part 79

1.6K 200 3
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၇၉

လင်းကျဲ့သည် ထိတ်လန့်သွားသည်။  သူ၏အေးစက်သောလက်သည် နဖူးပေါ်သို့ ရောက်လာပြီး သူ၏နှလုံးသား ထဲတွင် အံ့သြဖွယ်ရာကောင်းသော ခံစားချက်တစ်ခုသည် လျင်မြန်စွာပင် ပျံ့နှံ့သွားသည်။
“ဒါက မကောင်းဘူးလား၊ မင်း ဘယ်နေရာမှာ နေလို့မကောင်းတာလဲ”
ရှန်ချင်းဟန်သည် လက်ကိုပြန်ရုပ်လိုက်သည်။  လင်းကျဲ့၏မျက်နှာသည် ပူနေပြီး နှလုံးမှာလည်း ခန္ဓာကိုယ်ထဲတွင် ယုန်တစ်ကောင်ပြေးနေသကဲ့သို့ တဒိတ်ဒိတ် ခုန် နေသည်။  သူသည် မျက်နှာအား တစ်ဘက်သို့လှည့်လိုက်ပြီး ပြောသည်။ 
“မဟုတ်ဘူး၊ ကျွန်တော် တကယ်နေမကောင်းဘူး”
ရှန်းချင်းဟန်သည် အသက်ပြင်းပြင်းရှူရန်ပင် ပျင်းရိနေသည်။  နောက်ဆုံးတွင် သူသည် ဆေးကို ကောက်ယူလိုက် ပြီး မတ်တတ်ရပ်၍ ပြောလိုက်သည်။
“ဆေးကို ငါယူသွားပြီး အပြင်မှာသွန်လိုက်မယ်၊ နေမကောင်းတာမဟုတ်ရင် တွေ့ကရာဆေးတွေကို မသောက်နဲ့”
“ဒါပေမယ့်…..”
သို့သော် သူ၏နှလုံးခုန်နှုန်းက အလွန်မြန်နေခြင်းသည် သူနေမကောင်းဖြစ်နေသည် မဟုတ်ဘူးလား၊ ထိုအရာသည် ဘာလဲ။
လင်းကျဲ့သည် စကားပြောလိုက်သည်နှင့် တစ်စုံတစ်ခုသည် သူ၏လည်ချောင်းမှခုန်ထွက်လာနိုင်သကဲ့သို့ ခံစား နေရသည်။  ထို့ကြောင့်လင်းကျဲ့သည် ပါးစပ်ကို ပိတ်၍ စကားလုံးများကို မြိုချလိုက်သည်။
“ဒါပေမယ့် ဘာလဲ”
ရှန်းချင်းဟန်သည် နောက်သို့စောင်းငဲ့၍ လင်းကျဲ့အား ကြည့်လိုက်သည်။
“ဘာမှမဟုတ်ပါဘူး”
လင်းကျဲ့က ပြုံးလိုက်သည်။
“တကယ်မသက်သာဘူးဆိုရင် မင်းကို ကြည့်ဖို့ တော်ဝင်သမားတော်ကို ပင့်ပေးမယ်၊ တွေ့သမျှဆေးတွေကို သိမ်းကျုံးသောက်လို့မရဘူး၊ ဟုတ်ပြီလား”
ရှန်ချင်းဟန်ကပြောသည်။
“ကျွန်တော်အဆင်ပြေပါတယ်၊ သမားတော်ပင့်ဖို့မလိုပါဘူး”
လင်းကျဲ့က ငြင်းလိုက်သည်။
“တကယ်အဆင်ပြေလား”
“ဟုတ်ကဲ့”
လင်းကျဲ့က ခေါင်းညိတ်သည်။
“ငါ နန်းတွင်းဝင်ရဦးမယ်၊ မင်းကိုယ်မင်းစောင့်ရှောက်နိုင်ပါတယ်နော်”
ရှန်းချင်းဟန်က အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီး ဆေးကို ယူဆောင်သွားသည်။
ရှန်းချင်းဟန်၏ကျောပြင်ကို ကြည့်လျက် လင်းကျဲ့၏နှလုံးသားသည် အချိန်အတော်ကြာမှ ငြိမ်သက်သွားသည်။
တော်ဝင်စာကြည့်ဆောင်တွင် ရှန်းယန်ဝမ်သည် စားပွဲရှေ့တွင်ထိုင်နေပြီး တော်ဝင်တရားရုံးတော်မှ အရေးကြီး ပုဂ္ဂိုလ်များနှင့် ပြည်နယ်များ၏အရေးကိစ္စများကို ဆွေးနွေးနေသည်။  အဖြူရောင်ဝတ်ဆင်ထားသော ရှန်းချင်းဟန် သည် စားပွဲ၏တစ်ဘက်တွင် သွယ်လျဖြောင့်မတ်စွာ ရပ်နေသည်။
ပြည်နယ်အဆင့်ဆွေးနွေးပွဲ ပြီးသောအခါ ဝန်ကြီးများ အားလုံး ထွက်ခွာသွားပြီး ရှန်းချင်းဟန် တစ်ယောက်သာ ကျန်ခဲ့သည်။
“ချင်းဟန်၊ Nanxian ခရိုင်တရားသူကြီးရဲ့ အခွင့်အာဏာကို အသုံးချပြီး ပြည်သူတွေရဲ့အဆီအနှစ်တွေကို အဓမ္မ လုယူတဲ့ကိစ္စကို ဘယ်လို စုံစမ်းစစ်ဆေးထားလဲ”
ရှန်းယန်ဝမ်သည် ရှန်းချင်းဟန်အား ကြည့်၍ မေးလိုက်သည်။
ထိုအသံအား ကြားသောအခါ ရှန်းချင်းဟန်သည် အမူအရာပြောင်းလဲခြင်းမရှိဘဲ ဖြေသည်။
“သားတော် အရည်အချင်း မပြည့်မှီလို့ တိုးတက်မှုမရှိသေးပါဘူး”
“အိုး၊ မင်းရဲ့အားထုတ်ကြိုးပမ်းမှုအရ ဒီလိုမဖြစ်သင့်ဘူးမလား”
ရှန်းယန်ဝမ်က သင်္ကာမကင်းစွာ မေးသည်။
“အဲ့လိုဖြစ်သွားပါတယ်”
ရှန်းချင်းဟန်သည် မနေ့ညက အကြောင်းအရာများကို တွေးမိလိုက်ပြီး မျက်လုံးများအား မှိတ်လိုက်သည်။
“အဲ့ဒါက အခုပျောက်သွားပြီ”
သူ၏အားထုတ်မှုအားလုံးသည် မနေ့ညက လင်းကျဲ့၏ လက်ဖက်ရည်တစ်ခွက်ကြောင့် ပျက်စီးသွားပြီဖြစ်သည်။
“အဲ့ဒါက ဘာလို့ရုတ်တရက်ပျောက်သွားတာလဲ”
ရှန်းယန်ဝမ်သည် ပို၍ စိတ်ရှုပ်လာသော သူ၏သားတော်ကို တွေ့လိုက်ရသည်။
“သားတော် စာရွက်စာတမ်းတွေအပေါ်ကို မတော်တဆ လက်ဖက်ရည်မှောက်ကျသွားလို့ပါ”
ရှန်းချင်းဟန်က ပြောသည်။
ထိုအချိန်တွင် ရှန်းယန်ဝမ်သည် နားလည်သွားပြီး ရယ်မောလိုက်သည်။  သူသည် အနည်းငယ်ကျေနပ်နေသော ရှန်းချင်းဟန်၏မျက်လုံးများကို ကြည့်လိုက်သည်။
“မင်းက အလျင်စလိုဖြစ်နေတာကိုး”
“အဲ့ဒီကိစ္စကို သားတော် ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းလိုက်ပါ့မယ်”
ရှန်းချင်းဟန်သည် ရှန်းယန်ဝမ်၏စကားလုံးများကို လျစ်လျူရှုလိုက်သည်။
ရှန်းယန်ဝမ်သည် ပါးစပ်ထောင့်မှ လေမှုတ်ထုတ်လိုက်သည်။
“ ဒီပုန်ကန်တဲ့သားတော်ကတော့”
ရှန်းချင်းဟန်သည် နန်းတော်တံခါးဝမှ ထွက်လာခဲ့သည်။
ကျန်းရန်က အမီလိုက်လာသည်။
“ငါကိုယ်တိုင် Nanxian ကို သွားမယ်၊ ပြင်ဆင်ထားလိုက်”
ရှန်းချင်းဟန်က ပြောသည်။
“ရက်အနည်းငယ်ကြာရင် လမုန့်စားပွဲတော် ရောက်တော့မှာပါ။  ဒီအချိန်မှာ မင်းသားက မြို့တော်က ထွက်ခွာသွားရင် ဧကရာဇ်မပျော်ရွှင်မှာကို စိုးရိမ်မိပါတယ်”
ကျန်းရန်က ထိတ်လန့်သွားသည်။
“ဟုတ်တယ်၊ ပွဲတော်ပြီးမှ သွားကြတာပေါ့”
ရှန်းချင်းဟန်သည် ရပ်တန့်၍ ထိုအကြောင်းကို တွေးလိုက်သည်။
“ဒါပေမယ့် Nanxianကိစ္စက သေးသေးလေးပဲမလား၊ မင်းသားက ဘာကြောင့် ကိုယ်တိုင်သွားရောက်မှာပါလဲ”
ကျန်းရန်က တွေးတော၍ မရပေ။
“Nanxianခရိုင်က ထိန်းချုပ်ခံထားရလို့ ထင်ရှားတဲ့ သက်သေရဖို့ခက်ခဲတယ်၊ ငါလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက အဲ့ဒီကို ငါကိုယ်တိုင် သွားတာပဲ”
ရှန်းချင်းဟန်သည် ထုတ်ပြောလိုက်ပြီးနောက် နဖူးအား ရိုက်လိုက်သည်။
သူ့ကို မည်သူက ကံဆိုးစေတာလဲ၊ ထိုသူအား ထွက်လာစေရန် လုပ်ဆောင်ရမည်။
“မနေ့ညက ဖျက်ဆီးခံရတဲ့စာရွက်စာတမ်းတွေက အဲ့ဒီကိစ္စဖြစ်နိုင်ပါသလား”
ထိုအကြောင်းအား တွေးမိသောအခါ လင်းကျဲ့၏ဘဝတစ်ခုလုံးသည် မကောင်းတော့ပေ။  Nanxianခရိုင်တရားသူကြီး၏ အကျင့်ပျက်ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူကိစ္စသည် သေးငယ်သောအမှု  တစ်ခုထက်မပိုသော်လည်း Nanxianခရိုင်သည် ဝေးကွာလှသည်တော့မဟုတ်ပေ။  ထိုမြင့်မားလှသောတောင်နှင့် ဧကရာဇ်သည် ဝေးကွာလှသောကြောင့် သက်သေ အထောက်အထားများကို စုဆောင်းရန် အလွန်ခက်ခဲသည်။  ရှန်းချင်းဟန်သည် သက်သေများ မစုဆောင်းမီ ထိုကိစ္စကို စုံစမ်းရန်အတွက် သူလျှိုများကို လတစ်ဝက်ကျော်ကြာ စေလွှတ်ထားခဲ့ သည်။  ယခု ကောင်း၏၊ တစ်ခုတည်းသော သက်သေအထောက်အထားမှာ မရှိတော့ပေ။
“ဟုတ်တယ်”
ရှန်းချင်းဟန်က ခေါင်းညိတ်သည်။
ထိုသို့ကြားသောအခါ ကျန်းရန်သည် နားလည်သွားပြီဖြစ်သည်။  ရှန်းချင်းဟန်သည် ထွက်သွားရန်ပြင်လိုက်စဉ် ကျန်းရန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ပြောလိုက်သည်။
“မင်းသား တစ်ခုရှိပါသေးတယ်”
ရှန်းချင်းဟန်က ရပ်တန့်လိုက်သည်။
ရှန်းချင်းဟန်သည် နန်းတွင်းသို့ ဝင်သွားသည်။
လင်းကျဲ့သည် စာကြည့်ဆောင်တွင် စာအုပ်တစ်အုပ်ကို ဖတ်နေသည်။  ဖတ်နေရာမှ လင်းကျဲ့သည် အလွန်ငြီးငွေ့ လာပြီး စာအုပ်ထဲရှိစာတစ်လုံးကိုပင် မဖတ်နိုင်တော့ပေ။
“ပျင်းစရာကောင်းလွန်းလို့ မှိုတက်တော့မှာပဲ”
လင်းကျဲ့သည် နှုတ်ခမ်းကို တွန့်ချိုးလိုက်ပြီးနောက် စာအုပ်ကို ချ၍ စားပွဲပေါ်တွင် မှီအိပ်ပြီး စာအုပ်ထဲရှိစာလုံး များကို ကြည့်နေသည်။
“ငါအရမ်းအိပ်ချင်တာပဲ၊ ရှန်းချင်းဟန်က ဘာလို့အခုထိပြန်မရောက်သေးတာလဲ”
လင်းကျဲ့က သမ်းလိုက်ပြီး သူ၏မျက်ခွံများမှာ ပို၍ ပို၍ လေးလံလာသည်။  သူသည် မျက်လုံးများကိုပင် မဖွင့်နိုင်တော့ပေ။  သူသည် မျက်လုံးများကို မှိတ်၍ စာအုပ်နောက်တွင်ကွယ်၍ စားပွဲပေါ်တွင် အိပ်ပျော်သွားသည်။
တည်ငြိမ်သောခြေသံတစ်သံသည် ထွက်ပေါ်လာပြီးနောက် တဖြည်းဖြည်းချဉ်းကပ်လာသည်။  စာအုပ်နောက်တွင် ကွယ်နေသောလင်းကျဲ့သည် မသိဘဲ ချိုမြိန်သောအိပ်စက်ခြင်းတွင် ပျော်မွေ့နေသည်။
“ထပ်ပြီး အိပ်ပျော်သွားတာလား”
အဖြူရောင်ဝတ်စုံနှင့် ရှန်းချင်းဟန်သည် စားပွဲခုံရှေ့တွင်ရပ်နေပြီး လက်ကို ဆန့်တန်း၍ စာအုပ်အား ညင်သာစွာ ယူလိုက်သည်။  ထို့နောက် အိပ်မောကျနေသောလင်းကျဲ့အား ကြည့်၍ သက်ပြင်းချလိုက်သည်။
“ကျွန်တော် အိပ်မပျော်ပါဘူး”
ရုတ်တရက် အသံကြားလိုက်သောအခါ လင်းကျဲ့သည် မျက်လုံးများကို ဖွင့်လိုက်ပြီး မတ်တတ်ရပ်လိုက်သည်။  သူသည် သူ၏ရှေ့တွင်ရှိသော ရှန်းချင်းဟန်ကို ကြည့်၍ မျက်လုံးများပြူးကျယ်သွားသည်။ 
“ရှန်းချင်းဟန် ခင်ဗျားအစောကြီး ပြန်လာတာလား”
“ငါသာ စောစောပြန်မလာဘူးဆိုရင် ဒီလိုအံသြစရာကောင်းတဲ့ မြင်ကွင်းကို မြင်လိုက်ရမှာမဟုတ်ဘူး”
ရှန်းချင်းဟန်သည် တိုးဖျော့စွာပြောသည်။  ရှန်းချင်းဟန်၏မျက်နှာတွင် မည်သည့်အမူအရာမှ မရှိသော်လည်း လင်းကျဲ့သည် ရှန်းချင်းဟန်က သူ့အား ရယ်နေသည်ကို ခံစားလိုက်ရသည်။  လင်းကျဲ့သည် နဖူးပေါ်ရှိအပြာရောင် သွေးကြောများ ဖောင်းလာရုံမှလွဲ၍ မတတ်နိုင်ပေ။
“ခင်ဗျားကို ဘယ်သူက နန်းတော်ထဲသွားခိုင်းလို့လဲ၊ ပျင်းလွန်းလို့ အိပ်တောင်မပျော်ဘူး”
လင်းကျဲ့သည် ထိုင်လိုက်သည်။
“မင်းအိပ်မပျော်ဘူးဆိုရင် ငါဘယ်အချိန်က ပြန်ရောက်တာလဲ”
ရှန်းချင်းဟန်က တိမ်တိုက်နှင့် ညင်သာသောလေပြည်ကဲ့သို့ မေးသည်။
လင်းကျဲ့သည် သူ၏ဒူးတွင် မြှားနှစ်ချောင်းစိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။
“ကောင်းပြီလေ၊ မင်းရှာခိုင်းထားတဲ့လူကို တွေ့ပြီ၊ မင်းသူမကို မတွေ့ချင်ဘူးလား”
ရှန်းချင်းဟန်က ရုတ်တရက်ပြောသည်။
“ဟုတ်လား၊ ဘယ်အချိန် သွားမှာလဲ”
လင်းကျဲ့သည် ရုတ်တရက် အားအင်အပြည့်ဖြစ်နေပြီး မတ်တတ်ရပ်လိုက်သည်။
“အခု”
ရှန်းချင်းဟန်က လင်းကျဲ့အား စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။
“ကောင်းတယ်”
လင်းကျဲ့သည် ချက်ချင်းထွက်လာပြီး ရှန်းချင်းဟန်သည်လည်း လိုက်လာသည်။
လင်းကျဲ့သည် ရပ်တန့်၍ ရှန်းချင်းဟန်အား ကြည့်လိုက်သည်။
“ခင်ဗျားရောလိုက်မှာလား"
“ဟုတ်တယ်”
ရှန်းချင်းဟန်က ပေါ့ပေါ့ပါးပါးပြန်ဖြေပြီးနောက် ထွက်သွားသည်။
လင်းကျဲ့သည် အချိန်အတော်ကြာထိ ငိုင်နေခဲ့သည်။
“ဒါပေမယ်………”
ရှန်ချင်းဟန်သည် ရပ်လိုက်သော်လည်းနောက်လှည့်မကြည့်ဘဲ အေးစက်စွာပြောသည်။
“သွားစို့”
လင်းကျဲ့သည် အရှေ့သို့ မြန်မြန်ပြေးသွားသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now