unicode
Chapter 38
ရှန်းချင်းဟန်သည် ရှန်းကူရန်အား တွေ့ရန် သွားရောက်သောအခါ ရှန်းကူရန်သည် ခုတင်ပေါ်တွင် လှဲနေရာမှ ထထိုင်သည်။
“အစ်ကိုတော် လာပြီလား”
ရှန်းကူရန်က ပြုံးလိုက်သည်။
“မင်း ရေကို ဘယ်အချိန်က ကြောက်သွားတာလဲ”
ရှန်းချင်းဟန်သည် စားပွဲရှေ့တွင် ထိုင်လိုက်ပြီး ရှန်းကူရန်အား ကြည့်လိုက်သည်။
“ဒါက ငါဘာမှမတတ်နိုင်ဘူးလေ”
ရှန်းကူရန်သည် ခါးသီးစွာ ရယ်မောလိုက်ပြီး ရှန်းချင်းဟန်၏ ဘေးတွင် ထိုင်လိုက်သည်။
“ငါသိလိုက်တဲ့ အခါကျတော့ ရေနှစ်နေပြီ။ အခုမှတော့ အသုံးမဝင်တော့ပါဘူး”
ရှန်းချင်းဟန်သည် စားပွဲပေါ်သို့ သစ်သားသေတ္တာ တစ်ခုအား ညင်သာစွာ တင်လိုက်ပြီး ပြောသည်။
“ကောင်းပါပြီ၊ အခုတော့ ပြန်ယူလာနိုင်ခဲ့ပြီ”
ရှန်းကူရန်သည် သေတ္တာအား ဖွင့်လိုက်သောအခါ အထဲတွင် စုတ်ပြဲပျက်စီးနေသော ယပ်တောင် တစ်ချောင်းအား တွေ့လိုက်ရသည်။
ရှန်းချင်းဟန်၏ မျက်လုံးများမှာ အနည်းငယ် အာရုံစိုက်နေပြီး ဘာမှမပြောပေ။
“ကျွန်တော် ကြားထားတာက အစ်ကိုတော်က လင်းကျဲ့ကို ကယ်ဖို့ ကိုယ့်ဆန္ဒနဲ့ကိုယ် ရေထဲခုန်ဆင်းသွားတယ်ဆို”
ရှန်းကူရန်သည် ရှန်းချင်းဟန်၏ လက်ဖက်ရည် ခွက်ထဲသို့ လက်ဖက်ရည် ငှဲ့ပေးလျက် ပြောသည်။
ရှန်းချင်းဟန်သည် မည်သူနည်း။ သူ၏မျက်လုံးထဲတွင် သူ့ထက် အရေးကြီးတာ ဘာမှမရှိသောကြောင့် ရှန်းကူရန်သည် ရှန်းချင်းဟန်က လင်းကျဲ့အား ကယ်တင်ရန် ရေထဲသို့ ခုန်ဆင်းသည်ကို ကြားသောအခါ ထိုသူသည် အမှန်တကယ်ပင် အစ်ကိုတော် ဟုတ်မဟုတ်ဆိုသည်ကို မေးခွန်းထုတ်မိသည်။
“သူ ငါ့အိမ်ထဲမှာသေသွားရင် ပြဿနာဖြစ်မှာပေါ့”
ရှန်းချင်းဟန်သည် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး ပြောသည်။
YOU ARE READING
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား
Romanceဘာသာပြန်သူ- နေရီ လင်းကျဲ့က ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါနော်။ ဘာသာပြန်သူက တော်တော်လေး ကြိုးစားပြီးတော့ ပြန်ထားတဲ့ စာစဉ်လေးပါ။