38

5.3K 1K 134
                                    

Unicode

ဇီးပန်းရောင်ဝါတောင်ထိပ်သည် အမှန်ပင် လှပလွန်းသော နေရာတစ်ခုဖြစ်သည်။

ဆီးနှင်းနှင့်ရေခဲပွင့်များဟာ မြေပြင်လွှာကို ဖုံးလွှမ်းထားသကဲ့သို့ ကောင်းကင်ယံထက်၌ ဇီးပန်းပွင့်များဖြင့် တန်ဆာဆင်ထား၏။ တိုက်ခတ်နေသော လေပြေညှင်းကြောင့် ခိုက်ခိုက်တုန်အောင် အေးစက်နေစေကာမူ၊ လေနှင့်အတူ ပျံလွင့်လာသော သင်းရနံ့လေးက ထိုလေအေးအား အနည်းငယ်ပိုမို အံ့တုလာနိုင်အောင် ထောက်ပံပေးနိုင်စွမ်းရှိ၏။

မော့ကျိုးရှောင်သည် သူ့ရဲ့အရှေ့မှ သားရဲလူသားငယ်ကို မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။

ထိုသားရဲငယ်ဟာ ခန့်ညားချောမောသော သွင်ပြင်အမူအယာ ရှိပါသော်လည်း မူးမိုက်တွေဝေလောက်သည်မဟုတ်။ သို့သော် မာနအရှင်အတွက်မူ နှလုံးသားနှင့်အရိုးထဲထိတိုင် စူးနစ်ထင်ဟပ်နေသော ပုံရိပ်လေးဖြစ်နေခဲ့သည်။

ထိုလူသားလေးကို သုံးနှစ်လုံးလုံး လွမ်းဆွတ်နေခဲ့ရသည်။ ညတိုင်း၊ နေ့ရက်တိုင်း သူနိုးထလာမည့်အချိန်ကို စောင့်မျှော်နေခဲ့ရသည်။ သူတို့နှစ်ဦး ပြန်လည်ဆုံစည်းနိုင်မည့် နေရက်ကို မရေမတွက်နိုင်အောင် စိတ်ကူးယဉ်နေခဲ့မိသည်။

သို့ပေမယ့်…….. ဒီလိုပုံစံမျိုးနဲ့ ပြန်လည်ဆုံတွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါ။

ခြူးမုယွင်သည်လည်း မော့ကျိုးရှောင်နှင့် ဤနေရာ၌ တွေ့ဆုံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သူ့လက်ထဲ၌ နတ်နှင်းကြာပွင့် မရှိသေး။ ထို့ကြောင့် ရေခဲဝိဉာဉ်သားရဲ၏စွမ်းရည်က သူ့ရဲ့ခန္ဓာကိုယ်ကို လက်တလော ဖုံးကွယ်ထားနိုင်သည့်တိုင် အရမ်းနီးနီးကပ်ကပ် ပက်သက်မိလျှင် မော့ကျိုးရှောင်က တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ရိပ်မိသွားချေလိမ့်မည်။

မည်သို့ပင်ဆိုစေ ရန်ချန်းက မီးလျှံ၏ကျိန်စာအကြောင်းကို ကြားရုံသာ ကြားဖူးခဲ့သည်။ သို့သော် မော့ကျိုးရှောင်မှာ အမှန်တကယ် ထိတွေ့ဖူးခဲ့သည်။ ရန်ကျွင်းချင်ကြောင့် မီးလျှံ၏သဘာဝနှင့် အလွန်ရင်းနှီးခဲ့သည်။ သူသာ စစ်ဆေးလိုသရွေ့ သေချာပေါက် ရှာတွေ့သွားချေလိမ့်မည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now