part 27

3.5K 396 0
                                    

unicode
Chapter 27

အိမ်ရှေ့မင်းသား နန်းတော်သို့ ပြန်ရောက်သောအခါ ရှန်းချင်းဟန်သည် လင်းကျဲ့အား တွေ့ရန် ထွက်လာသည်။

“ဒါပေမယ့် အခု သခင်လေးက အရှေ့ခြံမှာ မရှိပါဘူး”

စန်းရှီက ပြောလိုက်သည်။

“သူ ဘယ်သွားတာလဲ’

ရှန်းချင်းဟန်သည် အနည်းငယ် စိတ်မရှည်သောကြောင့် အေးစက်သော အရိပ်အယောင်များသည် သူ၏မျက်လုံးများတွင် ပေါ်လာပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။

“မင်းသားကို လျှောက်တင်ပါတယ်၊ ဒီအချိန်ဆိုရင် သခင်လေးက တမော်နဲ့ ကစားနေတာ ဖြစ်နိုင်ပါတယ်”

စန်းရှီသည် ရှန်းချင်းဟန်၏ မျက်လုံးများကို တည့်တည့် မကြည့်ရဲပေ။

ထိုစကားအား ကြားသောအခါ ရှန်းချင်းဟန်သည် လှည့်ထွက်သွားသည်။

ကျန်းရန်က သူ့နောက်မှ ထပ်ချပ်မကွာ လိုက်သွားသည်။

ထိုအချိန်တွင် လင်းကျဲ့သည် တမော် နှင့်အတူ နေရောင်အောက်တွင် အေးအေးဆေးဆေး လဲလျောင်း နေကြသည်။

လင်းကျဲ့သည် သူ၏လက်များအား ခေါင်းနောက်တွင် ထား၍ သမ်းလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ကျရောက်နေသော နေရောင်ခြည်သည် သူ့အား နွေးထွေးမှုကို ခံစားစေသည်။

ရုတ်တရက် တစ်စုံတစ်ခုအား တွေးမိသောအခါ လင်းကျဲ့သည် ထထိုင်လိုက်သောအခါ တမော် သည်လည်း လင်းကျဲ့အား ကြည့်၍ ထလိုက်လေသည်။

“တမော် မင်းက Jin နိုင်ငံတော်က လာတယ်လို့ ငါကြားတယ်၊ မင်းအိမ်ကို မပြန်ချင်ဘူးလား”

လင်းကျဲက မေးလိုက်ပြီး တမော်၏ခေါင်းအား ညင်သာစွာ ပွတ်သပ် ပေးလိုက်သည်။

တမော်သည် ကြီးမားပြီး မည်းနက်နေသော သူ၏မျက်လုံးများကို မှိတ်လိုက်သည်။

“မိသားစုမှာ ငါတစ်ယောက်တည်း ကျန်တော့တယ် ဆိုရင်တောင်မှ ငါလည်း အိမ်ကိုလွမ်းတယ်”

လင်းကျဲ့သည် အားကိုးရာမဲ့စွာ ရယ်မောလိုက်သည်။

တမော် (တာ့မော်)သည် လင်းကျဲ့အား နှစ်သိမ့်ပေးသလိုမျိုး သူ၏ခေါင်းဖြင့် လင်းကျဲ့အား အနည်းငယ် တိုး​ဝှေ့ပွတ်သပ် လိုက်သည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now