part 37

2.9K 362 4
                                    

unicode

Chapter 37

ထိုအချိန်အတွင်းတွင် သတင်းကြားသော စန်းရှီသည် အလျင်အမြန် ရောက်ရှိလာပြီး ကမ်းစပ်တွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။ သို့သော် သူသည် လင်းကျဲ့ကို မတွေ့ရသေးသောအခါ သူ၏မျက်လုံးများမှာ နီရဲလာသည်။

“ငါတို့ ဘာလုပ်သင့်လဲ”

အစေခံများအားလုံးသည် ရေကန်ဘေးတွင် စိုးရိမ်ကြောက်လန့်စွာဖြင့် ရပ်နေကြသည်။

ထိုအချိန်တွင် ရှန်းချင်းဟန်နှင့် ကျန်းရန်တို့သည် အိမ်သို့ ပြန်ရောက်လာကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ကို ကြားသိရသောအခါ စူးစမ်းရန်အတွက် လျှောက်လာသည်။

“ဘာဖြစ်ကြတာလဲ”

ကျန်းရန်က ပြောသည်။

ကျန်းရန်၏ အသံအား ကြားလိုက်သောအခါ လူတိုင်း လှည့်ကြည့်၍ ရှန်းချင်းဟန်ကို မြင်လိုက်သည့် အခိုက်အတန့်တွင် အားလုံးသည် ငြိမ်သက်သွားကြသည်။

“မင်းသား၊ သခင်လေးက မင်းသားကူရန်ကို ကယ်ဖို့ ရေထဲကို ဆင်းသွားပါတယ်၊ အစေခံများက ရှာဖွေနေကြပေမယ့် သူတို့ ခုထိ သခင်လေးကို ရှာမတွေ့ကြသေးပါဘူး”

စန်းရှီက ပြောလိုက်ပြီး သူ၏မျက်ရည်များကို ထိန်းမထားနိုင်တော့ဘဲ ပါးပြင်တစ်လျှောက် စီးကြလာသည်။

“သူပျောက်သွားတာ ဘယ်လောက်ကြာပြီလဲ”

ရှန်းချင်းဟန်၏ မျက်နှာမှာ ညို့မှိုင်းနေပြီး သူ၏အသံမှာလည်း အနည်းငယ် ထိတ်ပျာနေသည်။

“အချိန်အနည်းငယ်တော့ကြာပါပြီ”

အစေခံတစ်ယောက်က ဖြေသည်။

“မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာပဲ”

ရှန်းချင်းဟန်၏ အမူအရာမှာ အေးစက်သွားသည်။ လူအုပ်ကြီး၏ ထိတ်လန့်နေသော အကြည့်အောက်တွင် သူသည် ရေကန်ဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး ရေထဲသို့ ခုန်ဆင်းသွားသည်။

ရေကန်မှာ အလွန်နက်ပြီး ရှန်းချင်းဟန်သည် ရင်းနှီးနေသာ ပုံရိပ်လေးအား ဆက်လက် ရှာဖွေနေသည်။ ရေဘောင်ဘင်ခတ်သည့် အသံမှာ သူ၏နားသို့ ရိုက်ခတ်နေသောကြောင့် ရေစီးသံကို နားထောင်ရန် အတွက် ခက်ခဲသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now