162

2.7K 613 66
                                    

Unicode

ဥပေါက်ပြီး ယဲ့ကျန့်ဟန် ထွက်လာတော့မှာများလား..?

ခြူးမုယွင်လည်း ယခင်က ဥမဖောက်ဖူးသောကြောင့် ဥတစ်လုံး၏ ကြီးထွားဖွံ့ဖြိုးပုံ အခြေအနေအရပ်ရပ်ကို နားမလည်ပါချေ။

ဒါပေမဲ့.. ‘ဥ’က အက်လာပြီဆိုတော့…

ဥပေါက်သင့်ပြီပေါ့.. ဟုတ်တယ်မလား..?

သို့သော် Zero လေးက နောက်ထပ်ဖြစ်နိုင်ချေတစ်ခု ထောက်ပြလာသည်။

“‘အစားကြူးခြင်း’အရှင်သခင်ရဲ့’ဥ’ကြီး ကွဲသွားပြီ..!”

ခြူးမုယွင် : “………”

Zero : “ဒီရက်ပိုင်းတွေ အရမ်းငြိမ်နေတာ၊ ဒဏ်ရာရနေလို့များလား..? ရေထဲဒိုင်ဗင်ထိုးတုန်းက မတော်တဆ ကျောက်တုံးနဲ့ ဆောင့်မိပြီးတော့များ………..”

ခြူးမုယွင် : “……….”

ယဲ့သမ့်သမ့်ရဲ့ ဒိုင်ဗင်ထိုးတဲ့ ဝါသနာကတော့… နာမည်ကျော်ပဲဟေ့..!

ခြူးမုယွင်က တည်တည်တံ့တံ့ ပြောလိုက်သည် : “အဲ့လောက်လေးနဲ့တော့ သေမှာမဟုတ်ဘူး.. ဒါပေမဲ့ ဒဏ်ရာရသွားတာ ဖြစ်နိုင်တယ်..”

Zero : QAQ!

ခြူးမုယွင်က ရက်တွက်ကြည့်လိုက်သည်။ လအနည်းငယ်ခန့်သာ ရှိသေးသောကြောင့် ယဲ့ကျန့်ဟန် မွေးဖွားလာဦးမည်မဟုတ်ပေ။ ယဲ့သမ့်သမ့်အဖြစ် အချိန်တစ်ခုအထိ နေရဦးလိမ့်မည်။

အက်ကြောင်းကတော့…

ခြူးမုယွင်က သက်ပြင်းချကာ အပြင်သွားရန် ပြင်ဆင်လိုက်၏။

ယဲ့သမ့်သမ့်၏အစာက ဝိဉာဉ်ဖြစ်သောကြောင့် သူ ဒဏ်ရာရနေခြင်းလား၊ သို့မဟုတ် ပုံမှန်အတိုင်း အက်ကွဲလာခြင်းလား၊ သိလိုလျှင် ဝိဉာဉ်ဖမ်းကျွေးခြင်းက အလွယ်ဆုံးနည်းလမ်း ဖြစ်ပေလိမ့်မည်။

ဤလောကကြီးတွင် အကြိမ်တစ်သောင်းမက သေသင့်သော ဒုစရိုက်သမားများစွာ ရှိ၏။ ခြူးမုယွင်သည်လည်း လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဝိဉာဉ်များကို တစ်နာရီတိတိ လတ်လတ်ဆတ်ဆတ် သိမ်းထားနိုင်သော ဝိဉာဉ်လက်စွပ်တစ်ကွင်း ရရှိခဲ့သည်။ အချိန်နည်းသော်လည်း လိုဏ်ဂူသို့ပြန်ရန် လုံလောက်ပါသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now