part 72

2.2K 273 7
                                    

Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၇၂

“လင်းကျဲ့ကို မင်းမယ်တော်နဲ့ကြင်ရာတော်(ကိုယ်လုပ်တော်)ကို တွေ့ပေးဖို့ ဘယ်လိုတွေးထားလဲ”
ရှန်းရန်ဝမ်က ရုတ်တရက်မေးလိုက်သည်။
ရှန်းချင်းဟန် မယ်တော်၏ သေဆုံးမှုသည် ရှန်းချင်းဟန်၏ နှလုံးသားထဲတွင် အမြဲ ဆူးတစ်ချောင်း ဖြစ်နေခဲ့သည်ကို သူသိသည်။
ရှန်းချင်းဟန်၏အမူအရာသည် ရုတ်တရက်တောင့်တင်းသွားပြီး နောက်ဆုံးတွင် မည်သည့်အရာမှ ဖြစ်ပျက်ခဲ့ခြင်း မရှိသကဲ့သို့ ကြည့်လိုက်သည်။  သူသည် တိုးဖွစွာပြောခဲ့သည်။
“ဒီအကြောင်းကို နောက်မှာပြောပါရစေ၊ ကိစ္စတွေဖြစ်ပျက်တာက မကြာသေးဘူး”
“​ကောင်းပြီလေ၊ မင်းလုပ်ချင်တာလုပ်နိုင်တယ်၊ ဒါပေမယ့် တော်သင့်ပြီ၊ မင်းနားလည်သလား”
ရှန်းရန်ဝမ်က သက်ပြင်းချလျက်ပြောသည်။
“သားတော် နားလည်ပါတယ်”
ရှန်းချင်းဟန်သည် အနည်းငယ်ဦးညွှတ်ပြီးနောက် ထွက်လာခဲ့သည်။
“အဲ့ဒါက လုံလောက်ပြီလား”
သူသည် တော်ဝင်စာကြည့်ဆောင်မှ ထွက်လာသောအခါ မျက်လုံးများကို အနည်းငယ်မှိတ်ထားခဲ့သည်။  နောက်ဆုံးတွင် သူသည် လေးနက်၍ အေးစက်နေသောမျက်လုံးများကို မော့ကြည့်လိုက်သည်။
“မင်းသား”
ကျန်းရန် ရောက်ရှိလာသည်။
“သွားစို့”
ရှန်းချင်းဟန်သည် အေးစက်နေသည်။
စန်းရှီသည် တစ်ညလုံး နန်းတော်၏တံခါးပေါက်တွင် စောင့်နေခဲ့သည်။  ကောင်းကင်တွင် အလင်းရောင်အနည်း ငယ်ပေါ်လာသောအခါ လေးလံသော နန်းတော်တံခါးသည် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။  ထို့နောက် ရင်းနှီးနေ သောသွယ်လျသည့် အဖြူရောင်ပုံရိပ်သည် တံခါးမှ ထွက်လာခဲ့သည်။
စန်းရှီသည် မျက်လုံးများကို ကြမ်းတမ်းစွာသုတ်လိုက်သည်။  နန်းတော်တံခါးမှ ထွက်လာသော ရှန်းချင်းဟန်နှင့် ကျန်းရန်အား မြင်သောအခါ သူသည် ပြေးသွားခဲ့သည်။
“ဘယ်သူလဲ”
ပြေးလာနေသော စန်းရှီအား မြင်သောအခါ ကျန်းရန်သည် ဓါးအား ဆွဲထုတ်လိုက်သည်။
“မင်းသား ကျွန်တော်မျိုး အိမ်တော်က အစေခံပါ”
စန်းရှီသည် လျင်မြန်စွာ ဒူးထောက်လိုက်သည်။
“မင်း အရှေ့ခြံကမလား”
ရှန်းချင်းဟန်သည် စန်းရှီအား ကြည့်၍ မေးလိုက်သည်။
“ဟုတ်ပါတယ်၊ ကျွန်တော်မျိုးက အိမ်ရှေ့စံမိဖုရားကို ခစားရတဲ့ သူပါ”
စန်းရှီခေါင်းညိတ်လိုက်သည်။
“မင်းဘာကိစ္စရှိလို့ ဒီအထိရောက်လာတာလဲ”
ရှန်းချင်းဟန်သည် မျက်မှောင်ကြုတ်သွားသည်။
“မင်းသား အမြန်သွားပြီး မိဖုရားကို ကယ်ပေးပါဦး”
စန်းရှီသည် မျက်ရည်များကို မထိန်းနိုင်ဘဲ ထပ်မံငိုကြွေးလိုက်သည်။

ထိုသို့ကြားသောအခါ ရှန်းချင်းဟန်၏မျက်ဆန်များသည် ပြင်းထန်စွာတုန်ခါသွားပြီး မျက်နှာမှာ ချက်ချင်းပြောင်း သွားသည်။
“သူ ဘာဖြစ်လို့လဲ”
“မနေ့က မင်းသားနန်းတော်ဝင်တာကို သခင်လေးက အခွင့်အရေးယူပြီး အပြင်ခိုးထွက်ခဲ့ကြပါတယ်၊ အိမ်တော်ကို ပြန်လာတဲ့လမ်းမှာ မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာကို သခင်လေးက မြင်သွားပြီးတော့ အနိုင်ကျင့် တဲ့လူကို သင်ခန်းစာပေးလိုက်ပါတယ်၊ အဲ့ဒါသခင်လေးကို ဖမ်းခေါ်သွားကြပြီး အခုထိ သတင်းမရသေးပါဘူး၊ မိဖုရားကို ကယ်ပေးဖို့ မင်းသားကို ကျွန်တော်မျိုး တောင်းပန်ပါတယ်၊ သူတို့က မိဖုရားမှန်း မသိတာကြောင့် တစ်ခုခုလုပ်ပစ်နိုင်ပါတယ်”
စန်းရှီသည် ငိုကြွေးနေသည်။
“ကျန်းရန်”
ထိုအကြောင်းကို ကြားလိုက်သည်နှင့် ရှန်းချင်းဟန်၏မျက်နှာသည် လုံးဝမှုန်မှိုင်းသွားပြီး မျက်လုံးများထဲတွင် လည်း အေးစက်မှုများ ပေါ်ပေါက်လာသည်။
“ကျွန်တော်မျိုး ရှိပါတယ်”
ကျန်းရန်က လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
“ဘယ်သူက လင်းကျဲ့ကို ခေါ်သွားတယ်ဆိုတာ သွားစုံစမ်းလာခဲ့”
ရှန်းချင်းဟန်၏အသံမှာလည်း အေးစက်နေသည်။
“ဟုတ်ကဲ့”
ထို့နောက် ကျန်းရန်သည် ထွက်ခွာသွားသည်။
“ဒီတောတွင်းဓါးပြကတော့”
ရှန်းချင်းဟန်သည် အေးစက်သောမျက်လုံးများနှင့်ငုံ့ကြည့်နေသည်။
သူသည် တစ်ရက်လေးတောင် မနေနိုင်ဘူးလား။
သူသည် အုပ်ချုပ်အောက်မှ ခိုးထွက်သွားလျှင် နေရာတိုင်းမှာ ပြဿနာရှာစဲဖြစ်သည်ကို မသိသေးဘူးလား။
စန်းရှီသည် ရှန်းချင်းဟန်၏ခန္ဓာကိုယ်ပေါ်မှ အအေးဓါတ်ကြောင့် ထိတ်လန့်နေပြီး တံတွေးမြိုချရုံသာ တတ်နိုင်လေသည်။
ရှန်းချင်းဟန်သည် တွေးတောလေလေ ပို၍ အေးစက်လာလေလေဖြစ်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့သည်။
ကျန်းရန်သည် မနှောင့်နှေးဝံ့ဘဲ အချိန်ခဏကြာပြီးသည့်နောက်တွင် သူသည် လင်းကျဲ့အား ခေါ်ဆောင်သွားသော လူများကို ရှာဖွေတွေ့ရှိခဲ့လေသည်။  သူသည် ရှန်းချင်းဟန်ထံသို့ အမြန်လာ၍ လျှောက်တင်ခဲ့သည်။
“မင်းသား အိမ်ရှေ့စံမိဖုရားကို ခေါ်ဆောင်သွားသူများက သခင်ကြီး ဖုန်းရွှမ်၏ လက်အောက်ကလူများ ဖြစ်ပါတယ်”
"ဖုန်းရွှမ်?"
ရှန်းချင်းဟန်သည် အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး ထွက်လာခဲ့သည်။  သူသည် အေးစက်စွာပြောလိုက် သည်။
“သွားစို့”
နေ့အလင်းရောင် အနည်းငယ်ထွက်ပေါ်လာချိန်တွင် ဖုန်းရွှမ်သည် ပျာယာခတ်နေသောအစေခံများ နှိုးသော ကြောင့် နိုးထလာခဲ့သည်။
“အတင့်ရဲလှချည်လား၊ မင်းက ငါ့အိပ်မက်ကို နှောင့်ယှက်ရဲတယ်ပေါ့၊ သေချင်နေပြီလား”
ဖုန်းရွှမ်က စိတ်ဆိုးစွာဖြင့်ပြောလိုက်သည်။
“မဟုတ်ပါဘူး သခင်ကြီး၊ အိမ်ရှေ့စံမင်းသား ဒီကို ရောက်လာပါတယ်”
အစေခံသည် ဖုန်းရွှမ်စိတ်ဆိုးနေသည်ကိုပင် ဂရုမစိုက်နိုင်ပေ။  သူသည် အလျင်လိုနေသည်။
ထိုစကားကို ကြားလိုက်သည်နှင့် ဖုန်းရွှမ်သည် ရုတ်တရက် အိပ်ရာမှ ခုန်ထလိုက်ပြီး မျက်လုံးပြူးကြီးများဖြင့် အစေခံအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
“မင်းဘာပြောလိုက်တာ”
“အိမ်ရှေ့စံမင်းသား ရောက်လာပါတယ်”
အစေခံသည် တံတွေးမြိုချလျက် ပြောသည်။
“မင်းသားက ဘာလို့ လာနိုင်မလဲ”
ဖုန်းရွှမ်သည် အကြောင်းရင်းကို အမှန်တကယ် မတွေးတောနိုင်ပေ။  သူသည် အရာရှိငယ်မျှသာဖြစ်သော ကြောင့် မင်းသားက မည်ကဲ့သို့ ရောက်လာနိုင်ပါမည်လဲ။  ထို့ထက်ပိုသည်မှာ မိုးသောက်ချိန်သာရှိသေးသည်။  သူသည် အစေခံများအား ဝတ်စုံဝတ်ဆင်ပေးရန် ညွှန်ကြားလိုက်သည်။ “မင်းသားက ခြံထဲမှာရောက်နေပါပြီ၊ နောက်ကျမှာစိုးရိမ်မိပါတယ်”
ထိုအသံအား ကြားသောအခါ ဖုန်းရွှမ်သည် အဝတ်အစားဝတ်ရန် မတတ်နိုင်တော့ဘဲ နောက်မှလူအား ခြေထောက်ဖြင့်ကန်ကာ ပြောလိုက်သည်။
“မင်းအမေ....၊ စောစောမပြောဘဲနဲ့”
ထို့နောက် ဖုန်းရွှမ်သည် အလျင်အမြန်ပြေးထွက်လာခဲ့သည်။  သူအပြင်သို့ရောက်သည်နှင့် တပြိုင်နက် အဖြူ ရောင်ဝတ်ဆင်ထားပြီး သွယ်လျသောခန္ဓာကိုယ်၊ အေးစက်သောမျက်နှာနှင့် ရှန်းချင်းဟန်အား မြင်လိုက်ရသည်။  ကြီးမားလေးလံသောလေထုသည် သူ့အား ဒူးထောက်သွားစေသည်။ 
“မင်းသားရောက်လာတာကို ကျွန်တော်မျိုးမသိလိုက်ပါဘူး၊ စောင့်ဆိုင်းနေရတဲ့အတွက် ကျွန်တော်မျိုးကို ခွင့်လွှတ်တော်မူပါ”
ဖုန်းရွှမ်သည် သူ့အား တုန်ယင်သွားစေသည့်အေးစက်မှုကို ခံစားလိုက်ရသည်။
ရှန်းချင်းဟန်သည် သူ၏ရှေ့တွင် မတ်တတ်ရပ်လိုက်သောအခါ ဖုန်းရွှမ်သည် ရေခဲခန်းအတွင်းသို့ ကျရောက် သွားသကဲ့သို့ နားမလည်နိုင်သောကြောက်ရွံ့မှုများသည် သူ၏နှလုံးသားထဲမှ ထွက်ပေါ်လာသည်။
“သူ ဘယ်မှာလဲ”
ရုတ်တရက် ခံစားချက်ကင်းမဲ့သော အေးစက်နေသည့်အသံသည် ထွက်ပေါ်လာသည်။  ထိုအသံသည် ခြိမ်းခြောက်မှု တစ်ခုကဲ့သို့ဖြစ်နေသည်မှာ သံသယဝင်စရာမရှိပေ။  ဖုန်းရွှမ်ထိတ်လန့်သွားသည်။
“ဘယ်သူ့ကို ပြောတာပါလဲ”
အချိန်အတော်ကြာသည်အထိ ဖုန်းရွှမ်သည် ထိတ်လန့်နေပြီး ရှန်းချင်းဟန်၏စကားများကို နားမလည်ပေ။
“မနေ့က မင်းဖမ်းလာတဲ့လူလေ”
ရှန်းချင်းဟန်သည် မျက်လုံးများကို အနည်းငယ်မြှင့်၍ ဖုန်းရွှမ်အား အေးစက်စွာ ကြည့်လိုက်သည်။  သူ၏မျက်လုံများမှာ အောက်ခြေမမြင်နိုင်သည်အထိ နက်ရှိုင်းနေပြီး အေးစက်သော အတွေးများသည်လည်း ကျယ်လောင်လာသည်။
ဖုန်းရွှမ်၏ ခန္ဓာကိုယ်သည် တုန်တုန်ယင်ယင်နှင့် တုန်လှုပ်သွားပြီး "တကယ်တော့ ကျွန်တော့လက်အောက် အရာရှိက မနေ့က ပြဿနာရှာနေတဲ့ ဒုက္ခပေးသူကို ဖမ်းဆီးခဲ့တာပါ"
“သူ ဘယ်မှာလဲ”
ရှန်းချင်းဟန်၏မျက်လုံးများသည် လှုပ်ခတ်နေပြီး အသံမှာ အလွန်တိုးဖျော့နေသည်။
“မင်းသားက ဘာကို ရှာဖွေနေတယ်ဆိုတာ ကျွန်တော်မျိုး မသိပါဘူး”
ဖုန်းရွှမ်က အံ့သြနေသည်။
“ပြောစမ်း”
ဒေါသသံ ထွက်ပေါ်လာပြီး ဖုန်းရွှမ်အား ချွေးပြန်သွားစေသည်။  သူက လျင်မြန်စွာပြောလိုက်သည်။
“မင်းသားကို လျှောက်တင်ပါတယ်၊ ကျွန်တော်မျိုး သူ့ကို အချုပ်ခန်းဆီကို ပို့လိုက်ပါပြီ”
လှည့်ထွက်သွားသည်။
သူသည် မင်းသားကို အမီလိုက်ရန်အတွက် မြန်မြန်လျှောက်လာသည်။
သူသည် ခံစားချက်ကင်းမဲ့ပြီး လှပခန့်ညားသောမျက်နှာကို ကြည့်နေရာမှ ကျန်းရန်ဘက်သို့ လှည့်ကြည့်လိုက် သည်။
ကျန်းရန်သည် ဖုန်းရွှမ်အား ​ခေတ္တမျှကြည့်လိုက်ပြီးနောက် တိုးတိုးပြောလိုက်သည်။
“ဖုန်းသခင်ကြီးက အိမ်ရှေ့စံမိဖုရားကို ပြဿနာရှာတဲ့သူလို့ ခေါ်ဝံ့တာပဲ”
ထိုသို့ကြားလိုက်သောအခါ ဖုန်းရွှမ်၏ခန္ဓာကိုယ်မှာ တောင့်တင်းလာသည်။  လူတစ်ကိုယ်လုံးမှာ ထိတ်လန့်သွား ပြီး နှေးကွေးသွားသည်။  သူသည် ကျန်းရန်အား လွှတ်လိုက်ပြီးနောက် လဲကျသွားသည်။
“အဲဒီလူက အိမ်ရှေ့စံမိဖုရားလို့ ပြောလိုက်တာလား”
ကျန်းရန်သည် ပြုံးလိုက်ပြီးနောက် လှည့်ထွက်သွားသည်။
ဖုန်းရွှမ်သည် အသိစိတ်လွတ်ကာ ထိုနေရာမှာပင် ထိုင်နေခဲ့သည်။
အေးစက်သောလေသည် တိုက်ခတ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အေးခဲနေသည်။  ဤနေရာတွင် အပူချိန် လုံးဝမရှိပေ။  လင်းကျဲ့၏နှုတ်ခမ်းများမှာ တုန်ခါနေသည်။  သူသည် တစ်ကိုယ်လုံးအေးခဲနေပြီး ခေါင်းမှာ အလွန် လေးလံနေသလို ခံစားနေရသည်။
တည်ငြိမ်သောခြေသံသည် ညင်သာစွာဖြင့် တဖြည်းဖြည်းနီးကပ်လာသည်။
နောက်ဆုံးတွင် ဖြူဖွေးသောဖိနပ်အစုံသည် သူ၏ရှေ့တွင် ရောက်ရှိလာသည်။
သူသည် အံ့အားသင့်လျက် မျက်လုံးများအား တဝက်တပျက်ဖွင့်လိုက်သည်။  သူ၏အမြင်မှာ အလွန်ဝေဝါးနေ သောကြောင့် သွယ်လျသောအဖြူရောင်အရိပ်ကို ဝိုးတဝါးသာ မြင်နိုင်လေသည်။
သူသည် မော့ကြည့်လိုက်သောအခါ အလွန်လှပသောမျက်နှာသည် မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။  လင်းကျဲ့သည် ပါးစပ်ကို ဖွင့်လိုက်သောအခါ လည်ချောင်းထဲတွင် ပူနေပြီး ဝိုးတဝါး ညည်းညူလိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားTempat cerita menjadi hidup. Temukan sekarang