Part 133

1.3K 183 4
                                    

Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 133

မွေးပျံ့သောသစ်သီးအရသာနှင့်သေရည်အနံ့သည် အနမ်းတစ်ခုကြောင့် ရှန်းချင်းဟန်၏ပါးစပ်ထဲတွင် လျင်မြန်စွာ ပျံ့နှံသွားသည်။ တစ်စုံတစ်​ရာသည် နားထဲတွင်ပေါက်ကွဲသွားပြီး ရှန်းချင်းဟန်၏ဦးနှောက်သည် ဗလာဖြစ်သွားလေသည်။

လင်းကျဲ့သည် ရှန်းချင်းဟန်၏ကန့်သတ်ချက်ကို ကျော်လွန်ရန် ကြိုးစားနေသကဲ့သို့ ရှက်ရွံ့စဖွယ် ကျီစယ်နေသည်။ သို့သော် ဒေါသအားနှိုးဆွနေသကဲ့သို့ အနည်းငယ်နှေးကွေးနေသည်။

ရှန်းချင်းဟန်က လက်ကိုဆန့်ထုတ်လိုက်ပြီး လင်းကျဲ့၏မျက်နှာအား ညင်သာစွာပွတ်သပ်လိုက်သည်။ လက်ချောင်းထိပ်များ၏အေးစက်မှုသည် အရေပြားအတွင်းသို့ဝင်ရောက်သွားသည်။

မျက်နှာအရေပြားပေါ်မှ အေးစက်မှုသည် နေသာထိုင်သာရှိစေသောကြောင့် လင်းကျဲ့သည် ရှန်းချင်းဟန်အား ပွတ်သပ်ရန်ကြိုးစားလေသည်။

“ရပ်လိုက်”

ရှန်းချင်းဟန်သည် မျက်မှောင်ကြုတ်နေပြီး နဖူးပေါ်ရှိအပြာရောင်သွေးကြောများက ဖောင်းနေသည်။ ထို့နောက် သူက ကိုယ်ကိုလှည့်လိုက်ပြီး လင်းကျဲ့အား သူ့ကိုယ်အောက်တွင်ဖိထားသည်။ သူ၏မျက်လုံးများသည် အနည်းငယ်နီရဲနေပြီး လင်းကျဲ့အားကြည့်နေသည်။

“အဆင်ပြေသွားပြီလား”

လင်းကျဲ့က ရှန်းချင်းဟန်အား ရီဝေစွာကြည့်နေပြီး ဖက်ထားလိုက်သည်။  သူ၏ပါးပြင်သည် နီရဲနေပြီး ဆွဲဆောင်နေသည်။

“မရဘူး”

ရှန်းချင်းဟန်၏မျက်လုံးများသည် လှုပ်ခတ်နေပြီး အေးစက်စွာပြောသည်။

“ဘာလို့မရတာလဲ၊ ခင်ဗျားသဘောကျတဲ့လူကို ခင်ဗျားသဘောကျသလိုလုပ်လို့မရနိုင်ဘူးလား”

လင်းကျဲ့က စိတ်ဆိုးစွာဖြင့်ပြောသည်။

“မင်းအခုမူးနေတယ်၊ လျှောက်လုပ်မနေနဲ့”

ရှန်းချင်းဟန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချသည်။

“အရက်မသောက်နဲ့၊ မကောင်းတာမလုပ်နဲ့”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now