171

2.5K 563 26
                                    

Unicode

‘မဟူရာည’သည် ချုပ်နှောင်ထားရာမှ မျက်စိတစ်မှိတ်စာအတွင်း လွတ်မြောက်လာခဲ့၏။ ကြီးမားသော ကိုယ်လုံးကြီးဖြင့် မြေပေါ် ကုပ်တက်လာပြီး ၎င်း၏အနက်ရောင်တောင်ပံများ ဖြန့်ကျက်လိုက်သောအခါ မိုးကောင်းကင်တစ်ဝက်ခန့်ကို ဖုံးအုပ်လုမတတ်၊ ပြင်းစွာသော အရှိန်အဝါတို့ဖြင့် လေဟုန်ပြင်းပြင်း ရိုက်ခတ်လာတော့သည်။

ကျွင်းမော့သည် အလျင်အမြန် တုံ့ပြန်လိုက်ပါသော်ငြား ကျင့်ကြံဆင့်နိမ့်သေးသည့်အပြင် ခြူးမုယွင်အား ကာကွယ်ပေးရန် ပွေ့ချီထားရသဖြင့် အခြေခံသိုင်းကွက်ကိုပင် ထုတ်မသုံးနိုင်ခဲ့ချေ။ သို့နှင့် ‘မဟူရာည’ကြောင့် ဒဏ်ရာရသွားတော့သည်။ ရင်ဘတ်အောင့်တက်လာပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။

ခြူးမုယွင်က မျက်မှောင်ကြုတ်ကာ လေသံဖျော့ဖျော့ဖြင့်.. “ငါ့ကိုအောက်ချပေး..!"

သူ့ကိုသာ ထားခဲ့လျှင် ကျွင်းမော့ အသာလေး လွတ်မြောက်နိုင်သည်။

လက်ရှိ ခြူးမုယွင်သည် အတော်လေး အားနည်းနေ၏။ အစီအရင်ပညာကို အသုံးပြု၍မရသောကြောင့် ဤနေရာတွင် သူ သေသွားနိုင်သည်။ ထို့ကြောင့် ကျွင်းမော့ကို ထွက်သွားစေလိုသည်။

(TN : အစီအရင်ပညာကို သုံးမရတာက သူက ‘ရှန်ယွင်’ဆိုတာ ပေါ်သွားမှာစိုးလို့ပါ။)

ခြူးမုယွင်မှာ သေခြင်းတရားနှင့် ပက်သက်၍ အတော်လေး တည်ငြိမ်နေခဲ့သည်။ အလွန်ဆုံးမှ ခန္ဓာကိုယ် ပြောင်းလဲသွားရုံသာ။ သဲလွန်စကျန်ရစ်၍ သူ့ကိုယ်သူဖော်ထုတ်မိမည့် အရေးနှင့်ယှဉ်လျှင် မပြောပလောက်ပေ။

လောလောဆယ် ကျွင်းမော့ကို ဖျောင်းဖျရန် နည်းလမ်းစဉ်းစားရဦးမည်။

“ဒီတိုင်းဆက်နေရင် ငါတို့နှစ်ယောက်လုံး သေသွားလိမ့်မယ်.. အဲ့တာကြောင့် မင်းအရင်သွားနှင့်.. ပြီးမှ ငါမင်းကို လာရှာမယ်..”

ခြူးမုယွင်က ကျွင်းမော့ကို အလေးအနက် ပြောလိုက်၏။ ကျွင်းမော့သည် ခြူးမုယွင်၏လက်ကိုသာ ဆုပ်ကိုင်ထားရင်း ဘာမှပြန်မပြောခဲ့ပေ။ ထွက်သွားရန် ရည်ရွယ်ချက်မရှိမှန်း သိသာလှသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Onde as histórias ganham vida. Descobre agora