187

6.3K 638 22
                                    

Unicode

စိတ်ဝိဉာဉ်ထွေပြားခြင်းဆေးလုံး။

အသုံးပြုပုံ : ဆေးသောက်လိုက်ရင် လူတွေကို အတိတ်မေ့သွားစေပြီး အနာဂတ်အသစ် စတင်စေမှာပါ။

ကျွင်းမော့တွင် ဓာတ်ပုံမှတ်ဉာဏ်မျိုး ရှိနေသည်ဟု ဆိုနိုင်သည်။ တစ်ခါကြည့်လိုက်ရုံဖြင့် အနှီဆေးညွှန်းကို သူ၏နှလုံးသားထဲ စွဲမြဲနေအောင် မှတ်မိသွားချေပြီ။

မှတ်ဉာဏ်ပျောက်စေသည့် ဆေးဝါး… ခြူးမုယွင်ကို လှည့်ကြည့်လိုက်ရင်း ကျွင်းမော့၏ ငွေရောင်ဖျော့ဖျော့ မျက်ဝန်းအိမ်ထဲတွင် နူးညံ့နွေးထွေးခြင်းများ ဖြတ်ပြေးသွား၏။ ထိုနူးညံ့မှုများအလယ် ဖော်ပြခြင်းငှာ မစွမ်းသာသော ထူးဆန်းသည့် အငွေ့အသက်တစ်ခုလည်း ရောယှက်ပါဝင်နေသည်။

ခြူးမုယွင် တီးတိုးညည်းတွားခဲ့သော စကားလုံးများကို ပြန်စဉ်းစားမိသောအခါ သူတို့နှစ်ဦးကြားတွင် အထင်လွဲမှုတချို့ရှိနေကြောင်း ကျွင်းမော့ ခပ်ရေးရေး နားလည်လာခဲ့သည်။ သို့သော် မည်သည့်အရာမဆို အဆုံးသတ်သွားလျှင်ပင် ခြေရာလက်ရာတော့ ကျန်ရစ်ခဲ့မည်ပင်။

သန့်ရှင်းကြည်လင်သော ရေကန်ထဲ မင်ရည်အိုးများ မှောက်ကျသွားသလို ဘယ်သောအခါမှ မူလအတိုင်း ပြန်လည် ကြည်လင်လာလိမ့်မည် မဟုတ်ပေ။

တောက်ပသော နေရောင်ခြည်အောက် ကန်မျက်နှာပြင်သည် တဖျတ်ဖျတ် လင်းလက်နေပါစေ၊ အရင်ပုံစံထက် ပိုပြီးသာယာလှပနေပါစေ၊ ရေကန်အောက်ခြေအထိ အလင်းဖောက်နိုင်တော့မည် မဟုတ်ပေ။

သေချာတာပေါ့၊ခြူးမုယွင် ခေါ်လာသော နေရာသည် အလုံခြုံဆုံးသော နေရာတစ်ခုပင်။ ‘နေဝင်ဆည်းဆာမြို့’မှ မိုင်ပေါင်းသိန်းချီ ကွာဝေးပြီး ယောင်မိစ္ဆာနယ်မြေ၏ အစွန်အဖျားတစ်နေရာတွင် တည်ရှိနေ၏။ အကာအကွယ်စည်းတည်ရန် အချိန်မရလိုက်သလို လိုလည်းမလိုအပ်ပေ။ ယောင်မိစ္ဆာနယ်မြေသည် အလွန်ကျယ်ပြန့်သည်။ ရှဲ့ချင်းလန်နှင့် ရှန်ရွှိန်ယန်းတို့ သံသယဝင်စေကာမူ ဤနေရာအထိ လိုက်လံရှာဖွေရန် အချိန်အတော်ယူရလိမ့်မည်။

ထိုအချိန်ရောက်လျှင် သူလည်း ဒဏ်ရာသက်သာလောက်ပြီ။ သို့ဖြစ်ရာ ထိုနှစ်ယောက် သူ့ကို အဘယ်သို့ ရှာတွေ့မည်နည်း။

🎉 You've finished reading အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? 🎉
အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now