ်သိမ့်ပေးပြီး ပြောလိုက်သည်။
“သွားပြီးတော့ မိဖုရားကို နေရာကျအောင်လုပ်ပေးလိုက်ဦး”
စန်းရှီသည် ခေါင်းညိတ်ကာ ပြေးလိုက်သွားသည်။
“သမားတော် ရောက်လာပါလိမ့်မယ်”
ကျန်းရန်သည်လည်း ရှန်းချင်းဟန်ကို အမြန်လျှောက်တင်လိုက်သည်။
ရှန်းချင်းဟန်သည် လင်းကျဲ့အား အိပ်ရာပေါ်တွင် ဂရုတစိုက်ချလိုက်ပြီး သတိမေ့နေသောလင်းကျဲ့အား ကြည့်လျက် စကားတစ်ခွန်းမှမပြောပေ။  နဂိုကပင် မျက်မှောင်ကြုတ်နေသော မျက်ခုံးများသည် ပို၍ နက်နဲကာ ပြင်းထန်လာသည်။
မကြာမီ သမားတော်ရောက်လာသည်။
သို့သော်လည်း မြင်လိုက်ရသောမြင်ကွင်းကြောင့် သမားတော်သည် အကူအညီမဲ့နေသည်။  ရှန်းချင်းဟန်သည် နေရာတွင်ပင်ရပ်၍ မျက်မှောင်ကြုတ်လျက် လင်းကျဲ့အား စိုက်ကြည့်နေသည်။  သမားတော်သည် မဝံ့မရဲ ဖြစ်နေသည်။
“မင်းသား အပြင်ထွက်ပေးတော်မူပါ”
ကျန်းရန်က ပြောလိုက်သည်။
ထိုအခါ ရှန်းချင်းဟန်၏မျက်ခွံများသည် အနည်းငယ်လှုပ်ရှားသွားပြီး အပြင်သို့ ထွက်သွားသည်။
သမားတော်သည် စိတ်သက်သာရာရသွားသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWo Geschichten leben. Entdecke jetzt