unicode
Chapter 15
ရှန်းချင်းဟန်သည် စကားတစ်ခွန်းမှ မပြောဘဲ တံခါးအား တွန်းဖွင့်လိုက်သည်။
စန်းရှီသည် လင်းကျဲ့အား သတင်းပို့မည့် စကားလုံးများအား မျိုချလိုက်ရသည်။
ရှန်းချင်ဟန်သည် အခန်းအတွင်းသို့ ဝင်လိုက်သောလည်း အခန်းထဲတွင် လင်းကျဲ့၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။
“ဒီမှာဆိုတာ သေချာရဲ့လား”
ရှန်းချင်းဟန်သည် အခန်းအား လှည့်ပတ် ကြည့်ပြီးနောက် ပြောလိုက်သည်။
စန်းရှီသည် ကြောက်ရွံ့သွားပြီး ချက်ချင်းပင် လင်းကျဲ့အား ရှာဖွေလိုက်သည်။
“သခင်လေးက အနားယူတော့မယ် သူ့ကို ဘယ်သူမှ မနှောင့်ယှက်နဲ့ဆိုပြီး သေချာပြောသွားပါတယ်”
ရှန်းခင်းဟန်သည် လက်နှစ်ဖက်အား နောက်တွင်ထား၍ မတ်တပ်ရပ်ကာ အာရုံစိုက်ထားလိုက်သည်။ သူ၏အမူအရာမှာ အလွန် တည်ငြိမ်နေသည့် အတွက် စန်းရှီသည် ဘာလုပ်ရမှန်း မသိချေ။
ပြောစရာပင် မလိုပေ။ လင်းကျဲ့သည် နောက်တစ်ခါ ထွက်ပြေးပြန်ပြီ ဖြစ်သည်။
ဘာမှ မပြောဘဲ ရပ်နေပြီးနောက် သူသည် လင်းကျဲ့ကဲ့သို့ ပြေးထွက်သွားသည်။
စန်းရှိသည် တစ်စုံတစ်ရာပြောရန် ကြံနေစဉ်မှာပင် ရှန်းချင်းဟန်သည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။
စန်းရှိသည် ထွက်ခွာသွားသော ရှန်းချီဟန်၏ နောက်ကျောအား မှင်သက်စွာ ကြည့်နေခဲ့သည်၊ အိမ်ရှေ့မင်းသားသည် အမှန်တကယ် သတ္တိပြည့်ဝသည်ဟု ပြောရန်မှ တစ်ပါး ပြောစရာမရှိပေ။
လင်းကျဲ့သည် မှောင်မည်းနေသော ကောင်းကင်အောက်တွင် ကင်းလှည့်နေသည့် အစောင့်များအား ရှောင်ရှားကာ အနောက်ဘက် တံခါးဆီသို့ တိတ်တဆိတ် သွားလိုက်သည်။
ပြီးခဲ့သည့် တစ်ခေါက်က သူသည် နံရံအား ကျော်တက်၍ ထွက်ပြေးရန် ကြိုးစားခဲ့သောကြောင့် ရှန်းချင်းဟန်သည် နံရံပတ်လည်တွင် အစောင့်များပို၍ တင်းကျပ်စွာ ချထားသောကြောင့် ခြေလှမ်းတစ်ဝက်မျှပင် ချဉ်းကပ်ရန် မလွယ်ပေ။ ထို့အတူ ပင်မဝင်ပေါက်ကြီးတွင်လည်း အစောင့်အကြပ် များပြားသောကြောင့် ထိုနေရာမှ ထွက်သွားရန် မလွယ်ကူပေ။
YOU ARE READING
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား
Romanceဘာသာပြန်သူ- နေရီ လင်းကျဲ့က ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါနော်။ ဘာသာပြန်သူက တော်တော်လေး ကြိုးစားပြီးတော့ ပြန်ထားတဲ့ စာစဉ်လေးပါ။