part 85

1.6K 209 5
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၈၅

မုန့်ဝယ်ပြီးနောက်တွင် လင်းကျဲ့သည် ပေါက်စီရောင်းနေသောလူတစ်ယောက်ကို မြင်လိုက်သောကြောင့် ပြေးသွားပြန်သည်။
“မင်းအများကြီး စားနိုင်လို့လား”
လင်းကျဲ့လက်ထဲတွင် အရသာရှိသောမုန့်များနှင့် ပြည့်နေသည်ကို ကြည့်၍ ရှန်းချင်းဟန်သည် မစိုးရီမ်ဘဲ မနေနိုင်ပေ။
“အကုန်လုံးတော့မစားနိုင်ဘူး၊ ကျွန်တော် သူများတွေကိုလည်း ကျွေးမယ်လေ”
လင်းကျဲ့သည် တွန့်ဆုတ်ခြင်းမရှိပေ။
“……”
“……”
ရှန်းချင်းဟန်သည် လင်းကျဲ့၏အတွေးကို နားမလည်နိုင်ပေ။
“ပိုက်ဆံပေး”
လင်းကျဲ့သည် ပူနွေးနေသောပေါက်စီများကို ယူပြီး ပြုံးပြသည်။
ရှန်းချင်းဟန်က ပိုက်ဆံရှင်းပေးလိုက်သည်။  ထို့နောက် ပြန်လှည့်လာသောအခါ လင်းကျဲ့သည် ဆီးသီးချိုချဉ်သည် ဆီသို့ပြေးသွားသောလင်းကျဲ့ကို တွေ့လိုက်ရသည်။
“တစ်ခုပေးပါ”
“တစ်ခုပေးပါ”
ကြွပ်ဆတ်သော အသံနှစ်ခုသည် တစ်ပြိုင်တည်းထွက်ပေါ်လာသည်။  လင်းကျဲ့သည် လှည့်ကြည့်လိုက်သည်နှင့် အနီရောင်ဝတ်ဆင်ထားသည့် လှပသော ယောက်ျားတစ်ဦးသည် သူ၏ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။  သူ့၏အသွင်အပြင်မှာ အမျိုးသမီးတစ်ယောက်ထက်ပင် ကြည့်ကောင်းနေသည်။  လင်းကျဲ့သည် မျက်တောင်ခတ်ပြီး သက်ပြင်းချလိုက်သည်။
“သခင်လေးနှစ်ယောက်ခင်ဗျာ ချိုချဉ်က တစ်ခုတည်းကျန်ပါတော့တယ်၊ ကျွန်မဘယ်သူ့ကို ပေးရမယ်မှန်း မသိတော့ပါဘူး”
ဆီးသီးချိုချဉ်ရောင်းသောမိန်းကလေးသည် အနည်းငယ်စိုးရွံ့နေသည်။
“ကျွန်တော့်ကို ပေးပါ”
သူတို့သည် ခတ္တမျှ ငြိမ်သက်ပြီးနောက် အမြန်ပြောလိုက်သည်။
ထိုအချိန်တွင် သူတို့နှစ်ဦးစလုံးသည် ရှက်ရွံ့သွားသည်။
ချိုချဉ်ရောင်းသော မိန်းကလေးသည်လည်း ဝေခွဲမရဖြစ်နေသည်။
“ဘာဖြစ်တာလဲ”
အသံနှစ်သံသည် တစ်ခုက ဘယ်ဘက် တစ်ခုကညာဘက်မှ ထွက်ပေါ်လာသည်။  ရှန်းချင်းဟန်သည် မျက်မှောင်ကြုတ် ၍ လင်းကျဲ့ဆီသို့ လျှောက်လာသည်။  အခြားတစ်ဘက်တွင်လည်း အဖြူရောင် ဝတ်ဆင်ထားသော လူ တစ်ဦးက အခြားသခင်လေးကို ကြည့်၍ လျှောက်လာနေသည်။  နောက်ဆုံးတွင် သူသည် အနီရောင်ဝတ်ဆင်ထား သောသခင်လေး၏ဘေးတွင် ရပ်လိုက်သည်။  လင်းကျဲ့က ထိုသူအားကြည့်လိုက်သောအခါ ထိုသူ၏နက်မှောင် သောဆံပင်ပေါ်တွင် အနီရောင်ဖဲပြားနှင့် စည်းနှောင်းထားသည်မှာ ထင်ရှားနေသည်။
ထိုလူနှစ်ဦးအားကြည့်ပြီးသည့်နောက်တွင် လင်းကျဲ့သည် အော်လိုက်မိသည်။  သူသည် ချင်မင်းဆက်၏ ရှန်းချင်းဟန်သည် အထင်ရှားဆုံးဖြစ်သည်ဟု တွေးထားခဲ့သည်။  မမျှောင်လင့်စွာပင် ရှန်းချင်းဟန်ကဲ့သို့ ကြည့်ကောင်းသော လူများရှိနေသည်။
“မင်းပိုက်ဆံမရှိလို့လား၊ လျှောက်မပြေးနဲ့”
ရှန်းချင်းဟန်က မျက်မှောင်ကြုတ်နေသည်။
“ကျွန်တော်က ဘယ်မှာလျှောက်ပြေးနေလို့လဲ”
လင်းကျဲ့က ပြောသည်။
“ဘာဖြစ်နေတာလဲ
အဖြူရောင်ဝတ်စုံနှင့်လူသည် အနီရောင်ဝတ်စုံနှင့်လူအား ကြည့်လိုက်သည်။  သူ၏အကြည့်တွင် အပြစ်မမြင်နိုင် သော ချစ်မြတ်နိုးမှုများနှင့် ပြည့်နေသည်။
“ဘာမှမဖြစ်ပါဘူး၊ ကိစ္စသေးသေးလေးပါ”
အနီရောင်ဝတ်စုံနှင့်လူသည် တောက်ပစွာပြုံးလိုက်သည်။ 'll buy it for you tomorrow. It's very “ငါ မင်းအတွက် မနက်ဖြန်ကျမှဝယ်ပေးမယ်နော်၊ ခုနောက်ကျနေပြီး အရင်ပြန်လိုက်ကြစို့”
အဖြူရောင်ဝတ်စုံနှင့် လူသည် ပြုံးလျက် အနီရောင်ဝတ်စုံနှင့် လူ၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။
“ကျွန်တော်လုပ်ချင်တာ ဘယ်အရာမဆိုလုပ်လို့ရတယ်ပေါ့”
“အင်း”
“ဒါဆို ကျွန်တော်ခင်ဗျားကို စားချင်တယ်”
အနီရောင်ဝတ်စုံနှင့်လူသည် ပြုံးလိုက်ပြီး သူ၏လက်များသည် အဖြူရောင်ဝတ်စုံနှင့် လူ၏ခါးတစ်ဝိုက်တွင် မရိုးသားစွာ ပွတ်သပ်နေသည်။
“ဒီမှာ လူတွေအများကြီး ကြည့်နေတယ်လေ၊ မဆိုးနဲ့”
အဖြူရောင်ဝတ်စုံနှင့် လူသည် မျက်မှောင်ကြုတ်သွားသော်လည်း သူ၏မျက်လုံးများအတွင်းမှ နူးညံ့မှုသည် ပြောင်းလဲသွားခြင်းမရှိပေ။
“ခင်ဗျားဘာတွေစိုးရိမ်နေတာလဲ၊ သူတို့တွေ ကျွန်တော်တို့ကို ဘယ်နည်းနဲ့မှ မသိနိုင်ပါဘူး”
အနီရောင်ဝတ်စုံနှင်လူသည် လူကြီးတစ်ယောက်ကဲ့သို့ပြုံးလိုက်သည်။
“ကောင်းပြီ၊ သွားကြစို့၊ အိမ်ပြန်ကြမယ်”
အဖြူရောင်ဝတ်စုံနှင့်လူသည် ကူကယ်ရာမဲ့နေသည်မှာ ထင်ရှားသည်။  သူ၏ဆံပင်များသည် နဖူးပေါ်တွင် ကျန်ပြီး ပြုံးလိုက်သည်။
“ကြီးမြတ်သောဦးဆောင်သူ။  ကိုယ့်စကားကို မမေ့ပါနှင့်”
အနီရောင်ဝတ်စုံနှင့်လူသည် အဖြူရောင်ဝတ်စုံနှင့်လူကို လက်ညှိုးထိုးပြီး ရယ်မောနေသည်။
“အချိန်အကြာကြီး မဟုတ်ဘူးနော်”
အဖြူရောင်ဝတ်စုံနှင့်လူသည် လက်ကို ဆန့်ထုတ်၍ အနီရောင်ဝတ်စုံနှင့်လူ၏လက်ညှိုးကို ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးတွင် လက်ဖဝါးကို သူ၏လက်ထဲတွင်ထည့်၍ ညင်သာစွာပြောသည်။
“သွားမယ်၊ အိမ်ပြန်မယ်”
.ထိုစကားများကို နားထောင်နေသော လင်းကျဲ့သည် လုံးဝ ထိတ်လန့်သွားသည်။ “ဘယ်လိုအခြေအနေကြီးလဲ။”
သူသည် အဘယ်ကြောင့် အနည်းငယ်ရှက်ရွံ့နေပါသနည်း။
သူတို့သည် ထွက်ခွာသွားခါနီးတွင် လင်းကျဲ့က ဟန့်တားလိုက်သည်။
“မင်းက ဒါချင်းကမလား၊ ဟုတ်တယ်မလား၊ ငါမင်းကို ဆီးသီးချိုချဉ်ပေးလိုက်ပါ့မယ်၊ ငါက ဒီမှ နေတာဆိုတော့ ငါစားချင်းရင် ဘယ်အချိန်မဆို ဝယ်လို့ရပါတယ်”
လင်းကျဲ့က ပြုံးလိုက်သည်။
“တကယ်လား”
အနီရောင်ဝတ်စုံနှင့်လူ၏မျက်လုံးများသည် ဆီးသီးချိုချဉ်အား မည်မျှစားချင်နေသည်ကို သက်သေပြသကဲ့သို့ တောက်ပသွားသည်။
“အင်း”
လင်းကျဲ့က ခေါင်းညိတ်သည်။
“ကျေးဇူးတင်ပါတယ်”
အနီရောင်ဝတ်စုံနှင့်လူသည် လက်ထဲတွင် ချိုချဉ်အား ကိုင်၍ ကလေးတစ်ယောက်ကဲ့သို့ ရယ်မောလိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် ထွက်ခွာသွားသည်။
ချိုချိုချဉ်ချဉ်နှင့်ဆီးသီးချိုချဉ်အားစားနေစဉ်မှာပင် အနီရောင်ဝတ်စုံနှင့်လူသည် အဖြူရောင်ဝတ်စုံနှင့်လူအား ပြုံးလျက် စကားပြောနေသည်။
“ရှန်းချင်းဟန် သာမန်လူတွေက အဲ့လောက်စိတ်ဝင်စားစရာကောင်းသလား၊ အဲဒီသခင်လေးက ခင်ဗျားနဲ့တူတယ်”
“ဘယ်နေရာက တူတာလဲ”
“ကျွန်တော်တို့ပထမဆုံးတွေ့တုံးက ခင်ဗျားရဲ့အေးစက်တဲ့မျက်နှာနဲ့ ခံစားချက်မပါတဲ့ အကြည့်တွေက တူတူပဲ”
”……“
“…….”
“ကြောင်တောင်တောင်နဲ့၊သွားစို့”
ရှန်းချင်းဟန်သည် လင်းကျဲ့အားကြည့်၍ပြောလိုက်သည်။  လင်းကျဲ့၏နှုတ်ခမ်းမှာ မဲ့သွားပြီး ခေါင်းညိတ်သည်။
သူသည် ထိုနှစ်ယောက်၏စကားများကို အခုထိကြားနေခဲ့သည်။ အရမ်းကြီးတော့ နားမလည်သော်လည်း....
“အာ အဲ့လူက ရှန်းချင်းဟန်လိုပဲ”
လင်းကျဲ့သည် ရှန်းချင်းဟန်အား ကြည့်လိုက်ပြီး မေးစေ့အား ကိုင်လိုက်သည်။
“နည်းနည်းတော့တူတယ်”
“ဘာလဲ”
ရှန်းချင်းဟန်က မျက်မှောင်ကြုတ်သွားသည်။
“……”“……..”
လင်းကျဲ့သည် ဆွံအသွားသည်။
“ခင်ဗျား သူများတွေပြုံးသလိုမျိုး ပြုံးဖို့ မသင်နိုင်ဘူးလား”
"..."
“…”
ရှန်းချင်းဟန်၏မျက်နှာသည် အမူအရာကင်းမဲ့နေပြီး မျက်ခုံးများကို အနည်းငယ်ပင့်လိုက်သည်။  သူ၏အကြည့် များတွင် အေးစက်မှုများရှိနေသည်။
“မင်းဘာအကြောင်းပြောနေတာလဲ”
“အာ ကျွန်တော် ဘယ်အချိန်တုန်းက ပြောလို့လဲ”
လင်းကျဲ့သည် ခေါင်းကို လျင်မြန်စွာငုံလိုက်ပြီးနောက် ညည်းတွားလိုက်သည်။
“အဲဒီနှစ်ယောက်က အခုအတူနေတာဖြစ်မယ်၊ ကြည့်ရတာ ချစ်နေကြတယ်ထင်တယ်”
လင်းကျဲ့သည် သူ၏နှလုံးသားထဲတွင်ထူးဆန်းသောခံစားချက်ကို ခံစားလိုက်ရသည်။
လင်းကျဲ့၏ညည်းတွားသံကို ကြားလိုက်သောအခါ ရှန်းချင်းဟန်သည် ခေါင်းငုံ့၍ လင်းကျဲ့၏လှပသောမျက်နှာကို ကြည့်လိုက်သည်။
“စည်ကားနေသောလမ်းမကြီး"
“ရှန်းချင်းဟန် ခင်ဗျား တကယ်မစားဘူးလား”
လင်းကျဲ့သည် ထောပတ်မုန့်ကို ကိုက်လိုက်ပြီး ရှန်းချင်းဟန်အား ကြည့်နေသည်။
ရှန်းချင်းဟန်၏မျက်နှာမှာ အမူအရာကင်းမဲ့နေပြီး ပြောလိုက်သည်။
“မလိုဘူး”
လင်းကျဲ့က ပြောသည်။
"ငါအချိုတွေမစားဘူး”
ရှန်းချင်းဟန်ကပြောသည်။
“ခင်ဗျားကြာစေ့ဟင်းရည်ကို မကြိုက်ဘူးလား”
လင်းကျဲ့က မျက်တောင်ခတ်လိုက်သည်။
ရှန်းချင်းဟန်သည် လျှောက်နေရာမှ တိတ်ဆိတ်သွားပြီးနောက် ပြောသည်။
“အဲဒါက မတူဘူးလေ”
“ဟုတ်တယ်၊ မတူဘူး၊ ခင်ဗျားမှန်တယ်”
လင်းကျဲ့သည် ထောပတ်မုန့်ကို ကိုက်လိုက်သည်။
“ဒါက စန်းရှီအတွက်၊ ဒါက ရှန်းကူရန်အတွက် ပြီးတော့ ဒါက ကျန်းရန်အတွက်”
“မင်းအခု ဘယ်သွားနေတာလဲ၊ အိမ်ပြန်နေတာလား”
ရှန်းချင်းဟန်သည် ထောပတ်မုန့်ကို ဆက်၍စားနေသော လင်းကျဲ့ကို ကြည့်၍ ရေရွတ်လိုက်သည်။
“မပြန်သေးပါဘူး”
ထိုစကားကို ကြားသောအခါ လင်းကျဲ့သည် ထောပတ်မုန့်ကို ချ၍ အမြန်ပြောလိုက်သည်။
“မီးပုံးမထွန်းရသေးဘဲနဲ့ ပြန်လိုက်ရင် နှမြောစရာ”
“မီးပုံး”
ရှန်းချင်းဟန်သည်အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။
“ဟုတ်တယ်၊ မီးပုံးပျံမလွှတ်ဘူးဆိုရင် လမုန့်စားပွဲတော်လို့ ပြောလို့မရဘူး”
လင်းကျဲ့က အတည်ပြောသည်။
“အဓိပ္ပါယ်ရှိလို့လား”
ရှန်းချင်းဟန်က စွေကြည့်လိုက်သည်။
“ကောင်းပြီ ကောင်းပြီ”
အမှန်တရာအား ထုတ်ဖော်ခံရသောအခါ လင်းကျဲ့သည် ရှက်ရွံ့သွားပြီး သူ၏မျက်နှာမှာ ရှုံ့မဲ့နေသည်။ “သွားမယ်၊ မီးသွားထွန်းကြမယ်”

ရှန်းချင်းဟန်က သက်ပြင်းချလိုက်ပြီး ထွက်သွားသည်။လင်းကျဲ့သည် ပျော်ရွှင်စွာဖြင့် နောက်မှလိုက်သွားသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now