part20

4.5K 481 2
                                    

unicode

Chapter 20

ရှန်းချင်းဟန်၏ နှင်ထုတ်ခြင်းကို ခံလိုက်ရသော ရှန်းကူရန်သည် အလွန် ငြိမ်သက်သော အမူအရာဖြင့် ဥယျာဉ်ထဲတွင် လမ်းလျှောက်လာသည်။ သူသည် မနီးမဝေးတွင် ရပ်နေသော ရင်းနှီးသည့် ပုံရိပ်အား တွေ့သောအခါ ချက်ချင်း စိတ်လှုပ်ရှားလာပြီး ပြေးသွားလိုက်သည်။

သူသည် ရှေ့တွင် မတ်မတ်ရပ်နေသော လင်းကျဲ့အားကြည့်ကာ ရှန်းကူရန်သည် ထိတ်လန့်သွားသည်။

“မင်း အသက်ရှိသေးရဲ့လား”

လင်းကျဲ့၏ နှုတ်ခမ်းစွန်းမှာ တွန့်သွားသည်။

ဒီမှာပဲ၊ အဓိကတရားခံက ဒီမှာပဲ။

ရှန်းကူရန်သည် ရှေ့သို့ တိုးလိုက်ပြီး လင်းကျဲ့အား သူနှင့်ပို၍ နီးကပ်စေရန် ဆွဲလိုက်သည်.။

“ဘာမှားလို့လဲ၊ မင်း ခြေတွေ လက်တွေ ဆုံးရှုံးသွားလို့လား”

“ငါအဆင်ပြေပါတယ်”

လင်းကျဲ့သည် အော်ဟစ်လိုက်သည်။

“အ ဟား ဟား”

ရှန်းကူရန်သည် ယပ်တောင်အား ကိုင်ထားပြီး ရယ်မောသည်။

“အဲ့ဒီနေ့က ဖြစ်သွားတာနဲ့ ပတ်သက်ပြီး ငါ တောင်းပန်ပါတယ်၊ ငါ မင်းကို တောင်းပန်ဖို့ လာပြီလေ၊ အဆင်ပြေရဲ့လား”

“ဒီနေ့ခတ်မှာ တောင်းပန်မှုတွေကသာ အသုံးကျမယ်ဆိုရင် လူတွေအများကြီး ဘယ်သေပါ့မလဲ”

လင်းကျဲ့သည် ဖြည်းညင်းစွာ ထိုင်ရင်း ပြောသည်။

“ရှန်းချင်းဟန်ကြောင့် ငါသေလုနီးပါး ဖြစ်သွားတယ်”

“ဒါအဆင်ပြေတယ်မလား”

ရှန်းကူရန်သည် လင်းကျဲ့နှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး ပြုံးလျက်ပြောသည်။

“ အဆိုးဆုံးထဲက အဆိုးဆုံး ဖြစ်လာရင် ငါမင်းကို တောင်းပန်တဲ့အနေနဲ့ ကတိတစ်ခုပေးပါ့မယ်”

“တကယ်လား”

လင်းကျဲ့သည် မျက်လုံးပင့်၍ မေးလိုက်သည်။

“ငါက လူသတ်မှု ဒါမှမဟုတ် မီးရှို့မှု ကျူးလွန်မှာ မဟုတ်ပါဘူး”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now