part 112

1.4K 189 3
                                    

Unicode

အခန်း - ၁၁၂

ထို့နောက် ဟူလောင်သည် စစ်ဆေးရန်အတွက် သူ၏လူများအား လွှတ်လိုက်သည်။
“ဒုတိယတာဝန်ခံ မကောင်းတော့ဘူး၊ တကယ်ပဲ Jiulipoမဟုတ်ဘူး ကျွန်တော်တို့ နေရာမှားပြီး ခြုံခို တိုက်ခိုက်ခဲတာ”
အချိန်ခဏကြာပြီးနောက် ထွက်သွားသောလူက ပြန်လာခဲ့သည်။
ထိုအသံကို ကြားသည်နှင့် ဟူလောင်၏ ပြည့်ဖောင်းနေသော မျက်နှာသည် တုန်ယင်လာပြီးနောက် ပြာနှမ်းလာ သည်။
“ဒါဆို အခုငါတို့သွားလို့ရပြီလား”
ရှန်းချင်းဟန်နှင့် ကျန်းရန်သည် အတိုက်အခိုက် ကျွမ်းကျင်သည်ကို သူသိသော်လည်း သူတို့သည် လူအယောက် ၅၀ကို တိုက်ခိုက်သည့်အခါတွင် အနည်းငယ်ကြောက်နေသေးသည်။
ဟူလောင်၏ နှုတ်ခမ်းစွန်းနှစ်ဖက်သည် ကော့တက်သွားပြီးနောက် ရုတ်တရက် ကြီးမားသောလက်ကြီးကို ဝှေ့ယမ်း လိုက်သည်။
“သွားမယ်၊ ဘယ်ကိုသွားမှာလဲ၊ ဒီနေ့ငါတို့ညီအစ်ကိုတွေ အလုပ်ရှုပ်နေတယ်၊ မင်းတို့အားလုံးက လူချမ်းသာတွေလို ဝတ်ဆင်ထားတာပဲ၊ မင်းတို့ကလည်း ချမ်းသာတဲ့လူတွေဖြစ်မှာပဲ၊ ညီအစ်ကိုတို့ သူတို့ကို ကြိုးတုပ်ပြီး စခန်းကို ခေါ်ခဲ့လိုက်၊ ပြီးမှ သူတို့ရဲ့မိသားစုတွေကို ငွေပေးပြီးရွေးခိုင်းလိုက်”
ထိုသို့ကြားသည်နှင့် လင်းကျဲ့သည် ရုတ်တရက်ရယ်မောလိုက်သည်။  ဟူလောင်သည် အံသြသွားပြီး နှစ်သက်ဟန် မတူပေ။
“မင်းက ဘာရယ်တာလဲ”
“ငါပြောချင်လို့တော့ မဟုတ်ဘူး ညီအစ်ကို၊ မင်းအခြားသူတွေရဲ့ အကြံဉာဏ်ကို ယူတာပိုကောင်းလိမ့်မယ်၊ သူတို့က ပိုက်ဆံပေးပြီး ရွေးရင်တောင် မင်းတောင်းရဲသင့်တယ်မထင်ဘူး”
လင်းကျဲ့က ပြုံးလိုက်သည်။
သူနှင့်ကျန်းရန်ကို မဖော်ပြလျှင်တောင် ရှန်းချင်းဟန်သည် မင်းသားတစ်ပါးဖြစ်သည်။  အိမ်ရှေ့မင်းသားကို ပြန်ပေးဆွဲပြီး ဧကရာဇ်ထံမှ ရွေးနုတ်ငွေတောင်းသည်။  ဤကမ္ဘာပေါ်တွင် ထိုသို့ပြုလုပ်ဝံ့သည့်သူ မည်မျှရှိပါသနည်း။
“အဟမ်း၊ ငါယူဝံ့တယ်၊ ညီအစ်ကိုတို့၊ ဒီမျက်နှာဖြူသေးသေးလေး သုံးယောက်ကိုခေါ်လာခဲ့”
ဟူလောင်သည် အနားသို့လာပြီး လက်ယမ်းပြသည်။  ဘေးနှစ်ဘက်တွင်ရှိသောဓါးပြများသည် သူ့အား ဝိုင်းလာ ကြသည်။
“လျှောက်မပြေးနဲ့”
သူတို့၏လှုပ်ရှားမှုများကို မြင်သည်နှင့် ရှန်းချင်းဟန်သည် သူ၏ဓါးကို ဆွဲထုတ်ပြီး မြင်းပေါ်မှ ခုန်ဆင်းလာခဲ့သည်။  ထို့နောက် ဓါးပြများကို တိုက်ခိုက်လေသည်။
“အိုး”
လင်းကျဲ့က ​ခေါင်းညိတ်လိုက်ပြီးနောက် နေရာတွင်ပင် ငြိမ်ငြိမ်နေခဲ့သည်။
ရှန်းချင်းဟန်၏ တိုက်ခိုက်မှုစွမ်းရည်သည် အလွန်တော်သော်လည်း ဓါးပြများသည်လည်း အကုန်ဝင်မတိုက်ပေ။  ဓါးတစ်ချောင်းက သူတို့ထဲမှ တစ်ယောက်ကို ဖြေရှင်းနေရသည်။  သူ၏အဝတ်အစားများသည် သပ်ရပ်ပြီး သူ၏ ကိုယ်ဟန်အနေအထားမှာလည်း တင့်တယ်လှသည်။  သူက လင်းကျဲ့ကို မြင်သောအခါ အံ့သြသွားသည်။
“ရှန်းချင်းဟန် တကယ်တော့ ခင်ဗျားတစ်ယောက်တည်း အယောက်၅၀ကို တိုက်ရလည်း အဆင်ပြေမယ်ထင် တယ်”
လင်းကျဲ့က မေးစေ့ကိုကိုင်၍ ရှန်းချင်းဟန်အား လေးနက်စွာကြည့်နေသည်။
“ကိုယ့်ကိုကိုယ်သာ ဂရုစိုက်”
ရှန်းချင်းဟန်က လင်းကျဲ့အား ကြည့်၍ပြောသည်။
“ဟုတ်ကဲ့”
လင်းကျဲ့က ပြုံးပြပြီးနောက် ချက်ချင်းရှောင်ထွက်သွားသည်။  ရွှံ့ရေထဲတွင် တစ်ချက်တည်း အရိုက်ခံရရုံဖြင့် လဲကျသွားနိုင်သည် သူကဲ့သို့လူမျိုးသည် ရှန်းချင်းဟန်အား ဒုက္ခမပေးသင့်ပေ။  လင်းကျဲ့က ထိုကိစ္စနှင့်ပတ်သက် လျှင် အလွန်သတိထားသည်။
အရှေ့တွင်ရှိသော ကျန်းရန်အား ကြည့်ပါလျှင် ကျန်းရန်၏လက်ကို ရှင်းလင်းစွာမမြင်ရပေ။  သူတို့၏စွမ်းအင်ကို ပြသနေသောဓါးပြများသည် သူ၏ပြိုင်ဘက်မဟုတ်ပေ။
“ဒုတိယအစ်ကို ကျွန်တော်ဘာလုပ်ရမလဲ”
ဓါးပြများသည် တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်ခံနေရသည်။
ထိုမြင်ကွင်းအား မြင်လိုက်သည်နှင့် ဟူလောင်သည် ပါးစပ်ပွင့်သည်အထိပင် အံသြနေသည်။
“ဒီမျက်နှာဖြူလေးက အဲ့ဒီလောက်ကျွမ်းကျင်လိမ့်မယ်လို့ ငါမထင်ထားမိဘူး”
“ဘာလုပ်ရမလဲ၊ အကြီးအကဲနဲ့ အခြားညီအစ်ကိုတွေဆီကို အကြောင်းကြားလိုက်”
ဟူလောင်သည် တစ်စုံတစ်ခုအား ရုတ်တရက်တွေးမိလိုက်ပြီး သူ၏လက်အား ထပ်ခါထပ်ခါရမ်းနေသည်။
“အိုး၊ ဒုတိယအစ်ကိုက ဉာဏ်ကောင်းတာပဲ”
ထိုစကားကို ကြားသည်နှင့် ဓါးပြသည် သူ၏ခါးမှ အချက်ပြဗုံးကို ထုတ်ယူလိုက်ပြီးနောက် ညင်သာစွာ ဆွဲလိုက် သည်။  ထို့နောက် အနီရောင် အလင်းတန်းသည် ကောင်းကင်တွင် လင်းလက်သွားသည်။
“ရှန်းချင်းဟန် နောက်ထပ်လူတွေရောက်လာရင် ခင်ဗျားတိုက်ခိုက်နိုင်သေးလား”
ရုတ်တရက် လင်းကျဲ့က မေးလိုက်သည်။
ရှန်းချင်းဟန်က မဖြေပေ။  ရုတ်တရက် ကျယ်လောင်သော မြည်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် ကောင်းကင်တွင် အနီရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။
“သခင်လေး၊ အဲ့ဒါအချက်ပြမီးပဲ၊ ကျွန်တော်တို့ဘာလုပ်သင့်လဲ၊ နောက်ပြန်ဆုတ်သင့်သလား”
ကျန်းရန်သည် စိုးရိမ်သွားသည်။  အိမ်ရှေ့စံမိဖုရားသည် အမှန်ပင် ကျီးကန်းပါးစပ်ဖြစ်သည်။  ယခု သူသည် မိဖုရားအား ပါးစပ်ပိတ်ထားရန် တောင်းဆိုချင်နေသည်။
သူတို့နှစ်ယောက်သည် နောက်ထပ်ယှဉ်ပြိုင်၍ မတိုက်နိုင်တော့ပေ။  အကယ်၍ ဤအတိုင်းသာ ဆက်တိုက်နေပါက သူတို့သည် ရှုံးနိမ့်တော့မည်ဖြစ်သည်။
ထိုအသံအား ကြားသည်နှင့် ရှန်းချင်းဟန်သည် တစ်စုံတစ်ခုအား တွေးမိလိုက်သကဲ့သို့ မျက်မှောင်ကြုတ်လိုက်ပြီး နောက် ခေါင်းမော့၍ပြောသည်။
“တိုက်”
“………”
အဲဒီတော့ လင်ယောက်ျားရော ဇနီးမယားကပါ သူ့စကားကို နားမထောင်ကြဘူးပေါ့။
ထိုအချိန်တွင် မရေတွက်နိုင်သော အော်သံများကို ကြားလိုက်ရပြီး တစ်ဒါဇင်မကသော ဓါးပြများသည် တောင်စောင်းပေါ်မှ လျှောဆင်းလာကြပြန်သည်။  အကြီးအကဲသည် ဒုတိယတာဝန်ခံထက် ပို၍ရဲရင့်ပုံပေါ်ပြီး ဓါးရှည်ကို ကိုင်စွဲထားသည်။
“ဟားဟားဟား အခုအစ်ကိုကြီးရောက်လာပြီ၊ မင်းတို့မျက်နှာဖြူလေးတွေ မလွတ်မြောက်နိုင်တော့ဘူး”
သူက ထိုလူအားမြင်သည်နှင့် ယုံကြည်ချက်အပြည့်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ဒုတိယညီ ဘာဖြစ်တာလဲ၊ အချက်ပြမီးလွှတ်လိုက်တာမလား”
မန်သည် ဟူ၏အနီးတွင်ရပ်၍ မေးလိုက်သည်။
“သူတို့ကြောင့် အစ်ကိုကြီး”
ဟူက မနီးမဝေးတွင် ရပ်နေသော ရှန်းချင်းဟန်တို့ သုံးယောက်အား ကြည့်လိုက်သည်။
“ဒီသုံးယောက်ပဲလား”
ဟူလောင်က အပြုံးနှင့်ပြောသည်။
“အစ်ကိုကြီး ဒီသုံးယောက်က အရမ်းကျွမ်းကျင်ပြီး သာမန်တော့မဟုတ်ဘူး၊ ကျွန်တော်တို့ သူ့တို့ကို ဖမ်းဆီးထားပြီး ရွေးနုတ်ငွေတောင်းမယ်ဆိုရင် ကောင်းမယ်ထင်ပါတယ်”
“အဲ့ဒါဆို”
ဓါးပြအကြီးအကဲအား ကြည့်၍ လင်းကျဲ့သည် ယခုမရယ်နိုင်တော့ပေ။  ရှန်းချင်းဟန်က သူကောင်းကောင်းတိုက် ခိုက်နိုင်သည်ဟု ပြောထားခဲ့သော်လည်း လူအရေအတွက်နှင့် ဖိနှိပ်ခံရမည်လား။
ရှန်းချင်းဟန်သည် ဓါးလက်ကိုင်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး တည်ကြည်ခံ့ညားသော အကြည့်ဖြင့် ကြည့် လိုက်သည်။
“သခင်လေး ကျွန်တော်တို့ နောက်ဆုတ်တာက ပိုကောင်းမယ်၊ တိုက်ပွဲမှာ သခင်လေးတို့ရဲ့ လုံခြုံရေးကို စိတ်ပူစရာ မလိုဘူးဆိုပေမယ့် သူတို့ဘက်က အင်အား များလွန်းနေပြီး မြေအနေအထားကလည်း ကျွန်တော်တို့အတွက် မကောင်းဘူး၊ အဲ့ဒီတော့ကျွန်တော်တို့ အရင်ထွက်သွားတာ ကောင်းလိမ့်မယ်”
ကျန်းရန်က ရှန်းချင်းဟန်အား တီးတိုးပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ရှန်းချင်းဟန်က ဘေးတွင်ရှိနေသော လင်းကျဲ့အား တစ်ချက်ကြည့်လိုက်ကာ အကြည့် လွှလိုက်သည်။  သူ၏မျက်လုံးများသည် စူးရှနေပြီး အေးစက်စွာပြောလိုက်သည်။
“သွားစို့”
ကျန်းရန်က သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက် ချက်ချင်းပင် ရှန်းချင်းဟန်၏ နောက်မှလိုက်သွားသည်။
“ဒုတိယအစ်ကို မကောင်းတော့ဘူး၊ သူတို့လွတ်သွားတော့မယ်”
မည်သူက ရုတ်တရက် ပြောလိုက်မှန်းမသိပေ။
“ငါကိုယ်တိုင် ဒီနေရာမှာ ရှိနေရဲ့နဲ့ ဘယ်သူက ထွက်ပြေးဝံ့တာလဲ”
ထို့နောက် မန်၏မျက်နှာသည် ပြောင်းလဲသွားသည်။  သူသည် အလွန်ဒေါသထွက်နေပြီး ရှန်းချင်းဟန်တို့ သုံးယောက်ဆီသို့ ဓါးဖြင့်ပြေးသွားခဲ့သည်။  သူ၏အသံသည် လွန်စွာထူးဆန်းနေသည်။
ရှန်းချင်းဟန်က မြင်းပေါ်သို့တက်လိုက်ပြီးနောက် လင်းကျဲ့ဆီသို့ရောက်လာသည်။
“လာခဲ့”
လင်းကျဲ့သည် စိတ်ဖိစီးနေသော်လည်း ရှန်းချင်းဟန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။  ရှန်းချင်းဟန်က သူ့အား  ဆွဲတင်လိုက်ပြီး လင်းကျဲ့သည် ရှန်းချင်းဟန်၏ ရင်ခွင်ထဲတွင်ထိုင်လိုက်ကာ သက်ပြင်းချလိုက်သည်။
“ကိုင်ထား”
ရှန်းချင်းဟန်၏အသံသည် လင်းကျဲ့၏ခေါင်းပေါ်မှ ထွက်ပေါ်လာပြီး သူ၏နှလုံးသားကို တုန်လှုပ်သွားစေသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားTempat cerita menjadi hidup. Temukan sekarang