11

6.9K 1.1K 60
                                    

Unicode

ခြူးမုယွင်၏ ပထမဆုံးတုံ့ပြန်မှုကား : ဒီကောင် ဘာဖြစ်ချင်နေတာလဲ..?

Zero လေးက ပို၍ရိုးသားသည်။ သူ့ရဲ့ Host ကို ချက်ချင်းသတိပေးလိုက်သည်။

"သူ့ရဲ့ပုံတူပန်းချီက မီးမလင်းသေးဘူး.. သူ Host ကို မချစ်သေးဘူး.."

သို့သော်လည်း ခြူးမုယွင်က မအံ့ဩခဲ့ပါချေ။

"သူငါ့ကို ချစ်နေတယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ထဲ တစ်ယောက်ယောက် ဝင်ပူးနေလို့ပဲ ဖြစ်လိမ့်မယ်.."

Zero : "........." ကြည့်ရတာ စိတ်ပူစရာမရှိဘူးပဲ။

ခြူးမုယွင် : "∩_∩ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."

Zero : "........."

သူ့ရဲ့ဦးနှောက်ထဲ၌ စက္ကန့်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း လက်တွေ့အချိန်မှာတော့ ခြူးမုယွင်၏မျက်နှာက မော့ကျိုးရှောင်၏ စကားများကြောင့် အံ့ဩထိတ်လန့်သွားရုံသာ ရှိသေးသည်။ သူ့ရဲ့မျက်ဝန်းများက ထိန်းမရသိမ်းမရလောက်အောင် အံ့ဩမှုများဖြင့် ပြည့်နှက်သွားရသလို ထိုအခိုက်အတန့် ချစ်ခင်တွယ်တာခြင်းများလည်း ပိုမိုနက်ရှိုင်းလာခဲ့၏။

"အဖေ.. ကျွန်တော်..."

ခြူးမုယွင်တစ်ယောက် စကားပင်ဆုံးအောင်မပြောလိုက်ရချေ။ မော့ကျိုးရှောင်က ခေါင်းငုံ့လိုက်ကာ သူ့ရဲ့နှုတ်ခမ်းများကို မြတ်နိုးကြင်နာစွာ နမ်းရှိုက်လာခဲ့သည်။ သူတို့နှစ်ဦး၏ခံစားချက်ကိုသာ ပျားရည်အဖြစ် ပြောင်းလဲပစ်နိုင်ပါက သူတို့၏အနမ်းများက မူးမိုက်ရီဝေသွားလောက်အောင် ချိုမြိန်လွန်းနေလိမ့်မည်။

မော့ကျိုးရှောင်၏ အနမ်းစွမ်းရည်က လူတကာထက် သာလွန်လွန်းလှသည်။ ထိုအကြောင်းကို ခြူးမုယွင်က လွန်ခဲ့သည့် သုံးနှစ်ကတည်းက နားလည်ခဲ့ပြီးသားဖြစ်သည်။

မော့ကျိုးရှောင်က သွေးဆူပွက်လာ‌အောင် ရမ္မက်ပြင်းပြင်း နမ်းရှိုက်တတ်သည့်လူမျိုး မဟုတ်ပေ။ ထိုအစား ရမ္မက်ကြွလာသည်အထိ တောင့်တစိတ်တွေ ပြင်းထန်လာရအောင် မထိတထိ နမ်းရှိုက်နေတတ်သည်။ လိုလားတောင့်တလာသည့်အချိန် မော့ကျိုးရှောင်က တမင်တကာ ရပ်တန့်ပစ်လိုက်ပြီး အသက်ရှူခွင့်ပေးတတ်သည်။ တဖန် စိတ်ငြိမ်ခါနီးအချိန်မှာ စိတ်လှုပ်ရှားလာအောင် ပြန်ဆွပေးပြန်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now