part9

6.3K 629 1
                                    

unicode

Chapter 9

သူသည် ဘေးတွင် မျက်နှာသေနှင့် ရှန်းချင်းဟန်အား ရှန်းနင်အား မည်သို့မျှ မတုံ့ပြန်သည့် ရှန်းချင်းဟန်အား ကြည့်လိုက်သည်။

“အစ်ကိုတော် ကျွန်တော့်ကို မရီးနဲ့ တကယ်ကြီး မိတ်ဆက် မပေးတော့ဘူလား။ အနည်းဆုံးတော့ သူက အစ်ကိုတော် လက်ထပ်ထားတဲ့ ကျွန်တော့်မရီးမလား”

ရှန်းချင်းဟန်ကို ကြည့်ရသည်မှာ ရှန်းနင်အား လျစ်လျူရှုထားဟန် တူသည်။ ရှန်းနင်သည် စကားလမ်းကြောင်းအား ပြောင်းလိုက်ပြီး နောက်ဆုံး စကားပေါ်တွင်ပဲ အာရုံစိုက် ထားလိုက်သည်။ ထို့မှတစ်ပါး  ရှန်းချင်းဟန်သည် သူ၏မိဖုရားအဖြစ် အမျိုးသား တစ်ဦးအား လက်ထပ်လိုက်ခြင်းကို ပို၍ လှောင်ပြောင်လိုဟန် ရှိသည်။

သူ၏မျက်နှာ အမူအရာမှာ ပြောင်းလဲသွားသည်။ ရှန်းချင်းဟန်သည် ဤအခြေအနေကို သည်းခံနိုင်သော်လည်း သူ့ကို ဟာသတစ်ခုလို အသုံးချခြင်းမျိုးကို သည်းမခံနိုင်ပေ။ သူ ဘယ်လိုများ စိတ်မဆိုးနိုင်တာပါလိမ့်။

ရှန်းချင်းဟန်၏ မျက်နှာတွင် စိတ်ဆိုးသော အမူအရာဟူ၍ အနည်းငယ်မျှ မတွေ့ရပေ။ သူသည် မည့်သည့်အရိပ် အယောင်မျှမရှိသည့် မျက်နှာ အနေအထားအတိုင်း ရှိနေပြီး ပြောလိုက်သည်။

“ငါတို့ကို မိတ်ဆက်စရာ မလိုပါဘူး”

“အစ်ကိုတော်ရဲ့ စကားတွေကလည်း မသင့်လျော်လိုက်တာ၊ အဲ့လိုဆို ကျွန်တော်က ကိုယ့်မရီးကို ဘယ်သိမလဲ”

ရှန်းနင်၏ အကြည့်သည် ရှန်းချင်းဟန်၏ ဘေးတွင် ရပ်နေသော လင်းကျဲထံသို့ ရောက်သွားသည်။ လင်းကျဲ့ကို မြင်သောအခါ အထင်အမြင်သေးစွာ မဲ့သွားသည်။

“ဒါ့အပြင် မရီးက အောက်ခြေကနေ အမြင့်ရောက်သွားတဲ့ အာဂလူပဲ၊ ချင်နိုင်ငံတော်ကြီးမှရှိတဲ့ လူတိုင်းသိကြတာပဲ”

“မှန်တယ်မလား မရီး”

ရှန်းနင်သည်သာ စကားပြောနေပြီး လင်းကျဲ့သည် သည့်မခံနိုင်တော့ဘဲ နားရွက်ကို ကိုင်ကာ “ တော်တော့၊ မင်းအသံက ငါနားမခံနိုင်ဘူး၊ ငါမင်းကို ပါးစပ်ပိတ်သွားအောင် လုပ်လိုက်ရမလား”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now