49

5K 1K 84
                                    

Unicode

ထိုသို့ပြုမူခံလိုက်ရတာကြောင့် သားရဲငယ်လေးမှာ အလွန်သိမ်ငယ်သွားရသည်။

အသက်ရှူရပ်လုနီးပါး ဖြစ်လာသည့်အချိန် မော့ကျိုးရှောင်က လွှတ်ပေးသည်။

သို့သော် သားရဲငယ်လေးသည် အသက်ရှူရန်ပင် အချိန်မယူတော့ပဲ ခေါင်းကိုမော့ကာ မော့ကျိုးရှောင်အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ ထို့နောက် ဒေါသတကြီး အော်ဟစ်တော့သည်။

“ဘာလုပ်တာလဲ..!”

မော့ကျိုးရှောင်က သားရဲငယ်လေးကို ဘာမှမဆိုပါပဲ စိုက်ကြည့်နေခဲ့သည်။ သို့သော် သူ့ရဲ့အမူအယာသည် ရုတ်တရက် သည်းထန်စွာ ရွာသွန်းလာသော မိုးတိမ်တိုက်များကဲ့သို့ပင်၊ ခန္ဓာကိုယ်တစ်ခုလုံးမှ အေးစက်စက် အငွေ့အသက်များ ထုတ်လွှတ်နေလေ၏။

သားရဲငယ်လေးလည်း တုန်လှုပ်သွားရသည်။ သို့သော် ခေါင်းကိုမငုံ့ခဲ့ပေ။ မနှစ်မြို့သလို အကြည့်မျိုးဖြင့် ပါးစပ်ကိုဖွင့်လိုက်၏။ ထွက်ကျလာသော စကားလုံးများသည် ယဉ်ကျေးဖော်ရွေခြင်းအလျင်း မရှိတော့ပါချေ။

“ကျွန်တော်က ခြူးမုယွင်မဟုတ်ဘူး.. သူ့အစားထိုးလို လာမလုပ်နဲ့..!”

ထိုစကားလုံးများက မော့ကျိုးရှောင်၏ဒေါသကို နှိုးဆွလိုက်သလိုပင်။ မော့ကျိုးရှောင်က သားရဲငယ်လေး၏မေးရိုးကို ဖျစ်ညှစ်ကာ မျက်ဝန်းများကို စိုက်ကြည့်လာခဲ့၏။ မီးခိုးရောင်ဖျော့ဖျော့ မျက်ဝန်းအစုံသည် ခြူးမုယွင်၏ ခန္ဓာကိုယ်ကို ထွင်းဖောက်၍ အတွင်းစိတ်အထိ မြင်လိုသည့်အလား ထင်မှတ်ရချေသည်။

သားရဲငယ်လေးသည် နှုတ်ခမ်းကို တင်းတင်းစေ့လျက် တိတ်ဆိတ်နေခဲ့သည်။ တခနကြာပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

“ကျွန်တော်ရဲ့အသက်ကို စတေးပြီး ခင်ဗျားအတွက် ခြူးမုယွင်ကို ပြန်အသက်သွင်းလို့ရအောင် ကတိပေးခဲ့ပြီးပြီလေ.. အရှက်ရအောင် မလုပ်ပါနဲ့တော့..?!”

မော့ကျိုးရှောင်က သားရဲလေးပြောသမျှကို လျစ်လျူရှုထားခဲ့သည်။ ထိုအစား ရှင်းရှင်းလင်းလင်း သိပြီးပါသော်လည်း သိချင်နေဆဲဖြစ်သော မေးခွန်းတစ်ခုကို မေးလာခဲ့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now