116

3.4K 713 34
                                    

Unicode

လင်းရွှမ်ဆိုပါလား..? ‘အမျက်ဒေါသ’ကို ပြောတာများလား..?

ခြူးမုယွင်၏ဦးနှောက်က အလွန်လျင်မြန်စွာ လည်ပတ်လာခဲ့ပြီး ထိုစကားလုံးအနည်းငယ်မျှဖြင့် ကိစ္စတော်တော်များများကို ဖမ်းဆုပ်နိုင်လိုက်လေသည်။

ကြည့်ရသည်မှာ သူ၏မသေမျိုးခန္ဓာကိုယ်သည် လင်းယွင်ဂိုဏ်းနှင့် ပက်သက်နေပြီး နာမည်က ‘လင်းမု’ဟု ခေါ်တွင်ကာ အတိတ်ဇာတ်လမ်းတချို့ ရှိနေပုံရသည်။ ‘သစ္စာခံခွေး’ဟူသော အခေါ်အဝေါ်ကလည်း အတော်လေး စိတ်ဝင်စားဖွယ်နေ၏။ နောက်တော့ လင်းရွှမ်လက်ချက်ဖြင့် သေဆုံးခဲ့ဟန်တူသည်။ ဘယ်လိုလုပ် အရိုးစုဖြစ်သွားရသလဲ ဆိုတာအတွက်တော့ လျှို့ဝှက်အကြောင်းအရင်း ရှိပေလိမ့်မည်။

ယဲ့ကျန်ဟန်က သူ့ကို လေးကြိမ်တိုင်တိုင် သတ်ခဲ့သည်။ လေးကြိမ်လုံး အချိန်တိုအတွင်း အသက်ပြန်ရှင်နိုင်ခဲ့သည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့်များ သူအသက်ပြန်ရှင်လာသည့်အချိန် အရိုးစုအဖြစ် ကျန်ရှိနေရပါသနည်း။ သေဆုံးခဲ့တာ အချိန်ကြာသွား၍လော၊ သို့တည်းမဟုတ် အစက အသက်ပြန်ရှင်နိုင်စွမ်းမရှိပါပဲ ခြူးမုယွင် ဝင်ရောက်လာခါမှ ထိုစွမ်းရည်မျိုး ပိုင်ဆိုင်နိုင်ခဲ့၍လော။

မေးခွန်းများစွာဖြင့် သဲလွန်စလည်း မရှိတာကြောင့် ခြူးမုယွင်မှာ အဖြေထုတ်ရခက်နေတော့သည်။

‘ရမ်းသမ်း၍ ကောက်ချက်မချနှင့်’ ဟူသော ဆိုရိုးစကားအတိုင်း ခြူးမုယွင်လည်း လမ်းကြောင်းသွေဖယ်သွားမည်စိုး၍ သူ့ရဲ့အတွေးများကို ရပ်တန့်လိုက်ရသည်။

‘လင်းမု’ ဟူသောနာမည်ကို ကြားသည်နှင့် ကျင့်ကြံသူအများအပြား နောက်ဆုတ်သွားခဲ့သည်။ ‘လင်းမု’ကို မမြင်ဖူးကြသော်လည်း ‘လင်းမု’ဟူသော နာမည်ကို ကြားဖူးကြဟန်တူ၏။ ထို့အပြင် လင်းရွှမ်သည် အားနည်းသူတစ်ယောက်ကို ဘယ်သောအခါမှ အလုပ်ရှုပ်ခံ၍ သတ်ဖြတ်မည်မဟုတ်ပေ။ ထို့ကြောင့် သူလက်ချက်ဖြင့် သေဆုံးခဲ့သူများသည် အခြေခံအားဖြင့် စွမ်းအားကြီးပုဂ္ဂိုလ်များသာ ဖြစ်ပေလိမ့်မည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now