80

4.3K 848 22
                                    

Unicode

ဒီတစ်ခေါက်တော့  အက်ကွဲကြောင်းပေါ်လာသည့် နယ်ခြားစည်းနေရာက အလွန်ဝေးသည်။ ထို့ကြောင့် ခြူးမုယွင် ဦးဆောင်လာသော စစ်တပ်ကြီးက ထိုနေရာသို့ရောက်ရန် အချိန်ယူခဲ့ရသည်။

အရင်ကဆိုလျှင် ခြူးမုယွင်က ရှေ့ပြေးတပ်ဖွဲ့နှင့်အတူ ခရီးပြင်းနှင်မှာ သေချာပေါက်ပင်။ သို့သော် ယခုတော့ တမင်တကာ အရှိန်လျော့ပြီး ကျန်လူများနှင့်အတူ လိုက်ပါလာခဲ့သည်။ သို့မှသာ ရှန်ရွှိန်ယန်းကို စောင့်ရှောက်ပေးနိုင်ပြီး ကျင့်ကြံသူများနှင့် ဆက်ဆံရေးကောင်းမွန်လာအောင် ကူညီပေးနိုင်မည်ဖြစ်သည်။

တစ်ရက်လုံး အချိန်မဆွဲပဲ ခရီးနှင်လာသည့်တိုင် လမ်းတစ်ဝက်ခန့်သာ ရောက်သေးသည်။ ရှေ့ပြေးစစ်တပ်ကို ဆေးဝါးထောက်ပံ့ရန် လိုအပ်သောကြောင့် တစ်ခနလေးပင် အနားမယူနိုင်ပဲ ခရီးဆက်လာခဲ့ကြသည်။

သို့သော် မထင်မှတ်ထားသည်ကား ရေခဲဝိဉာဉ်သားရဲ၏ ခုနစ်ရက်တစ်ကြိမ် စိတ်ကြွတတ်သောအချိန်နှင့် တိုက်ဆိုင်နေခဲ့ခြင်းပင်။

ခြူးမုယွင်၏မျက်နှာက တဖြည်းဖြည်း နီရဲလာခဲ့သည်။

ထိုအချင်းအရာကို ရှဲ့ချင်းလန်က မြင်လိုက်သည်။ သို့သော် သူ့ဘက်က အရင်မစတင်ပဲ ခြူးမုယွင် တောင်းဆိုလာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ရှဲ့ချင်းလန်နည်းတူ ခြူးမုယွင်၏အနားမှာ တစ်ချိန်လုံး ရှိနေခဲ့ပါသော ရှန်ရွှိန်ယန်းသည်လည်း ထိုဖြစ်ရပ်ကို သတိပြုမိလိုက်သည်။ သို့တိုင် ရေခဲဝိဉာဉ်သားရဲ၏ ရုပ်ပိုင်းဆိုင်ရာ ထူးခြားချက်များကို မသိတာကြောင့် ဘာတွေဖြစ်နေမှန်း သူ,မသိခဲ့ချေ။

တစ်ညလုံး သည်းခံခဲ့ပါသော်လည်း မနက်မိုးခင်းချိန်တွင် ခြူးမုယွင်ခမျာ မထိန်းချုပ်နိုင်တော့ပေ။ နောက်မှလိုက်ပါလာသော စစ်သည်များကို လှည့်ကြည့်ကာ..

“နည်းနည်းစိုးရိမ်လာလို့ ကျုပ်အရင်သွားနှင့်မယ်..”

သူ့ရဲ့အမိန့်မှန်သမျှကို မည်သူမျှ မငြင်းဆန်ရဲပေ။ ထို့ကြောင့် အရာရာက သူ့အလိုအတိုင်းသာ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now