167

2.7K 600 31
                                    

Unicode

ရှန်ရွှိန်ယန်းသည် မျက်နှာတစ်ပြင်လုံး မည်းမှောင်သွားပြီး ရေပူစမ်းသို့ ပြန်လှည့်လာခဲ့၏။ သူ့ဘေးပတ်လည်မှ လေထုအပူချိန်သည် အေးစက်လွန်းရကား ရေပူစမ်းနံဘေး မတ်တပ်ရပ်နေရုံဖြင့် အနှီရေပူစမ်းတစ်ခုလုံး အေးခဲသွားတော့မ‌ယောင်။

ပြင်းထန်လွန်းသော အရှိန်အဝါကြောင့် အနမ်းဖလှယ်နေသော လူနှစ်ယောက်လည်း ချက်ချင်း သတိထားမိသွားခဲ့သည်။

ခြူးမုယွင်က ကျွင်းမော့ကို အားကုန်တွန်းဖယ်လိုက်သည်။ သူ၏မျက်နှာက တည်ငြိမ်နေဆဲဖြစ်သော်လည်း အသံကတော့ အနည်းငယ် တုန်ယင်နေလေသည်။

“အစ်ကိုရှန်.. ဘာကိစ္စ…”

တစ်ဖက်လူအား မော့ကြည်မိသည့်အခိုက် ခြူးမုယွင်မှာ တောင့်ခဲသွားရ၏။ ထို့ကြောင့် စကားဆုံးအောင် မပြောနိုင်ခဲ့ပေ။ ရှန်ရွှိန်ယန်း၏ မျက်ဝန်းအိမ်ထဲတွင် ခံစားချက်များစွာ ရောယှက်နေခဲ့သည်။

အနှီမျက်ဝန်းအိမ်ထဲတွင် ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်၏ လူသတ်ငွေ့များ ပြည့်လျှံနေသလို စွန့်ပစ်ခံ တိရစ္ဆာန်ငယ်လေးတစ်ကောင်၏ တုန်လှုပ်ခြောက်ခြားမှု၊ ဝမ်းနည်းဆို့နင့်မှုများလည်း ပါဝင်နေပြန်သည်။ ဆန့်ကျင်ဘက် ခံစားချက်များ ရောယှက်လာအခါ ရူးသွပ်စွဲလမ်းခြင်းအဖြစ်သို့ ပြောင်းလဲသွားရသည်။ နှစ်ပေါင်းများစွာ ရိုးတွင်းခြင်ဆီထဲ စွဲနင့်နေသော အနှီခံစားချက်များသည် စိတ်ဝိဉာဉ်အထိ ထိုးဖောက်ဝင်ရောက်သွားပြီး ထိတွေ့မိရုံဖြင့် နှလုံးအိမ်ကို နာကျင်စေပါ၏။ ပြန်လည်တူးထုတ်ရန်မူ တွေးပင်မတွေ့ဝံ့ပေ။

ခြူးမုယွင်က ပါးစပ်ဖွင့်ကာ အနည်းငယ် သတိထားနေဟန်ဖြင့် ခေါ်ဆိုလိုက်သည်။

“အစ်ကိုရှန်..?”

ခြူးမုယွင်၏ မျက်ဝန်းအိမ်ထဲမှ သတိကြီးကြီးထားနေမှုကို မြင်လိုက်ရချိန်ဝယ် ရှန်ရွှိန်ယန်းလည်း သတိပြန်ကပ်သွားသည်။ တခဏမျှ တောင့်ခဲနေလေပြီး နောက်ဆုံးတော့ ပြောလာခဲ့သည်။

“တောင်းပန်ပါတယ်.. မင်းတို့ကို နှောင့်ယှက်မိပြီ..”

ခြူးမုယွင်က ခပ်ယောင်ယောင်လေး မျက်မှောင်ကြုတ်ကာ..

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now