141

2.9K 693 71
                                    

Unicode

ဝိဉာဉ်လမ်းပြမြက်ပဲ..!

ဝိဉာဉ်လမ်းပြမြက်က ဘယ်အချိန်တုန်းက ယဲ့ကျန့်ဟန်လက်ထဲ ရောက်သွားတာလဲ..?

ခြူးမုယွင်၏မျက်ဝန်းအိမ်တွင် အံ့အားသင့်မှုများ မဖုံးကွယ်နိုင်အောင် ပေါ်ထွက်လာခဲ့၏။ သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။

ယခုလိုဖြစ်လာချိန်မှာတော့ ဘယ်အရာကိုမှ မှန်းဆမရတော့ပါချေ။

ဓားခုတ်ကောင်သည် ပုစဉ်းရင်ကွဲအား အမဲလိုက်နေချိန် မြေဝါငှက်က သူ့အား ချောင်းမြောင်းနေလိမ့်မည်ဟု မထင်ထားသလိုပါပင်။

(TN : အဲ့စကားပုံကို သိပ်မရင်းနှီးလို့ မှားနေရင်ပြင်ပေးနော်။)

ယဲ့ကျန့်ဟန်သည် ခြူးမုယွင် သေဆုံးပြီးတိုင်း မှတ်ဉာဏ်တကယ်ပျောက်မသွားတာကို အစောကြီးကတည်းက သိထားပုံရ၏။ ထိုမျှမက သူ ထင်ထားတာထက် ပိုသိထားဟန်ပေါ်သည်။

လူတစ်ယောက် အကြီးအကျယ် ထိတ်လန့်သွားလျှင် စိတ်ရှုပ်ထွေးလွယ်သည်။ အမှားအယွင်းများစွာ ပေါ်ထွက်လာတတ်သည်။ နောက်ဆုံးတော့ တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက် ကျရောက်သွားကာ ဘာမှမစဉ်းစားနိုင်တော့ဘဲ ခုတ်ထစ်ခံရရန် အသင့်စောင့်ဆိုင်းနေသည့် အသားတုံးနှယ် ဖြစ်သွားတတ်၏။

သို့သော် ခြူးမုယွင်က သူ့ကိုယ်သူ စိတ်စုစည်းထားလိုက်သည်။

နှစ်ယောက်သား တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေခဲ့လေသည်။

ခြူးမုယွင်၏ အမူအရာက ယဲ့ကျန့်ဟန် တစ်ခါမှမမြင်ဖူးသော ဟန်ပန်မျိုးပင်။ ကြည့်ကောင်းသော မျက်ခုံးတန်းများသည် ရိုကျိုးခြင်း၊ နာခံခြင်း အလျင်းမရှိတော့၊ မသိမသာလေး ကော့တက်နေပုံက ထောင်လွှားဟန်မပေါ်ဘဲ ပြောမပြတတ်အောင် ဆွဲဆောင်မှုရှိစေ၏။ မတုန်မလှုပ် တည်ငြိမ်စွာဖြင့် မျက်ဝန်းနက်နက်များမှ ထုတ်ဖော်လာသမျှသည် ကျိုးကြောင်းဆင်ခြင်တတ်သော အငွေ့အသက်များသာ။

အလွန်ထက်မြက်သော ဉာဏ်စွမ်းဉာဏ်စကြီးသော အမျိုးသားပါပင်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..?Where stories live. Discover now