175

2.6K 561 41
                                    

Unicode

“ပုံရိပ်ယောင်ထဲ တွေ့ခဲ့သမျှကို အတည်ယူလို့မရဘူး..”

...

ခြူးမုယွင်အနေဖြင့် နားလည်သော်လည်း ‘လင်းမု’ကတော့ နားလည်မည်မဟုတ်ပေ။ ထို့ကြောင့် ပြန်မေးလိုက်သည်။

“ဘာလို့လဲ..?”

ရှဲ့ချင်းလန်က ပြောပြသည်။ : ‘တကယ်လို့ လက်ခံလိုက်တာနဲ့ အိပ်မက်သားရဲက မင်းရဲ့ဝိဉာဉ်ကို ချုပ်နှောင်ပစ်လိမ့်မယ်.. အဲ့လိုဖြစ်လာခဲ့ရင် ပုံရိပ်ယောင်နယ်မြေထဲကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..”

ခြူးမုယွင် ကြောင်အမ်းသွား၏။ ကပျာကယာ ပြန်မေးလိုက်သည်။

“အဲ့တာဆို ငါတို့ခုနက လက်ခံလိုက်မိတယ် မဟုတ်ဘူးလား..?”

“မဟုတ်ဘူး..” ရှဲ့ချင်းလန်က သူ့ကို ပြုံးပြလိုက်ရင်း.. “ဘာလို့လဲဆိုတော့ မင်းက ရှန်ယွင်မဟုတ်ဘူးဆိုတာ ငါသိနေတယ်လေ..”

ခြူးမုယွင်က မျက်မှောင်ကြုတ်ကာ : “ဒါပေမဲ့ ငါမြင်လိုက်တာက…”

“တကယ်ရော ကျွင်းမော့ ဟုတ်ရဲ့လား..?”

ရှဲ့ချင်းလန်က ခြူးမုယွင်ကို ပြုံးပြုံးလေးဖြင့် မေးလာ၏။

ခြူးမုယွင်၏ မျက်ဝန်းအိမ်ထဲတွင် သံသယနှင့် မရေမရာဖြစ်ခြင်းများ ကြီးစိုးလာခဲ့သည်။

ရှဲ့ချင်းလန်သည် ခြူးမုယွင်အား အတော်ကြာအောင် ငေးစိုက်ကြည့်နေခဲ့ပြီးနောက် ခေါင်းခါယမ်းကာ ပြောလိုက်သည်။

“မင်းက ပုံရိပ်ယောင်နယ်မြေထဲ ရောက်မသွားပါဘူး.. ဒီအတိုင်း ထင်ယောင်ထင်မှား ဖြစ်သွားတာ..”

(TN : ဆိုလိုတာက ခြူးမုယွင်က အိပ်မက်သားရဲရဲ့ သက်ရောက်မှု ခံလိုက်ရတာပါ။ တကယ့်ပုံရိပ်ယောင်နယ်မြေထဲ ရောက်မသွားခဲ့ပါဘူး။ သူမြင်လိုက်ရတဲ့ ပုံရိပ်က ရှဲ့ချင်းလန်ပါ။ ပြောရရင် ရှဲ့ချင်းလန်က ပုံရိပ်ယောင်နယ်မြေထဲက ပြန်ထွက်လာပြီး ခြူးမုယွင်ကို တမင်နမ်းလိုက်တာပါ။ )

ထိုစကားကြောင့် ခြူးမုယွင် စိတ်မအေးနိုင်သည့်အပြင် ထပ်မေးလိုက်မိသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now