part 28

3.4K 373 1
                                    

unicode

Chapter 28

“မင်း ဘာလုပ်နေတာလဲ”

လင်းကျဲ့၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး ချောင်းဟန့်လိုက်ကာ ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။ သူသည် ရှန်းချင်းဟန်နှင့် အကြည့်ချင်း ဆုံသောအခါ အအေးဓါတ်သည် နောက်ကျောတွင် စိမ့်တက်လာခဲ့သည်။ သူသည် လက်ကို နောက်ဆုတ်လိုက်ပြီး သူ၏ပန်းရောင် သမ်းနေသော လက်ချောင်းအား တင်းကျပ်စွာ ဆုပ်ကိုင် လိုက်သောအခါ လက်ဖဝါးတွင် ပါးနီများ စွန်းထင်းသွားသည်။

“မင်းလက်ထဲမှာ ဘာကိုင်ထားတာလဲ”

ရှန်းချင်းဟန်သည် လင်းကျဲ့၏နောက်အား ကြည့်လိုက်သည်။

“ဘာမှမဟုတ်ဘူး”

လင်းကျဲ့သည် ခေါင်းအား ခါယမ်းလိုက်ပြီး ချွေးများ ပြန်လာသည်။ ရယ်စရာပဲ၊ ရှန်းချင်းဟန်၏ မျက်နှာပေါ်တွင် ပါးနီလိမ်းခြယ်ရန် ကြံစည်ခဲ့သည်ကို သိရှိသွားပါက ရှန်းချင်းဟန်သည် သူ့ကို အမှန်တကယ် သတ်လိမ့်မည်။

“မင်းရဲ့လက်ကို ထုတ်ပြစမ်း”

ရှန်းချင်းဟန်သည် လင်းကျဲ့အား မယုံကြည်ပေ။

“မကြည့်တာက ပိုကောင်းလိမ့်မယ်နော်”

လင်းကျဲ့သည် သူ၏ခေါင်းအား တတ်စွမ်းသမျှ ခါယမ်းနေလေသည်။

“မင်း ငါ့ကို အတင်းအကျပ် လုပ်စေချင်တာလား”

ရှန်းချင်းဟန်သည် အနည်းငယ် မျက်မှောင်ကြုတ် လိုက်သည်။

“ဟာ အား”

လင်းကျဲ့ ဘာမျှမတတ်နိုင်ခင်မှာပင် ရှန်းချင်းဟန်သည် အနားသို့ရောက်လာပြီး ခါးအား ဆုပ်ကိုင်ကာ ရှေ့သို့ အားဖြင့် ဆွဲလိုက်သည်။

ရှန်းချင်းဟန်မှ သူ၏လက်အား ဆွဲယူ၍ ကြည့်လိုက်သောအခါ လင်းကျဲ့ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ရှန်းချင်းဟန်၏ လက်အား ဆုပ်ကိုင်လိုက်သည်။ လင်းကျဲ့၏လက်အား ဖြေကြည့်သောအခါ သူသည် ရှန်းချင်းဟန်၏ ရေခဲလက်နှင့် သူ၏လက်ဆယ်ချောင်းလုံးအား လိမ်ယှက် ထားလိုက်သည်။

ရှန်းချင်းဟန်၏ မျက်နှာသည် ရုတ်တရက် တင်းမာသွားသည်။

လင်းကျဲ့သည်လည်း လန့်သွားပြီး ရှန်းချင်းဟန်အား ပြုံးလျက်ပြောလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားUnde poveștirile trăiesc. Descoperă acum