Part 126

1.7K 191 9
                                    

Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 126

လင်းကျဲ့ မင်းသားအိမ်တော်သို့ပြန်ရောက်သောအခါ မှောင်နေပြီဖြစ်သည်။

သူသည် ဥယာဉ်ထဲတွင်လမ်းလျှောက်နေပြီး လက်တစ်ဖက်ဖြင့်နှုတ်ခမ်းများကို ထိကာ မျက်ခုံးများကိုလည်း တင်းကြပ်စွာ တွန့်ချိုးထားသည်။ လမ်းလျှောက်နေစဉ်မှာလည်း ရေရွတ်နေလေသည်။

“ဘာလဲကွာ၊ ငါကိုနမ်းဖို့ခွင့်ပြုနိုင်မလား...”

ရှန်းချင်းဟန်အား ထိုစကားမပြောမီမှာပင် လင်းကျဲ့သည် လည်ချောင်းများယားနေပြီး ကိုယ့်နဖူးကိုယ်သာရိုက်လိုက်မိလေသည်။

သူဘယ်လိုလုပ်နိုင်ပါ့မလဲ။

“ငါတို့နှစ်ယောက်စလုံးက ယောက်ျားတွေလို့မတွေးရင်တောင် အနမ်းခံရမယ့်သူက ရှန်းချင်းဟန်ဖြစ်နေတယ်လေ”

လင်းကျဲ့က သူ့ကိုယ်သူပြောနေသည်။ သူသည် ထိုအကြောင်းအား ဆက်၍စဉ်းစားနေပြီး မကြာခင်မှာပင် ဒေါသများ ထွက်လာတော့သည်။

“နေပါဦး၊ နှစ်ယောက်စလုံးယောက်ျားတွေဆိုတာက အရေးကြီးလို့လား”

“ရူးပြီ၊ ရူးနေပြီ”

လင်းကျဲ့က ဆံပင်ကို ဆွဲဆုပ်နေပြီးနောက် လွှတ်လိုက်ပြန်သည်။

“မေ့လိုက်တော့၊ ထားလိုက်တော့”

လင်းကျဲ့သည် ရုတ်တရက် ပန်းများပွင့်ဖူးနေသော ပန်းအိုးတစ်လုံးကို တွေ့လိုက်မိသည်။ ထို့နောက် သူက ပန်းတစ်ပွင့်ကို ခူးယူပြီး လမ်းတစ်လျှောက်လုံးတွင် ပွင့်ချပ်များကို တစ်ဖတ်ချင်းခြွေချကာ ခေါင်းငိုက်စိုက်ချလျက် လျှောက်လှမ်းလာခဲ့သည်။

“မင်းဘာတွေလုပ်နေတာလဲ”

“………..”

လင်းကျဲ့က နောက်ဆုံးပွင့်ချပ်အား ခြွေချလိုက်စဉ်တွင် အေးစက်သောအသံသည်  သူ၏ခေါင်းပေါ်မှ ထွက်ပေါ်လာသည်။ လင်းကျဲ့၏ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး နောက်ဆုံး ပွင့်ချပ်လေးသည် အောက်သို့ကျသွားကာ သူ့ရှေ့တွင်ရှိသော အဖြူရောင်ဖိနပ်တစ်စုံပေါ်သို့ ကျရောက်သွားသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now