112

3.5K 679 58
                                    

Unicode

ခြူးမုယွင်တွင် နာမည်ပေးခြင်းနှင့် ပက်သက်၍ စိတ်ဒဏ်ရာဆိုးကြီး ကျန်ရှိနေဆဲ။

သူ့ရဲ့စိတ်ထဲ တွေးနေမိသည်မှာ : ‘အစားကြူးခြင်း’က အရမ်းမိုက်ပြီး ဗဟုသုတကြွယ်တဲ့လူဆိုတော့ ‘အမျက်ဒေါသ’လို ပေါက်ကရနာမည်တွေ လျှောက်မပေးလောက်ပါဘူးလေ…’

ရုတ်တရက် သူ့ကို ပေါက်ကရနာမည်တွေ လျှောက်ပေးခဲ့ဖူးသော ‘အမျက်ဒေါသ’သည်လည်း အလွန်မိမိုက်၍ အေးစက်စက်နိုင်သော ဇာတ်ကောင်တစ်ခုဖြစ်ကြောင်း သတိရလိုက်သောအခါ..

သေလိုက်ပါတော့…!

ယဲ့ကျန့်ဟန်က အလေးအနက်ထားကာ တွေးတောနေခဲ့သည်။ သူတို့နှစ်ယောက် စတွေ့စဉ်က သူ့ရဲ့အစေခံလေးဟာ အရိုးခြောက်တစ်စုသာဖြစ်ကြောင်း အမှတ်ရလိုက်တာကြောင့် ငဲ့ညှာထောက်ထားစွာ အကြံပြုလိုက်သည်။

“ပိုင်ပိုင်ဆိုရင်ရော..?” << Bai = အဖြူရောင် >>

ခြူးမုယွင် : “………..”

ယဲ့ကျန့်ဟန်သည် သူ၏အရှေ့မှ ချောမောခန့်ညား၍ ဆွဲဆောင်မှုရှိသော အမျိုးသားလေးကို လှည့်ကြည့်လိုက်၏။ ‘ပိုင်ပိုင်’ ဟူသောနာမည်က ထိုအမျိုးသားအတွက် ဖြူစင်လွန်းနေပြီး သင့်လျော်သည်ဟု မခံစားရပေ။ ထို့ကြောင့် နာမည်အသစ် စဉ်းစားလိုက်သည်။

“ကူကူ..?” << Gu = အရိုး >>

သူ့ရဲ့အစေခံလေးက ထိုနာမည်နှစ်ခုလုံးကို နှစ်သက်ပုံမပေါ်သောကြောင့် ယဲ့ကျန့်ဟန်လည်း ထပ်မံအကြံပြုလိုက်သည်။

“ကျင်းကျင်း..?” << Jing = ဝိဉာဉ် >>

(TN : Bai Gu Jing ဆိုတော့ အရိုးဖြူဝိဉာဉ်ပေါ့ Lol..)

ခြူးမုယွင်၏စိတ်ထဲ : ချီးကို ‘ပိုင်ကူကျင်း’.. ဘယ်လိုခပ်တုံးတုံးနာမည်မျိုးလဲ..!

နာကျင်မှုနှင့် သေခြင်းတရားကို သည်းခံနိုင်သည့်တိုင် ခြူးမုယွင်မှာ အနှီသောက်ကျိုးနည်း ‘ပိုင်ပိုင်’ ‘ကူကူ’ ‘ကျင်းကျင်း’ ဟူသော နာမည်မျိုးတွေကို သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် မျက်နှာသေဖြင့် နာမည်တစ်လုံး ထုတ်ပြောပြလိုက်သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now