176

2.5K 549 29
                                    

Unicode

ကျွင်းမော့၏ဒဏ်ရာသည် ရင်ဘတ်မှာဖြစ်၏။ အတွင်းဒဏ်ဖြစ်သောကြောင့် အပေါ်ယံကြည့်လျှင် မမြင်နိုင်သော်လည်း အတွင်းပိုင်းမှာတော့ ကောင်းကောင်း မသက်သာသေးချေ။ အကြမ်းပတမ်း လှုပ်ရှားလိုက်လျှင် ဒဏ်ရာပြန်ထနိုင်သည်။

သို့သော် သူ့ကိုယ်ပိုင် ဟို‘ပစ္စည်း’က တရားလွန် မာကျောနေပြီဖြစ်သောကြောင့် လျစ်လျူရှုရန် ခဲယဉ်းလှသည်။

ခြူးမုယွင် : “မင်းပြီးအောင် လုပ်ပေး….”

သူပြောလို့မပြီးခင်မှာပင် ကျွင်းမော့က သူ့ရဲ့နာမည်ကို နူးနူးညံ့ညံ့လေး ခေါ်ဆိုလာသည်။

“အားမု..လို့…..”

ချိုမြိန်အက်ရှသော အသံလေးနှင့် သူမတူသော အလှတရားတို့ ပေါင်းစပ်လိုက်သောအခါ ခြူးမုယွင်၏ နှလုံးသားလေး ယားကျိကျိဖြစ်သွားရ၏။

ထားပါတော့။ သူ့ဆန္ဒအတိုင်း လုပ်ပေးလိုက်ပါ့မယ်လေ..!

နောင်တစ်ချိန် ဤကလေးငယ်လေး နာကျင်ခံစားရဦးမည်ဖြစ်ကြောင်း တွေးမိလိုက်သောအခါ ခြူးမုယွင်၏ရင်ထဲ အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။

သို့သော် သူတို့ချစ်တင်းနှောသည့်ပုံစံက နည်းနည်းလေး အလွန်အကြူးဖြစ်နေသည်။ ခြူးမုယွင်အနေဖြင့် ဤ Position မျိုး မလုပ်ဖူးတာမဟုတ်ပေ။ ထိုအချိန်က နွေဦးသားရဲ၏ ထိန်းချုပ်မှုအောက် အသိစိတ်လွတ်နေခဲ့ရာ သူ၏ ခန္ဓာကိုယ်အနေအထားကို အဘယ်သို့ ထိန်းချုပ်နိုင်ပါမည်နည်း။ ရှဲ့ချင်းလန်ကလည်း ရမ္မက်ကျူးတတ်လွန်းရာ ပြောနေစရာမလိုတော့ပေ။ သူ့ကို ထိုအနေအထားသို့ အတင်းတွန်းပို့ခဲ့သည်။ (မြင်းစီးခိုင်းတာပါ။)

မည်သို့ပင်ဆိုစေ လက်ရှိအခြေအနေတွင် သူက ပုံမှန်အသိစိတ်ဖြင့်ပင်။

အဆုံးမှာတော့ သူ၏စိတ်က Gong စင်စစ် ဖြစ်နေသေးသောကြောင့် အခြေအနေအရ သာယာနေစေကာမူ ပုံမှန်အသိစိတ်အောက် စိတ်ဒဏ်ရာအရိပ်မည်းကြီး လိုက်ပါနေဆဲ။ သို့သော် လုပ်ရင်းကိုင်ရင်း အရိပ်မည်းကြီး ပျောက်ကွယ်သွားတော့သည်။

နေ့ခင်းနေ့လည်ကြီး ဟိုဒင်းဟိုဟာ ပြုနေကြပြီး ရှဲ့ချင်းလန်ကလည်း အပြင်မှာ ရှိနေသေးရာ.. တကယ့်ကို အရှက်မဲ့လွန်းလှသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now