14

6.7K 1K 21
                                    

Unicode

ထိုဇာတ်ကွက်အကြောင်းကို ခြူးမုယွင်က မတွေးမိခဲ့ခြင်းမှာ သေတွင်းတူးသည့်ကျိန်စာက ‘နတ်ဆိုးတို့၏တိုင်းပြည်’ ဝတ္ထုထဲ၌ မပါဝင်ခဲ့ခြင်းကြောင့်ပင်။ ဇာတ်ကောင်တည်ဆောက်သည့်အချိန် ခြူးမုယွင်၏စိတ်ထဲ၌ တွေးရုံတွေးခဲ့မိသည့် ဇာတ်ကွက်တစ်ခုမျှသာ။

ထိုဇာတ်ကွက်ကို ရေးသားတော့မည့်အချိန် မူလဇာတ်ကြောင်းနှင့် မဆီလျှော်ကြောင်း သတိပြုမိလိုက်တာကြောင့် ထိုအတွေးကို ချောင်ကပ်ထားခဲ့မိသည်။ သို့သော်လည်း ဘယ်တုန်းကမှ မရေးချခဲ့ဖူးသည့် ဇာတ်ကွက်တစ်ခုက ဤကမ္ဘာပေါ်သို့ သက်ရောက်မှုရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ရလဒ်အနေဖြင့် မော့ကျိုးရှောင်အတွက် သူ့အပေါ်အဆင့်တက်ရန် ထိန်းချုပ်နေရသည့် အကြောင်းအရင်း ဖြစ်လာခဲ့ရတော့သည်။

ခြူးမုယွင်၏ လက်ရှိကျင့်ကြံမှုက မော့ကျိုးရှောင်၏ ၂၀ ရာခိုင်နှုန်းခန့်ပင် မရှိသေးသည်မှာ ရယ်မောဖွယ်ရာပင်။

၇၀ ရာခိုင်နှုန်း ဆိုရင်တော့ဖြင့်…

ခြူးမုယွင်က လေးနက်စွာ တွေးတောနေခဲ့သည်။ : ‘ဒီကောင်စုတ်လေးကို စားချင်ရင်တော့ အသားကုန် ပိုကြိုးစားရတော့မှာပဲ..’

နောက်တစ်ရက်မှ မျက်လုံးပြန်ဖွင့်ခဲ့သည့် Zero လေးက တအံ့တဩ ပြောလာခဲ့သည်။

“မော့ကျိုးရှောင်ရဲ့ပုံတူပန်းချီကားမှာ နောက်ထပ်ထောင့်စွန်းတစ်ဖက် မီးလင်းလာခဲ့ပြန်ပြီ..!”

ခြူးမုယွင် : “Zero, ပုံတူပန်းချီကားတစ်ချပ်မှာ ထောင့်စွန်းဘယ်နှစ်ခု ရှိတာလဲ..?”

Zero : “ထောင့်မှန်စတုဂံပုံဆိုတော့ ထောင့်စွန်းလေးခုပေါ့.. ဒါပေမဲ့ ထောင့်စွန်းတွေ မီးလင်းလာရုံနဲ့ မလုံလောက်ဘူးနော်.. ပုံတူပန်းချီကားတစ်ချပ်လုံး မီးလင်းလာမှဖြစ်မှာ..”

ခြူးမုယွင်က သဘာဝကျကျ တွေးတောကြည့်လိုက်သည်။ ကြည့်ရသည်မှာ ထိုပုံတူပန်းချီက ပတ်စ်ပို့ (passport) ဓာတ်ပုံ ဖြစ်ဟန်တူသည်။ ထိုအမျိုးသားတွေကို မဖမ်းစားနိုင်ခင်အထိ အဖြူအမဲဓာတ်ပုံသာဖြစ်နိုင်ပြီး အောင်မြင်သွားသည်နှင့် ကာလာစုံဓာတ်ပုံ ဖြစ်သွားချေလိမ့်မည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now