unicode
Chapter 23“ကျွန်တော် ဘယ်သူလဲဆိုတာ ခင်ဗျား ကြည့်ပြီးပြီလား”
လင်းကျဲ့သည် သူ့အကြည့်အား ကစားလျက် လက်ကို မြှောက်ပြီးနောက် ရှန်းချင်းဟန်အား အပေါ်စီးမှ ငုံ့ကြည့်၍ ပြောလိုက်သည်။
ထိုအသံအား ကြားလိုက်သည့် နောက်ဆုံးတွင် ရှန်းချင်ဟန်သည် ခေါင်းမော့လာသည်။ သူသည် လင်းကျဲ့အား မြင်သောအခါ ရှန်းချင်းဟန်၏ မျက်နှာမှာ အေးဆေးလျက်ရှိပြီး လျင်မြန်စွာပင် အကြည့်အား ရုပ်သိမ်းကာ “မင်းဒီကို ဘာလာလုပ်တာလဲ”
လင်းကျဲ့သည် အသက်ပြင်းပြင်းရှူ၍ ဒေါသအား ဖိနှိပ်ထားလိုက်ပြီး ရှန်းချင်းဟန်၏ ဘေးတွင် ထိုင်ချလိုက်သည်။ ထို့နောက် မေးထောက်၍ ရှန်းချင်းဟန်အား ပြုံးပြပြီး ပြောလိုက်သည်။
“ကျွန်တော် တခြားဘာလုပ်ရမှာလဲ၊ ခင်ဗျားအတွက် လက်ဖက်ရည် ယူလာပေးတာ”
“လက်ဖက်ရည်က ဘယ်မှာလဲ”
ရှန်းချင်းဟန်မှာ လင်းကျဲ့အားကြည့်ရန် အချိန်ပင်မရှိပေ။
လင်းကျဲ့သည် သူ့အံသွားများကို တင်းတင်းကြိတ်ခြင်းဖြင့် ခုန်ထကာ ရှန်းချင်းဟန်ကို ကျိန်ဆဲရန် စိတ်ကူးအား တွန်းလှန်လိုက်ရသောကြောင့် သူ၏မျက်နှာသည် ယခင်အတိုင်း တင်းမာနေဆဲဖြစ်ပြီး စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ရှန်းချင်းဟန်ထံသို့ ယူပေးပြီးနောက် "လာ၊ လက်ဖက်ရည်သောက်ပါ"
ရှန်းချင်ဟန်သည် လင်းကျဲ့အား တချက်ကြည့်လိုက်ပြီး “မင်း ဒီနေ့ ဘာဖြစ်နေတာလဲ”
“ဘာဖြစ်လို့လဲ”
လင်းကျဲ့သည် ရယ်နေဆဲဖြစ်သည်။
“ဒီကွဲလွဲမှု(မူမမှန်ခြင်း)ရဲ့ နောက်မှာ တစ်ခုခု ရှိရမယ်”
ရှန်းချင်းဟန်သည် အကြည့်အား ရုပ်သိမ်းကာ ပြောလိုက်သည်။
လင်းကျဲ့သည် အံကြိတ်ကာ အော်ဟစ်ချင်စိတ်အား ထိန်းသိမ်းရသည်မှာ ခက်ခဲသော်လည်း ရုတ်တရက် ရယ်မောကာ လက်ထဲတွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားသော ရှန်းချင်းဟန် အနီးသို့ ကပ်၍ "ဒါကို ကျွန်တော် ကိုယ်တိုင် ယူလာတာ၊ ခင်ဗျား မသောက်ချင်ဘူးလား"
YOU ARE READING
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား
Romanceဘာသာပြန်သူ- နေရီ လင်းကျဲ့က ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါနော်။ ဘာသာပြန်သူက တော်တော်လေး ကြိုးစားပြီးတော့ ပြန်ထားတဲ့ စာစဉ်လေးပါ။